Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်း မြင်းမူနယ်ထဲစစ်တပ်က လုံခြုံရေးတင်းကြပ်နေ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ် မြင်းမူမြို့နယ်အပိုင်းထဲမှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားလို့ လမ်းပိုင်းကို ခေတ္တအသုံးမပြုကြဖို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။

မုံရွာ-မန္တလေးလမ်းပေါ် စောင့်ဆိုင်းနေကြသော ယာဥ်များအား ပြီးခဲ့သည့်နှစ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-CJ

စက်တင်ဘာ-၂၄၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ် မြင်းမူမြို့နယ်အပိုင်းထဲမှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားလို့ လမ်းပိုင်းကို ခေတ္တအသုံးမပြုကြဖို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ ဒီကနေ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက မြင်းမူမြို့နယ်ထဲက အလ္လကပ္ပ-တောချောင်းဦး-ကံရင်း-မလဲသာ လမ်းပိုင်းတလျှောက် စစ်ကောင်စီတပ်က ကင်းပုန်းဝပ် ဖမ်းဆီးတာ ၊ ပေါ်တာဆွဲတာ၊ လက်နက်ကြီး လက်နက််ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ အသုံးပြုသွားလာတာတွေ မလုပ်ဖို့နဲ့ မဖြစ်မနေသွားရမယ်ဆိုရင် နီးစပ်ရာ ဒေသကာကွယ်ရေးအဖွဲ့များထံ အသိပေးအကြောင်းကြားပြီးမှ သွားလာကြဖို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးကထပ်မံအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့ကတည်းက မုံရွာ-မန္တလေး မြင်းမူလမ်းပိုင်း တောက်လျှောက်လုံခြုံရေးတင်းကြပ်ထားတာတွေ့ရတယ်။ ကင်းပုန်းတွေလည်း နေရာအနှံ့ချထားတယ်။ ဘာလမ်းကြောင်းရှိလို့လည်းမသိဘူး။”လို့ ဒေသခံတဦးကပြောပါတယ်။

သွားလာမိတဲ့ ခရီးသွားကားတွေပေါ်က ပြည်သူတွေကိုလည်း လမ်းပေါ်ဆင်းခိုင်းပြီး မိုင်းရှာခိုင်းတာတွေရှိနေတယ်လို့ ခရီးသွားခဲ့သူတွေကပြောပါတယ်။

မုံရွာ-မန္တလေးလမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ စစ်ကောင်စီဂိတ်နဲ့ စစ်အုပ်စုယာဥ်တချို့တိုက်ခိုက်ခံခဲ့ရလို့ လမ်းပိုင်းရက်အနည်းငယ် ပိတ်ထားခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။