Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးတွင်စစ်ရှောင်များရှိရာဘုန်းကြီးကျောင်းအား စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်၍ ကလေးငယ် ၄ဦးအပါအဝင် ၆ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် စစ်ဘေးရှောင်များရှိရာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၄ဦး အပါအဝင် ပြည်သူ ၆ဦး သေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ဇူလိုင်-၂၇၊၂၀၂၅။ ထားမြတ်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် စစ်ဘေးရှောင်များရှိရာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၄ဦး အပါအဝင် ပြည်သူ ၆ဦး သေဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၆ ရက် နံနက် ၁၀နာရီ ၄၅ မိနစ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမျက်ရှုကျေးရွာအနီးရှိ စစ်ဘေးရှောင်များရှိရာ ကျောင်းကြီးကုန်းဘုရားကို ဒရုန်းဗုံးဖြင့် (၃)ကြိမ်ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ဒရုန်းဖြင့် တိုက်ခိုက်မှုကို မျက်ရှုကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် အင်အား ၁၅၀ခန့်ရှိပြီး တံတားဦးမြို့နယ်၊ သက္ကယ်ကျင်းလေကြောင်းရန်ကာကွယ်ရေးတပ်မှ နွားထိုးကြီးမြို့နယ်ကို စစ်ကြောင်းထိုးလာကာ မျက်ရှုကျေးရွာ၌ တပ်စွဲနေခြင်းဖြစ်သည်ဟု ဆို သည်။

သေဆုံးသူများတွင် အသက်မပြည့်သေးသည့် ကလေးငယ် ယောကျ်ားလေး(၂)ဦး၊ မိန်းကလေး(၂)ဦးအပါအဝင်အသက်(၄၀)အရွယ်အမျိုး သမီးတစ်ဦးနှင့် အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း(၆)ဦး သေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့ပြင် သာသနိကအဆောက်အဦး ထိခိုက်ပျက်စီးခဲ့ရသည်ဟုလည်း ဆိုသည်။ ကျေးရွာသုံးရွာမှ ဒေသခံ တစ်ထောင်ကျော်လည်း ဘေးလွတ်ရာ စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရဟု ဖော်ပြထားသည်။

” လက်ရှိအချိန်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ ဝါတွင်းကာလအချိန်ဖြစ်ပေမယ့် အကြမ်းဖက်စစ်အုပ်စုဟာအပြစ်မဲ့ပြည်သူတွေရှိတဲ့နေရာတွေနဲ့အတူ ဘာသာရေးအဆောက်အအုံတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ ဒီကာလအတွင်းမှာပဲ ဆိုးရွားစွာကျူးလွန်တိုက်ခိုက်နေတာပဲဖြစ်ပါတယ် “ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်မာစွာ လက်ကိုင်ဆွဲထားပြီး စစ်အုပ်စု၏ ကျူး လွန်မှုများ အပြစ်ပေး အရေးယူနိုင်ရေးအစွမ်းကုန် ကြိုးပမ်းသွားမည်ဟုလည်း ထုတ်ပြန်သည်။

စစ်ကောင်စီသည်နိုင်ငံတဝန်းအရပ်သားနေထိုင်ရာနေရာများကိုလေ ကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက် လုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။