Connect with us

Hi, what are you looking for?

သတင်း

မုံရွာ နမခနားက စစ်သားဟောင်းဖွင့်ထားတဲ့ သံတိုသံစဆိုင် ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာ စစ်သားဟောင်း ဖွင့်ထားတဲ့ သံတိုသံစဆိုင်မှာ သံတိုသံစထုခွဲရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

စက်တင်ဘာ-၂၄၊ ၂၀၂၅။ ဇေအောင်/People’s Spring

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာ စစ်သားဟောင်း ဖွင့်ထားတဲ့ သံတိုသံစဆိုင်မှာ သံတိုသံစထုခွဲရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

မနေ့က စက်တင်ဘာ ၂၃ ရက် နေ့လယ် ၁ နာရီခွဲခန့်က မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီး အလုံရပ်ကွက်မှာ ဖွင့်ထားတဲ့ သံတိုသံစဆိုင်မှာ သံတိုသံစတွေကိုထုခွဲရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ကိုထွန်းဇော်လင်းဆိုသူ သေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် ဆိုင်ပိုင်ရှင် အပါအဝင် အလုပ်သမား ၂ ဦးပါ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးပါတယ်။

“ ပေါက်ကွဲမှုဖြစ်တဲ့နေ့က ကိုထွန်းဇော်လင်း ဆိုသူဟာ သံတိုသံစ တွေကို ထုခွဲရင်း မိုင်းမှန်းမသိဘဲ ထုခွဲလိုက်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်” လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ နမခနား၊ အလုံသုံးထောင့်ချွန်းနားက သံတိုသံစဆိုင် ပေါက်ကွဲမှု ဖြစ်တာ။ အလုံသုံးထောင့်ချွန်းက စစ်ဆေးရေး ဂိတ်လည်းရှိတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ ကောင်းကောင်း သံတိုသံစ ဆိုင်ပိုင်ရှင်ဟာ စစ်သားဟောင်း တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက ၎င်းတို့သိမ်းဆည်းလာတဲ့ မိုင်းလုံးတွေကို အရက်ဖိုးရဖို့ သံတိုသံစအဖြစ် ပြန်လည်ရောင်းချလာတဲ့အခါ ဝယ်ယူမိတယ်လို့ သိရှိရကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မုံရွာ-မန္တလေးလမ်းပေါ် သွားလာနေတဲ့ ခရီးသည်တင်ကားတွေကို တားဆီးပြီး ပြည်သူတွေကို မိုင်းရှင်းခိုင်းခြင်း၊ ခရီးသည်ကားတွေပေါ် မိုင်းများတင်ပေးပြီး မုံရွာအဝင်က ဂိတ်တွေမှာ ချထားခိုင်းတာတွေ ပြုလုပ်လေ့ရှိကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

သီလရှင်တစ်ပါးအပါအဝင် ၂ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း အဆောက်အအုံတွေနဲ့ လူနေအိမ် ၁၀ လုံးထက်မနည်း ပျက်စီး

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်တပ် စစ်ကြောင်းက လျှပ်စစ်မီးကြိုးတွေဖြုတ်သွားလို့ ကျေးရွာအချို့ မီးပြတ်တောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ဒီကနေ့ မေလ ၉ရက် ညနေပိုင်းမှာ လူငယ် ၂၀ကျော် ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။