Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ လူငယ်တစ်ဦး ဝိုင်ဖိုင်ကြိုးဆင်စဉ် ဓာတ်လိုက်သေဆုံး

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်မှာ ဝိုင်ဖိုင်ကြိုးတပ်ဆင်‌တဲ့ ဆယ်ကျော်သက်အရွယ်လူငယ်တဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

သေဆုံးတဲ့လူငယ် ဝိုင်ဖိုင်ကြိုးတပ်ဆင်တဲ့နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ − Ko Lwin Mg/Fb

စက်တင်ဘာ-၂၄၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်မှာ ဝိုင်ဖိုင်ကြိုးတပ်ဆင်‌တဲ့ ဆယ်ကျော်သက်အရွယ်လူငယ်တဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

“Wifiကြိုးများတပ်ဆင်နေချိန် ဓာတ်လိုက်နေကြောင်း ကျနော့်ထံဆက်သွယ်လာသောကြောင့် အရေးပေါ်လူနာတင်ယာဥ်ဖြင့်..ရောက်ရှိခဲ့သော်လဲ ဓာတ်လိုက်လူနာမှာ သေဆုံးသွားပါတယ်” လို့ ပရဟိတအဖွဲ့ တာဝန်ရှိသူက ဖြစ်စဉ်အကြောင်းအရာနဲ့ အတူ ရေးသားထားပါတယ်။

ဒီဖြစ်စဉ်က စက်တင်ဘာ ၂၃ ရက် နံနက် ၉နာရီခန့်မှာဖြစ်ခဲ့တာဖြစ်ပြီး သေဆုံးသူကို လူမှုကူညီ‌ရေးအသင်း (ရန်ကုန်)က မြောက်ဥက္ကလာပဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူက (၁၈)နှစ်လို့ လူမှူကူညီရေးအဖွဲ့က ထုတ်ပြန်ထားသော်လည်း သေဆုံးသူနဲ့ ရင်းနှီးသူတဦးကတော့ သေဆုံးသူက (၁၆)နှစ်လောက်ပဲရှိသေးတယ်လို့ မှတ်ချက်ရေးသားထားပါတယ်။

သေဆုံးသူဟာ ဓာတ်တိုင်ကို လှေခါးထောင်ပြီး ဝိုင်ဖိုင် ကြိုးတပ်ဆင်စဉ် လျှပ်စစ်မီးပြန်လာချိန်နဲ့တိုးတာကြောင့် ဓာတ်လိုက်သေဆုံးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ရန်ကုန်မြို့မှာ ဝိုင်ဖိုင်ကြိုးတွေကို ဓာတ်တိုင်တွေမှာပဲ သွယ်တန်းတပ်ဆင်တာကြောင့် ဒီလိုဖြစ်စဉ်တွေ ကြုံရတာဖြစ်ပြီး တယ်လီကွန်းကုမ္ပဏီတွေ အနေနဲ့လည်း ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင် လုံခြုံရေးအတွက် သီးသန့်လုပ်ဆောင်ပေးတာတွေ မရှိဘူးလို့ ပြည်သူတွေက ထောက်ပြဝေဖန်ထားကြပါတယ်။

ဒီအလုပ်လုပ်သူတွေအနေနဲ့ မိုးတွင်းကာလမှာ သတိထားလုပ်ဆောင်ဖို့လည်း ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက အကြံပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

Facebook