Connect with us

Hi, what are you looking for?

သတင်း

ဗဟိုရဲ့ရပ်တည်ချက်အတိုင်း စစ်တပ် ရွေးကောက်ပွဲကို ခွင့်မပြု​ကြောင်းKNUတပ်မဟာ(၁) ကြေညာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုရဲ့ ရပ်တည်ချက်နဲ့အညီ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုမည်မဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ KNU ဒူးသထူခရိုင်(သထုံခရိုင်)က ဒီကနေ့ နိုဝင်ဘာ ၁၈ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

KNU/KNLAတပ်ရဲ့ ရဲဘော်တဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - KIC

နိုဝင်ဘာ-၁၈၊ ၂၀၂၅။ ပုရစ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုရဲ့ ရပ်တည်ချက်နဲ့အညီ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုမည်မဟုတ်ဘဲ ဆန့်ကျင်သွားမယ်လို့ KNU ဒူးသထူခရိုင်(သထုံခရိုင်)က ဒီကနေ့ နိုဝင်ဘာ ၁၈ရက်မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

KNUဗဟိုက စစ်အာဏာရှင်သက်ဆိုးရှည်ရေး အတွက် ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း အသိပေးထုတ်ပြန်ထားတဲ့အပေါ် ခရိုင်အသီးသီးကလည်း အခုလိုကြေညာချက် တွေ ထုတ်ပြန်ပြီး သဘောထား ဖော်ပြလျက်ရှိရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၁)နယ်မြေ KNU သထုံခရိုင်ကလည်း ဒီကနေ့မှာ သဘောထား ဖော်ပြလာတာပါ။

အခု စစ်တပ်ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ လူထုအား လိမ်လည်လှည့်ဖြားမယ့် အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် ခွင့်ပြုမှာမဟုတ်ဘူးလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုတွေအနေနဲ့လည်း စစ်အာဏာရှင် သက်ဆိုးရှည်မယ့် အတုအယောင် ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ခြင်းမပြုဘဲ အကြမ်းမဖက် သောနည်းနဲ့ ဆန့်ကျင်ခြင်းဖြင့် မိမိတို့ရဲ့ဆန္ဒမဲအား အလွဲသုံးစားပြုခွင့်မပေးဖို့ KNU သထုံခရိုင်က တိုက်တွန်းထားပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထု နားလည်ရန် ခက်ခဲတဲ့ ရှုပ်ထွေးတဲ့ ရွေးကောက်ပွဲစနစ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်တပ် လိုအပ်တဲ့ အဖြေထုတ်နိုင်တဲ့ အီလက်ထရောနစ် မဲပေးတဲ့ မဲပေးခြင်း လုပ်ငန်းစဉ်ဟာ တိကျမှန်ကန်မယ့် ရလဒ်မဟုတ်ဘူးလို့ ဆိုပါတယ်။

မဲဆန္ဒရှင်ပြည်သူလူထုရဲ့ ဆန္ဒသဘော ထားကိုအလွဲသုံးစားပြုတာဖြစ်လို့ စစ်တပ်အလိုကျ လုပ်တဲ့ အတုအယောင်ရွေး ကောက်ပွဲသာ ဖြစ်ကြောင်း ပေါ်လွင်နေတယ်လို့လည်း KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။

KNU ခရိုင်အသီးသီးဟာ စစ်တပ်ရွေးကောက်ပွဲကို လက်မခံကြောင်း သဘောထား ထုတ်ပြန်ထားသလို စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆွေးနွေးပွဲတွေ ကျင်းပပြီး ပြည်သူလူထု အသိပညာပေလျက်ရှိပါတယ်။

KNU ဒူးပလာယာခရိုင်က ကျင်းပတဲ့ အစိုးရတု၊ ရွေးကောက်ပွဲတုနဲ့ နိုင်ငံရေးလှည့်စားမှု ထောင်ချောက် စကားဝိုင်းဆွေးနွေးပွဲကို KNU ဗဟိုက နိုဝင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကတဆင့် စစ်အုပ်စု အသွင်ပြောင်း အစိုးရ ပုံစံဖြစ်ပေါ်လာရင် ပြည်သူလူထုကို လတ်တလော သတ်ဖြတ်နေတာတွေထက် ပိုမိုတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခွင့်ပေးသလို ဖြစ်စေမယ်လို့ ပါဝင်ဆွေးနွေးသူတွေက ပြောကြားပါတယ်။

စစ်အုပ်စုဟာ ပြည်သူလူထုအပေါ် လုပ်ဆောင်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ သိသာထင်ရှားနေတာကို ရွေးကောက်ပွဲ ကျင်းပပြီး ဖုံးကွယ်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ KNU ဒူးပလာယာခရိုင်ဝင်းရေးမြို့နယ် တွဲဖက်အတွင်းရေးမှူး ပဒိုစောဆော့လော်အဲ့က ဆွေးနွေးပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းစစ်ကောင်စီ ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို စနစ်တကျပိတ်ဆို့ တားဆီးဖို့ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောကြားခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ ပိုမိုညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောခြင်းနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၃) မှာ ပြုလုပ်ခဲ့ပါတယ်။