Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ လေကြောင်းရန်သတိထားဖို့ ဗန်းမောက်တိုက်ပွဲဆင်နွှဲခဲ့တဲ့ ကသာခရိုင်တပ်ရင်း(၄) သတိပေး

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို သတိပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကသာခရိုင် တပ်ရင်း(၄)က ဒီကနေ့ စက်တင်ဘာ ၂၄ရက်ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − အမှတ်-၁ စစ်ဒေသ

စက်တင်ဘာ−၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို သတိပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကသာခရိုင် တပ်ရင်း(၄)က ဒီကနေ့ စက်တင်ဘာ ၂၄ရက်ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကသာခရိုင် တပ်ရင်း(၄) အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်တွေက စစ်ကိုင်းတိုင်း ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲအောင်မြင်ခဲ့တာဖြစ်ပြီးလတ်တလော စစ်ရေး အခြေအနေကြောင့် အခုလို သတိပေးခဲ့တာဖြစ်ပါတယ်။

“ရန်သူ့တပ်မှ အရပ်သားလေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လာသဖြင့် အထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါသည်”လို့ ကသာခရိုင် တပ်ရင်း(၄)က ထုတ်ပြန်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ပုံစံ၊ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ သက်ရောက်မှု ၊ ကြိုတင်ပြင်ဆင်ဖို့ အချက်၊ ရပ်ရွာလူထု အတွက် ခိုလှုံဖို့ ကြိုတင်စီစဉ်တာ၊ရပ်ရွာအတွင်း ကြိုတင်လေ့ကျင့်မှုတွေ ပြုလုပ်တာ တွေအပါအဝင် လေကြောင်းရန် ဆောင်ရန်၊ ရှောင်ရန် အချက်တွေဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးကို စက်တင်ဘာ ၁၅ရက်က စတင်ခဲ့တာ ဖြစ်ပြီး ၆ရက်အကြာမှာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြို့ကို တော်လှန်ရေးဘက်က သိမ်းပိုက်အပြီးစက်တင်ဘာ ၂၁ရက်မှာ တိုက်ပွဲအချို့ ဖြစ်ခဲ့တာရှိပေမယ့် အခုရက်ပိုင်းမှာ တိုက်ပွဲသတင်းတွေ မကြားရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်တွေ မြို့ကနေ ထွက်ပြေးသွားတာဖြစ်ပြီး မြို့နယ်အနောက်ခြမ်းဒေသတွေမှာတော့ SNAတပ်တွေ ဆက်ရှိနေတယ်လို့ သတင်းရင်းမြစ်အချို့က ပြောထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ဝါဒဖြန့်သူအချို့နဲ့ SNA ဘက်တော်သားတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ဗန်းမောက်မြို့သိမ်းတိုက်ပွဲ အောင်မြင်ခဲ့တဲ့နောက်ပိုင်းမှာ မြို့ကို စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေလုပ်ဆောင်တာ အပါအဝင် တိုက်ပွဲတွေကြောင့် မြို့ပျက်စီးမှု ဖြစ်ပေါ်စေသလို လူမျိုးရေးအမုန်းတရားတွေဖြစ်ပေါ်လာစေမယ်လို့ လူမှုကွန်ရက်မှာရေးသားဖော်ပြတာတွေ လုပ်ဆောင်နေကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပြီး နွေဦးတော်လှန်ရေးဟာ လူမျိုးရေး စစ်ပွဲမဟုတ်၊ အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒီလို ဝါဒဖြန့်တဲ့စစ်ကောင်စီနဲ့ ဘက်တော်သားတွေရဲ့ လုပ်ရပ်ဟာ ပြည်သူကို အထင်သေးတာဖြစ်တယ်လို့ ဗန်းမောက်ပအဖ တာဝန်ရှိသူက ပြောပါတယ်။

“သူတို့ လူမျိုးရေး မှိုင်းတိုက်ရင် ရနိုင်တယ်ဆိုပြီး ပြည်သူကို အထင်သေးတာ ဖြစ်နိုင်တယ်။ တကယ်တော့ ပြည်သူက သူတို့ ထင်သလို မညံ့ပါဘူး။ လူမျိုးရေးထက် အာဏာရှင် တော်လှန်ရေးကိုပဲ ပြည်သူက လိုလားတာပါ”လို့ ဗန်းမောက်မြို့နယ် ပအဖ တာဝန်ရှိသူက ပြောပါတယ်။

ဗန်းမောက်မြို့သိမ်း စစ်ဆင်ရေးမှာ SNAဘက်က အရာရှိအပါအဝင် သေဆုံးထိခိုက်ရှိခဲ့သလို လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ပါတယ်။ဒါ့အပြင် တော်လှန်ရေးရဲဘော်အချို့ ကျဆုံးခဲ့ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။