Connect with us

Hi, what are you looking for?

သတင်း

အာကာသထဲ လွှတ်တင်ပြီး နောက်တစ်ကြိမ် ပြန်လည် အသုံးပြုနိုင်မယ့် ဒုံးပျံတစ်စီး ဆင်းသက်လာမှုကို တရုတ်က ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ဖမ်းယူပြနိုင်ခဲ့ပါတယ်။

သတင်း

တရုတ်ဘက်က​ရေကာတာဖွင့်ချနိုင်လို့ ​ရွှေလီမြစ်ကမ်းတ​လျှောက်​ရေကြီးနိုင်တယ်လို့အရပ်ဘက်အဖွဲ့​အစည်းတွေသတိ​ပေး

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတွင် ပြည်ပရောက်မြန်မာများက အာဏာရှင်ဆန့်ကျင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို ယနေ့ (ဧပြီ ၂၇) အသီးသီး ပြုလုပ်ခဲ့ကြသည်။

သတင်း

မန္တလေး ၊စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြား၌ယနေ့(ဧပြီလ၂၇ရက်)ညနေပိုင်းတွင် မိုးသက်လေပြင်းကျခဲ့ပြီးမြို့နယ်အချို့တွင် မိုးသီးများကြွေကျခဲ့သည်။

သတင်း

မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ် မှာငလျင်ကြောင့်ပြိုကျခဲ့တဲ့ Golden City ဟိုတယ်အဆောက်အဦးကို ရှင်းလင်းရေးလုပ်ဆောင်ချိန်မှာ ရုပ်အလောင်း ၄ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။

သတင်း

ထားဝယ်မြို့နယ် ၊မောင်မယ်ရှောင်ရွာအနီးစစ်ကောင်စီစခန်းသိမ်းပိုက်မှု စစ်သုံ့ပန်း ၁၅ဦးဖမ်းမိပြီးလက်နက်မျိုးစုံ၁၈လက် သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်သည်။

သတင်း

ဧပြီ-၂၇၊၂၀၂၅။ဇော်ရမ်း/People’s Spring ပဲခူးတိုင်း၊မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့ နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲပြင်းထန်​နေပြီး စစ်​ကောင်စီတပ်က အထိနာပြီး​နောက်လေကြောင်းမှအပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်။ “စစ်ကြောင်းဝင်လာလို့ တိုက်ပွဲဖြစ်တာ။တော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။လေကြောင်းက‌ တောက်လျောက်ကြဲနေတယ်”ဟုမင်းလှမြို့ခန်းတဦးကပြောသည်။ စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့်ရော၊ ရဟတ်ယာဥ်ဖြင့်ပါဗုံးကြဲနေပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရသည်။ မင်းလှမြို့နယ်တွင် ဧပြီ၂၃ရက်နေ့ကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရသူများပြားခဲ့သည်။ထို့နောက်ပိုင်းမှစ၍ စစ်ကောင်စီစစ်ကြောင်းများထပ်မံဝင်ရောက်လာပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်ကလေကြောင်းမှဗုံးကြဲခြင်း၊ပစ်ခတ်ခြင်း နှင့် လက်နက်ကြီး ပစ်ခတ်ခြင်း၊ဒရုန်းဖြင့် ဗုံးကြဲခြင်းများကြောင့်...

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၅၈၈) တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို တော်လှန်​ရေးတပ်များ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး၊ ဒေါနစစ်ကြောင်းမှူးလည်းဖြစ်သူ စောဒါးကိုက လူထုနွေဦးသို့ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ တိုက်ခိုက်၍ KNUနယ်မြေ၌ ပြည်သူ ၂၀ဦး သေဆုံး၊အများအပြား ဒဏ်ရာရ

Facebook