Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းပြတ်ရွေ့၌ ရစ်ခ်တာစကေး ၄အထက်ငလျင်များ ဆက်လှုပ်နိုင်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့အနီးတွင် ရစ်ခ်တာစကေး ၄ဒဿမ၅ အဆင့်ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးဇွန်လနောက်ပိုင်းရစ်ခ်တာစကေး ၄ အထက်ငလျင်များမကြာခဏလှုပ်ရှားနေခြင်းမှာစစ်ကိုင်းငလျင်ကြီး၏ ‌နောက် ဆက်တွဲငလျင်များဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များက ပြောသည်။

စစ်ကိုင်းငလျင်ကြီး​ကြောင့်​​လမ်းမားရွေ့လျားသွားသည်ကို The Spirit of brotherhood mission က မှတ်တမ်းဓါတ်ပုံရိုက်ကူးထားမှု။ ဓာတ်ပုံ- TSBM

ဇူလိုင်-၂၇၊၂၀၂၅။လူအေး/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့အနီးတွင် ရစ်ခ်တာစကေး ၄ဒဿမ၅ အဆင့်ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးဇွန်လနောက်ပိုင်းရစ်ခ်တာစကေး ၄ အထက်ငလျင်များမကြာခဏလှုပ်ရှားနေခြင်းမှာစစ်ကိုင်းငလျင်ကြီး၏ ‌နောက် ဆက်တွဲငလျင်များဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များက ပြောသည်။

စဥ့်ကူးမြို့အနီးတွင် ယနေ့ (ဇူလိုင် ၂၇ရက်) နံနက် ၁၁ နာရီ ၄၅မိနစ်က လှုပ်ခတ်ခဲ့သည်။

မြေအနက် ၁၀ကီလိုမီတာ( ၆မိုင်ခန့်) ၌ လှုပ်ရှားသွားခြင်းဖြစ်ပြီး စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်များကြောင့်ထိခိုက်ဆုံးရှုံးမှုများ လျော့ နည်းစေရန်အတွက် သတိပြုနေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုး ရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၈ရက်က မန္တလေးနှင့် စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်ခ်တာစကေး ၇ဒဿမ၇ အဆင့် အင်အားအလွန်ပြင်းထန်သော ငလျင်ကြောင့် ရစ်ခ်တာစကေး ၃မှ ၅ဝန်းကျင် နောက်ဆက်တွဲငလျင်များသည် ၂နှစ်ခန်ကြာသည့်အထိ လှုပ်နေမည်ဖြစ်ကြောင်း ရန်ကုန်မြို့မှဘူမိဗေဒပညာရှင်တစ်ဦးက ပြောသည်။

ငလျင်ပညာရှင်ဒေါက်တာမျိုးသန့်ကလည်း မတ်လ ၂၈ရက်က အင်အားပြင်းငလျင်၏ နောက်ဆက်တွဲများ ဆက်လက်လှုပ်ခတ်နေမည်ကို သိရှိနားလည်ထားရန်လိုအပ်ကြောင်းနှင့် စိုးရိမ်မှုမလွန်ကဲရန် အကြံပြုတိုက် တွန်းသည်။

“နောက်ဆက်တွဲတွေက လှုပ်နေမှာပါပဲ။ စဉ့်ကူး မြောက်ဘက်ကနေ ဖြူးနားလောက်အထိကပြင်းအား ၅ ကျော်ကျော်လောက်ကနေ အောက်ပေါ့။နှစ်နဲ့ချီကြာနိုင်ပါတယ်”ဟု ဒေါက်တာမျိုးသန့်က ပြောသည်။

မတ်လ ၂၈ရက်က ဖျက်အားပြင်းငလျင်သည် မန္တလေးတိုင်း၊ စဉ်းကူးမြို့မှ ပဲခူးတိုင်း၊ ဖြူးမြို့နယ်အထိ ၃၄၂ မိုင်အရှည် မြေလွှာအက်ကြောင်းဖြစ်ခဲ့ပြီး မှတ်တမ်းတင်နိုင်သမျှ မြေပြင် အက်ကြောင်း‌များအနက် အရှည်ဆုံးဟု အမေရိကန် အာကာသအေဂျင်စီ (NASA) က ထုတ်ပြန်ထားသည်။

ပြတ်ရွေ့ကြောတလျှောက် ၃ မီတာ(၁၀ ပေ ကျော်)မြေရွဲ့စောင်းသွားပြီး တအချို့နေရာများ၌ ၆ မီတာကျော်အထိ မြေရွဲ့စောင်းသွားခဲ့သည်။

ထို့ကြောင့်ထိုပြတ်ရွှေ့လမ်းကြောင်းတလျောက်ကမြို့နယ်များ၌ နောက် ဆက် တွဲငလျင်များ ဆက်လှုပ်နေမည်ဟု ပညာရှင်များက ပြောဆိုထားသည်။

ဇွန်လဆန်းပိုင်းက ရစ်ခ်တာစကေး၄မှ၅ကြားငလျင်အချို့သည် ပဲခူးတိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းအတွင်း မကြာခဏ လှုပ်ခတ်ခဲ့ပြီး လလယ်ပိုင်းတွင် ငြိမ်သက်နေရာမှ ဇွန်လကုန်ပိုင်းမှစ၍ မကြာလဏ ထပ်မံလှုပ်နေသည်။

မတ်လ ၂၈ရက်က ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများကို လုံလောက်သော ပြန်လည်ထူထောင်ရေးလုပ်နိုင်ခြင်းမရှိသေးသလို သေဆုံးသူများကိုပင် အပြီးသတ်ရှာဖွေနိုင်ခြင်းမရှိသေးပေ။

စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် သတိပေးချက်များရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။