သတင်း မြိုင်တောင်ပိုင်း သရက်ကန်ရွာက ပြည်သူ့စစ်တွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ သရက်ကန်ကျေးရွာက ပြည်သူ့စစ်တွေကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ TYKပြောက်ကြားတပ်ဖွဲ့- မြိုင် - ပကဖ တပ်ရင်း ၁ - တပ်ခွဲ ၁က ထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 25, 2025
သတင်း စစ်ကောင်စီရဲ့ လေကြောင်းရန်သတိထားဖို့ ဗန်းမောက်တိုက်ပွဲဆင်နွှဲခဲ့တဲ့ ကသာခရိုင်တပ်ရင်း(၄) သတိပေး အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို သတိပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကသာခရိုင် တပ်ရင်း(၄)က ဒီကနေ့ စက်တင်ဘာ ၂၄ရက်ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 25, 2025
သတင်း မုံရွာ နမခနားက စစ်သားဟောင်းဖွင့်ထားတဲ့ သံတိုသံစဆိုင် ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာ စစ်သားဟောင်း ဖွင့်ထားတဲ့ သံတိုသံစဆိုင်မှာ သံတိုသံစထုခွဲရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 25, 2025
သတင်း ဇီးကုန်းမြို့ရဲစခန်းသိမ်းတိုက်ပွဲကဖမ်းမိတဲ့ ရဲတပ်သားရဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး မီးဖွား၊ ကလေးရောမိခင်ပါ ကျန်းမာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်း တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းမိခဲ့တဲ့ ရဲတပ်သားရဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကောင်းမွန်စွာမွေးဖွားပေးနိုင်ခဲ့ပြီလို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲက ပြောပါတယ်။ ludunwayooစက်တင်ဘာ 25, 2025
သတင်း ဧရာဝတီမြစ်ကမ်းပါးပြိုလို့ ပခုက္ကူ ရွာနှစ်ရွာက အဆောက်အအုံ ၃၀ ကျော် အရေးပေါ်ရွှေ့ပြောင်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ရွာနှစ်ရွာမှာ ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့်စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေအပါအဝင်နေအိမ် ၃၀ ကျော်အရေးပေါ်ဖျက်ပြီး ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 25, 2025
သတင်း မန္တလေးမှာ မီးပျက်တာများလို့ ရွေ့လျားမီးပွိုင့် အသုံးပြု၊ လမ်းလယ်ချထားတဲ့ မီးပွိုင့်ကြီး ခိုးယူခံရမယ်လို့ မြို့ခံတွေလှောင်ပြောင် မန္တလေးမြို့မှာ မီးပျက်လွန်းတာကြောင့် အဓိက မီးပွိုင့်တွေပါပျက်လို့ ရွေ့လျားမီးပွိုင့်အသုံးပြု နေရပြီး လမ်းမအလယ်ချထားတဲ့ မီးပွိုင့်စက်ကြီးအခိုးခံရမှာလို့ မြို့ခံတွေက လှောင်ပြောင်နေကြပါတယ်။ ludunwayooစက်တင်ဘာ 25, 2025
သတင်း မုံရွာ-မန္တလေးလမ်း မြင်းမူနယ်ထဲစစ်တပ်က လုံခြုံရေးတင်းကြပ်နေ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ် မြင်းမူမြို့နယ်အပိုင်းထဲမှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားလို့ လမ်းပိုင်းကို ခေတ္တအသုံးမပြုကြဖို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။ ludunwayooစက်တင်ဘာ 25, 2025
သတင်း လန်ဆယ်တိုက်ပွဲ စစ်တပ်နဲ့ ပြည်သူ့စစ်အလောင်းတွေတွေ့ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသ လာဟီဆယ်တောင်ကြောတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေရဲ့ သေဆုံးတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooစက်တင်ဘာ 25, 2025
သတင်း ရန်ကုန်မှာ လူငယ်တစ်ဦး ဝိုင်ဖိုင်ကြိုးဆင်စဉ် ဓာတ်လိုက်သေဆုံး ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်မှာ ဝိုင်ဖိုင်ကြိုးတပ်ဆင်တဲ့ ဆယ်ကျော်သက်အရွယ်လူငယ်တဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။ ludunwayooစက်တင်ဘာ 25, 2025
သတင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သမင်ခြံက ဒေသခံတွေ ရှောင်တိမ်းနေရ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံ ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့တာမို့ ပြည်သူတွေ သေဆုံးခဲ့ပြီး ဒေသခံတွေဟာ ကျေးရွာအတွင်း မအိပ်ရဲဘဲ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။ ludunwayooစက်တင်ဘာ 25, 2025