Connect with us

Hi, what are you looking for?

သတင်း

ကရင်လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ တက်ရောက်တဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲ

ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်၊မြိုင်ကြီးငူအထူးဒေသမှာ ဒီနေ့ (ဇူလိုင် ၂၇) မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲမှာ ကရင်အမျိုးသားအစည်းအရုံး( KNU)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီအပါအဝင်KNLAဖားအံခရိုင် တပ်မဟာ(၇)ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆုတောင်းပွဲမှာတက်ရောက်သူတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဓာတ်ပုံ - Guru Gyi

ဇူလိုင် – ၂၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်၊မြိုင်ကြီးငူအထူးဒေသမှာ ဒီနေ့ (ဇူလိုင် ၂၇) မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆုတောင်းပွဲမှာ ကရင်အမျိုးသားအစည်းအရုံး( KNU)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီအပါအဝင်KNLAဖားအံခရိုင် တပ်မဟာ(၇)ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆုတောင်းပွဲမှာတက်ရောက်သူတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကရင်ပြည်နယ်ငြိမ်းချမ်းရေးဆုတောင်းပွဲဆိုတဲ့ခေါင်းစဉ်နဲ့ကရင်လက်နက် ကိုင်အဖွဲ့လေး ဖွဲ့ရဲ့ နာယကဖြစ်တဲ့ မဲဆမိတ်ဆရာတော်က စီစဉ်ဖိတ်ကြားခဲ့တာဖြစ်ပြီး ဒီဆုတောင်းပွဲမှာတော့ ရဟန်းသံဃာတွေ၊ ပြည်သူတွေလူထုတွေ၊ ကရင်နိုင်ငံရေးပါတီဝင်တွေ၊ ကရင်လက်နက်ကိုင်အဖွဲ့လေးဖွဲ့ရဲ့ တာဝန် ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးဆုတောင်းပွဲမှာKNUဘက်ကကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ KNU ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး၊ KNLA တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဒီးကွယ် တက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကရင်နယ်ခြားစောင့်တပ်(BGF)ဘက်ကလည်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းလှိုင်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူအပါအဝင် အခြားထိပ်ပိုင်းခေါင်းဆောင်တွေ၊စစ်ဒေသမှူးတွေတက်ရောက်ခဲ့ကြပြီးဒီမိုကရေစီအကျိုး ပြုကရင်တပ်မတော်(DKBA)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီဘက်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုဦးတည်ပြီး ငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် ငြိမ်းချမ်းရေးဆုတောင်းပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့လေးဖွဲ့ရဲ့ နာယကဖြစ်တဲ့ မဲဆမိတ်ဆရာတော် ဖိတ်ကြားတဲ့ ဖိတ်ကြားလွှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ် ဇူလိုင် ၂၀ ရက်နေ့က လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသမှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်ရေးနဲ့ စည်းလုံးညီညွတ်ရေးတွေ့ဆုံပွဲမှာ ကရင်နယ်ခြားစောင့်တပ်(BGF) က ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းသွားဖို့ တင်ပြဆွေးနွေးသွားခဲ့ပြီးအဆိုပါဆွေးနွေးပွဲကနေတဆင့်အခုလို ငြိမ်းချမ်းရေးဆုတောင်းပွဲကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook