Connect with us

Hi, what are you looking for?

သတင်း

“ဝ”​ဒေသမြို့နှစ်မြို့မှာ ရေကြီးပြီး ပန်ဆန်းမှာ မီးလောင်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းပေါက်နဲ့ ပန်ခမ်းမြို့မှာ ရေဘေးဆက်လက်ကြုံတွေ့နေချိန်မှာပဲ ပန်ဆန်းမြို့က ဂိုထောင်တစ်ခု မီးအကြီးအကျယ်လောင်ကျွမ်းနေပါတယ်။

Screenshot

ဇူလိုင်-၂၇၊၂၀၂၅/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းပေါက်နဲ့ ပန်ခမ်းမြို့မှာ ရေဘေးဆက်လက်ကြုံတွေ့နေချိန်မှာပဲ ပန်ဆန်းမြို့က ဂိုထောင်တစ်ခု မီးအကြီးအကျယ်လောင်ကျွမ်းနေပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီးတဲ့နောက် မိုင်းပေါက်နဲ့ ပန်ခမ်းမြို့မှာ ဇူလိုင်၂၁ရက်ကစပြီး ရေဘေးကြုံတွေ့ခဲ့တာပါ။ မိုင်းပေါက်မြို့ရေဘေးမှာ ဝရဲတပ်ဖွဲ့က ကယ်ဆယ်ရေးသမား ရဲအရာရှိတစ်ဦးအပါအဝင် သေဆုံးသူ သုံးဦးထက်မနည်းရှိနေပြီး ဒီထက်လည်းအရေအတွက်ပိုများနိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သစ်ဂို​ဒေါင် မီး​လောင်ကျွမ်း​နေစဥ်။ ဓါတ်ပုံ-CJ

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်ပန်ခမ်းမြို့မှာလည်း ရေကြီးနစ်မြုပ်မှုဆက်လက်ဖြစ်ပေါ်နေပြီး တောင်ကျရေတွေက လူနေရပ်ကွက်တွေထဲကို စီးဝင်နေပါတယ်။ မိုးလည်းဆက်ကောင်းနေပြီး ရေဘေးအန္တရာယ်ကကြီးမားနေဆဲလို့ ဒေသခံတချို့က ဒီကနေ့(ဇူလိုင်၂၇ရက်)မှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝဒေသမှာ ရေဘေးကြုံတွေ့နေစဉ်မှာဘဲ ပန်ဆန်းမြို့က သစ်ဂိုထောင်တစ်ခုဟာ ဒီကနေ့ မနက် ၁၁ နာရီခန့်ကစပြီး မီးလောင်နေပါတယ်။မီးလောင်ကျွမ်းတဲ့ ဂိုထောင်အနီးပတ်ဝန်းကျင်ဟာ စျေးဆိုင်တန်းတွေနဲ့ လူစည်ကားတဲ့နေရာဖြစ်ပါတယ်။

ရေဘေးကြောင့်ထိခိုက်ပျက်စီးမှုမှုအသေးစိတ်နဲ့ မီးလောင်မှုကို ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

သတင်း

မိုးကြီးမှုနဲ့ တောင်ကျရေကြောင့် ကချင်ပြည်နယ်၊ ဖားကန့်နဲ့ မိုးကောင်းမြို့ကြား လမ်းပိုင်းမှာ ရေကျော်ပြီး လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။