Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့ရဲစခန်းသိမ်းတိုက်ပွဲကဖမ်းမိတဲ့ ရဲတပ်သားရဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး မီးဖွား၊ ကလေးရောမိခင်ပါ ကျန်းမာ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်း တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းမိခဲ့တဲ့ ရဲတပ်သားရဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကောင်းမွန်စွာမွေးဖွားပေးနိုင်ခဲ့ပြီလို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲက ပြောပါတယ်။

မွေးကင်းစကလေးငယ်အား ပွေ့ချီနေသော ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲ။ ဓာတ်ပုံ − Phyo Wai Paing

စက်တင်ဘာ-၂၄ ၊၂၀၂၅။ရဲ​ခေါင်၊လူ​အေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်း တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းမိခဲ့တဲ့ ရဲတပ်သားရဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကောင်းမွန်စွာမွေးဖွားပေးနိုင်ခဲ့ပြီလို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲက ပြောပါတယ်။

“ဇီးကုန်းတိုက်ပွဲမှဖမ်းမိခဲ့သည့်ရဲတပ်သား၏ ကိုယ်ဝန်ဆောင်အမျိုးသမီးအား ယနေ့ညနေ 6.17မိနစ်တွင်ချောချောမွေ့မွေ့ မွေးဖွားပေးနိုင်ခဲ့ပါသည်”လို့ ဗိုလ်ပိုင်ချဲက သူရဲ့လူမှုကွန်ယက်က တဆင့် အသိပေးပါတယ်။

အဲဒီ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာသားယောင်္ကျားလေးမွေးဖွားခဲ့ပြီး ကလေးရော၊ မိခင်ပါ ကျန်းကျန်းမာမာရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“နာမည်ပေးဖို့ ရဲဘော်တွေကပါ ဝိုင်းစဉ်းစားပေးနေကြတယ်”လို့ကန့်ဘလူ မြို့နယ်ပကဖက ရဲဘော်တဦးကပြောပါတယ်။

ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင်ပကဖက ဦးဆောင်ပြီး ရေဦးဓူဝံပကဖနဲ့ နယ်မြေခံပကဖတွေ ပူး ပေါင်းပြီးတော့ စက်တင်ဘာလ ၁၇ ရက် ညနေမှာ စီးနင်းတိုက်ခိုက်ခဲ့ကြတာပါ။

အဲ့ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီအရာရှိအပါအဝင် ၆ဦးသေဆုံးပြီး ၁၁ဦး ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတိုက်ခိုက်နေစဉ်ကလည်း ကိုယ်ဝန်သည်အမျိုးသမီးအတွက် ဗိုက်ဖုံးအင်္ကျီကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကိုယ်တိုင် ရှာဖွေယူပေးခဲ့ကြတာပါ။

ဖမ်းမိခဲ့တဲ့စစ်ကောင်စီတပ်မိသားစုဝင်ကိုယ်ဝန်သည်အပါအဝင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်ရပ်ကိုကြည့်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ၊ စစ်မှုထမ်းဥပဒေသင်တန်းဆင်းလာသူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကို အလင်းဝင်ကြဖို့ စစ်ကိုင်းတိုင်းကပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကတိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့မှာ အရက်မူးစကားများရန်ဖြစ်ရာကနေ ရဲတပ်သားအချင်းချင်း သေနတ်နဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ရာ ရဲတပ်သားဇနီးနဲ့ ရဲသုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မီးဖွားဖို့အကူအညီလိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တဦးကို စလင်း(ပကဖ) ဆေးတပ်သားတွေက ကလေးမီးဖွားပေးလိုက်ပါတယ်။

သတင်း

ကန့်ဘလူမြို့နယ် ၊ဇီးကုန်းမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်စဉ် ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်မိသားစုဝင်ကိုယ်ဝန်သည်အပါအဝင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ကန့်ဘလူ ပအဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ကန့်ဘလူခရိုင်ပကဖမှ ဦးဆောင်ပြီး ဇီးကုန်းမြို့ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း​တွေထဲက ကိုယ်ဝန်​ဆောင်မိခင်တဦးအ​ပေါ် ပကဖ ရဲ​ဘော်​တွေရဲ့ ​ပြောဆို၊ပြုမူဆက်ဆံပုံအ​ပေါ် ပြည်သူ​တွေချီးကျူး​နေကြပါတယ် ။