Connect with us

Hi, what are you looking for?

သတင်း

လန်ဆယ်တိုက်ပွဲ စစ်တပ်နဲ့ ပြည်သူ့စစ်အလောင်းတွေတွေ့

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသ လာဟီဆယ်တောင်ကြောတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေရဲ့ သေဆုံးတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ−၂၄၊၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသ လာဟီဆယ်တောင်ကြောတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေရဲ့ သေဆုံးတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပးပေါင်းတပ်သိမ်းထားတဲ့ လန်ဆယ်ဒေသကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်က စက်တင်ဘာ ၁၉ရက်မှာ ထိုးစစ်ဆင်ခဲ့ပြီး စက်တင်ဘာ ၂၃ရက်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ ထိုးစစ်အစမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ဝင်ရောက်နေရာယူထားတဲ့ ကာကင်းစခန်းအချို့ကိုလည်း KIAက စက်တင်ဘာ ၂၃ရက် လာဟီဆယ်တိုက်ပွဲမှာ ပြန်လည်သိမ်းပိုက်ရရှိခဲ့တာပါ။

“သေတာတော်တော်များတယ်။ တခြားတနေရာမှာလည်း အစုလိုက်သေနေတာ။ ပြည်သူ့စစ်နဲ့ စခသေတာ တော်တော်များတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြီး သေဆုံးရုပ်အလောင်းတွေကို ပြသ ပါတယ်။

Public Service Announcement

Public Service Announcement

၅ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ ပြန်လည်ဆုတ်ခွာသွားလို့ ဒီကနေ့ စက်တင်ဘာ ၂၄ရက်မှာ လန်ဆယ်ဒေသဘက် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘူးလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ဘက်က တပ်ဖွဲ့ဝင်အချို့ကို ဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဖမ်းမိစစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အရ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို မူးယစ်ဆေးဝါး သုံးစွဲစေပြီး စစ်တိုက်ခိုင်းတယ်လို့ ဆိုပါတယ်။

KIA ရဲ့ ၂၀၂၄ မတ်လ ၇ရက် စတင်တဲ့ ထိုးစစ်အတွင်း စစ်ကောင်စီတပ်စခန်းရာချီနဲ့ မြို့တွေ၊ မြို့နယ်တွေ သိမ်းပိုက်နိုင်ခဲ့တာကို စစ်ကောင်စီက ပြည်သူ့စစ်အင်အားတွေအသုံးပြုပြီး ပြန်ရဖို့ ကြိုးပမ်းနေပေမယ့် အောင်မြင်မှုမရှိဘဲ ၀ိုင်းမော်၊ လန်ဆယ်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ဖားကန့်ဒေသမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။

လန်ဆယ်တိုက်ပွဲအတွင်းမှာ သေဆုံးနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ရုပ်အလောင်းတွေ ဓာတ်ပုံတွေကို လူထုနွေဦးရဲ့ တယ်လီဂရန်ချန်နယ် @PeopleSpring မှာ သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook