Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုနှင့်ကျောက်မဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ပြည်သူတစ်ဦး သေဆုံး၊ ၃ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုနှင့်ကျောက်မဲမြို့နယ်တို့ကိုစစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ (ဇူလိုင်၂၇ရက်) သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဇူလိုင်-၂၇၊ ၂၀၂၅။ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုနှင့်ကျောက်မဲမြို့နယ်တို့ကိုစစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ (ဇူလိုင်၂၇ရက်) သတင်းထုတ်ပြန်သည်။

ဇူလိုင်၂၆ရက်ညပိုင်းတွင်နောင်ချိုမြို့နယ်၊ဟိုခိုကျေးရွာကိုစစ်ကောင်စီတပ်ကတိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ ပြည်သူ သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာကိုလည်းစစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ရှောင်နေသည့်အမျိုးသား တစ်ဦး ထိမှန်သေဆုံးခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဇူလိုင် ၁၈ရက်ကလည်း ကျောက်မဲမြိုနယ်၊ အထက်ကြူရှောကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိကာ နေအိမ် ၈လုံးပျက်စီးခဲ့သည်။

နောင်ပိန်နှင့်အထက်ကြူရှောကျေးရွာအပါအဝင်စစ်ကောင်စီသည် ဇူလိုင်လအတွင်း ကျောက်မဲမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၆ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ပြည်သူ ၂ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် နေအိမ် ၃၄လုံး၊ အဆောက်အဦး ငါးလုံးနှင့် စာသင်ကျောင်း တစ်ကျောင်းတို့ ထိမှန်ပျက်စီးခဲ့ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လလယ်တွင် TNLAထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

ထိုသို့ TNLAဘက်က ဆုတ်ခွာခဲ့ရသော်လည်း နောင်ချိုမြို့တွင်တိုက်ပွဲများ ဆက်ရှိနေမည်ဖြစ်ကြောင်း TNLA က အသိပေးထားသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေး စစ်ရေးအမြဲသတိရှိရန်နှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် TNLAက နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ ဝါယာရှော့ဖြစ်နေတဲ့ ကုန်တင်ကားတစ်စီးက ကျောက်မဲမြို့အဝင် တိုးဂိတ်အတွင်း ဝင်ရောက် စဉ် မီးကူးစက်လို့ တိုးဂိတ်ပါ မီးလောင်ကျွမ်းသွားပါတယ်။

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းက ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်ရဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ဟာ ပိတ်ချင်းမြောင်ကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook