Connect with us

Hi, what are you looking for?

သတင်း

သာစည်ရွာနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၄ ဦး သေဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရွာနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၄ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

နိုဝင်ဘာ-၁၈၊ ၂၀၂၅၊ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သာစည်ရွာနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ ၄ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၁၇ ရက် မနက် ၉နာရီခန့်ကစပြီး မုံရွာထောင်နဲ့ မီတာ ၁၀၀ခန့်လောက်ပဲဝေးတဲ့ စစ်ကောင်စီရဲ့ သာစည်ရွာရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

၁နာရီခန့်ကြာတဲ့ အဲဒီတိုက်ခိုက်မှုမှာ စခန်းတွင်းက ရဲ ၄ ဦး သေဆုံးတယ်လို့ မြို့ပြပြောက်ကျား တပ်ဖွဲ့(Urban Guerrilla)က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ ကျွန်တော်တို့ အလစ်ငိုက်ဝင်တိုက်တာဆိုတော့ ၄ကောင်က မျက်မြင်သေသွားတယ်။ မုံရွာထောင်ဘက်ကနေ စနိုက်ဘာနဲ့ စက်ကလေး ပစ်ကူပေးနေပါတယ်။ လက်နက်မရခဲ့ဘူး။ ထောင်ကပစ်ကူပေးလို့ပြန်ဆုတ်လာခဲ့ရတာ။” လို့ Rocket Fighter(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)ရဲ့တာဝန်ခံ ကိုလပြည့်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ထိခိုက်သေဆုံးမှုကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ရဲဘော်တွေအထိအခိုက်မရှိ ဆုတ်ခွာခဲ့တဲ့ အဲဒီစစ်ဆင်ရေးကို Rocket Fighter(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)နှင့် ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု (csraf) ၊ ညောင်ဦးခရိုင်တပ်ရင်း ၃ ဗိုလ်ကျားကြီးအဖွဲ့ဒီပဲယင်း(P0)၊ ဘုတလင်တပ်ပေါင်းစု၊ မြို့ပြပြောက်ကျားတပ်ဖွဲ့(Urban Guerrilla)၊ နယ်မြေ ခံတပ်ဖွဲ့ စတဲ့အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

မုံရွာမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ဟာ ပေါ်တာဆွဲတာတွေ သောင်းကျန်းနေပြီး လူငယ်အများအပြား နေ့စဥ် ဖမ်းဆီးခံနေရကြောင်း မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မုံရွာမြို့ဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတစ်ခုပါ။ တိုက်ပွဲတွေပတ်လည်ဝိုင်းနေတဲ့မုံရွာမြို့ဟာ စစ်ကောင်စီရဲ့အမျိုးစုံ ဖိနှိပ်မှုတွေကြားမှာ မနည်းရှင်သန်အောင် ရပ်တည်နေရတယ်။ နေ့စဥ်ပေါ်တာဆွဲတာတွေရှိတယ်။ အကြမ်းဖက် ဖမ်းဆီး ငွေညှစ်တာတွေရှိတယ်။ ဓါးပြတိုက် လုယက် ပြန်ပေးဆွဲတာတွေရှိတယ်။အဲဒီလိုအခြေအနေကြားမှာပဲ မုံရွာမြို့က စီးပွားရေးသမား လုပ်ငန်းရှင် ၂၀ ကျော် ငွေအလိမ်ခံလိုက်ရပါတယ်။ ဆုံးရှုံးသွားတဲ့ပမာဏက ကျပ်သိန်းခုနှစ်ထောင်ကျော်ပါတဲ့။

သတင်း

မဲရုံသင်တန်းပေးနေတဲ့ မုံရွာမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီက လုပ်မယ့် စျေးပွဲတော်မှာ ပြည်သူတွေဆီကအဓမ္မသိမ်းယူထားတဲ့ ပစ္စည်းတွေ ရောင်းချမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မြောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပါရာမိုတာနဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ ပြည်သူထိခိုက်မှုရှိကြောင်း ဒေသခံတွေက ပြောပါတယ်။