Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သားသစ် ၃ဦး KNLA တပ်ရင်း(၈)ထံ အလင်းဝင်

အာဏာသိမ်းစစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းထားတဲ့ တပ်သားသစ် ၃ဦး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က နိုဝင်ဘာ ၁၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

KNLA တပ်မဟာ(၃) တပ်ရင်း(၈)ဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီရဲ့ ခမရ(၅၈၁)တပ်ရင်းက တပ်သားသစ် ၃ဦး။ ဓာတ်ပုံ - KNU

နိုဝင်ဘာ ၁၈၊ ၂၀၂၅။ ပုရစ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းထားတဲ့ တပ်သားသစ် ၃ဦး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က နိုဝင်ဘာ ၁၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) မုန်းမြို့နယ်(မူးမြို့နယ်)အခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃) တပ်ရင်း(၈)ဆီကို စစ်ကောင်စီရဲ့ ခမရ(၅၈၁)တပ်ရင်းက တပ်သားသစ် ၃ဦး အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။

တပ်သားသစ်သုံးဦး အလင်းဝင်လာတဲ့ နေ့ရက်ကိုတော့ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေက အသက် ၂၅နှစ်အရွယ် တပ်သားမောင်သန့်ဇင်ထွန်း၊ အသက် ၂၃နှစ်အရွယ် တပ်သားကျော်ဇင်ထွန်းနဲ့ အသက် ၂၄နှစ်အရွယ် တပ်သားပြည့်စုံထွန်းတို့ဖြစ်ပြီး သူတို့ဟာ ဆန္ဒမပါဘဲ စစ်တပ်က အဓမ္မ စစ်မှုထမ်းခိုင်းစေခံခဲ့ရတဲ့ တပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်ကလည်း ခလရ(၇၅)တပ်ရင်းက စစ်ကောင်စီတပ်သား ၇ဦးဟာ KNLA တပ်မဟာ(၃) တပ်ရင်း(၉)ဆီကို အလင်းဝင်ရောက်ခဲ့ပါတယ်။ အဲဒီတပ်သား ၇ဦးအနက် ၅ဦးဟာ စစ်ကောင်စီတပ် အဓမ္မ စစ်သားစုဆောင်းထားတဲ့ ပြည်သူ့ စစ်မှုထမ်း သင်တန်းသားတွေဖြစ်ပြီး ၂ဦးကတော့ ရောင်းစားခံရပြီး ပြည်သူ့စစ်မှုထမ်းဘ၀ ရောက်လာရသူ ဖြစ်တယ်လို့ KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သားတွေအနေနဲ့ KNUနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချ အလင်းဝင်ဖို့လည်း KNUက ထပ်မံ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီရဲ့တပ်မ(၇၇)လက်အောက်ခံအမှတ်(၁၀၇)ခြေမြန်တပ်ရင်း(ခမရ-၁၀၇)က စစ်မှုထမ်းတပ်သားသစ် လေးဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း(Yenanthar Column)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ စစ်အာဏာရှင်ကို စွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်လာရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ အခု ၂၀၂၅ ဇန်နဝါရီကနေ အောက်တိုဘာလကုန်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၂၂၄၆ ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က ဒီကနေ့...

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီ တပ်သားနှစ်ဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့(အောက်တိုဘာ ၂၈ရက်) ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က စစ်ကောင်စီတပ်သားသစ်တဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ထောက်ပို့အဖွဲ့အချို့မှာ ဓာတ်ပုံနဲ့အတူ ဖော်ပြအသိပေးထားပါတယ်။

Facebook