Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ငလျင် ၄ လပြည့်ချိန် နောက်ဆက်တွဲငလျင်လှုပ်

မန္တလေးမြို့မှာ စစ်ကိုင်းငလျင်ကြီး ၄ လပြည့်ချိန် အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး​နောက် ဧပြီလဆန်းမှာ မန္တ​လေးမြို့အတွင်း ဆွမ်းခံကြွ​နေ​သော သံဃာတစ်ပါး။ဓါတ်ပုံ-AFP

ဇူလိုင်-၂၈၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့မှာ စစ်ကိုင်းငလျင်ကြီး ၄ လပြည့်ချိန် အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက် မနက်အ​​စော ၁၂ နာရီ ၁ မိနစ်ခန့်က မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၇ အဆင့်နဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က ထုတ်ပြန်ပါတယ်။

ငလျင်ဟာ ညဘက်အိပ်မောကျနေချိန် လှုပ်ခတ်ခဲ့တာကြောင့် သိသာခဲ့ပြီး ထိတ်လန့်ခဲ့ကြတယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အိမ်ထဲကနေပြေးထွက်ရတာပဲ။ကြမ်းတယ်အသံကြီးနဲ့။”လို့ မန္တလေးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

မန္တလေးမြို့တင်မကဘဲ စစ်ကိုင်း၊ ပြင်ဦးလွင်၊ အမရပူရ၊ ကျောက်ဆည် အစရှိတဲ့ ဒေသတွေကပါငလျင်လှုပ်တာကိုခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမှာ ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ၄ လပြည့်ပြီဖြစ်ပေမဲ့ အပျက်အစီးတွေ ရှင်းနေတုန်းဖြစ်ပြီး ပြန်လည်ထူထောင်ရေးတွေ မစတင်နိုင်ကြသေးဘူးလို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ဖျက်အားပြင်းငလျင်ကြီးရဲ့ ‌နောက်ဆက်တွဲငလျင်တွေ ဆက်လှုပ်နိုင်တယ်လို့ဘူမိဗေဒပညာရှင်တွေက ပြောပါတယ်။မတ်လ ၂၈ရက်ကစစ်ကိုင်းမြို့အနီးကိုဗဟိုပြု လှုပ်ရှားခဲ့တဲ့ ရစ်ခ်တာစကေး ၇

ဒဿမ၇ အဆင့် ဖျက်အားပြင်းငလျင်ကြီးကြောင့် ရစ်ခ်တာစကေး ၃ က​နေ ၅ဝန်းကျင် နောက်ဆက်တွဲငလျင်တွေ နောက် ၂နှစ်ခန့်ကြာအထိ လှုပ်ရှားနေမှာဖြစ်ကြောင်း ဘူမိဗေဒပညာရှင်တွေက ပြောပါတယ်။

ငလျင်ပညာရှင်ဒေါက်တာမျိုးသန့်က”နောက်ဆက်တွဲတွေက လှုပ်နေမှာပါပဲ။ စဉ့်ကူး မြောက်ဘက်ကနေ ဖြူးနားလောက်အထိကပြင်းအား ၅ ကျော်ကျော်လောက်ကနေ အောက်ပေါ့။နှစ်နဲ့ချီကြာနိုင်ပါတယ်”လို့ဒေါက်တာမျိုးသန့်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။