Connect with us

Hi, what are you looking for?

သတင်း

ကချင်ပြည်နယ်မြစ်ဆုံဆည်စီမံကိန်း အတင်းလုပ်ပြီး ဆည်ကျိုးပေါက်မှု ဖြစ်ပါက လက်ရှိ တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဆည်ကျိုးပေါက်မှုဖြစ်ရပ်ထက် ပိုဆိုးတာတွေ ကြုံရမှာ လို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

မနက်ဖြန် ဇူလိုင် ၇ ရက်မှာ ကျရောက်မယ့် ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်ပတ်လည်နေ့ အကြိုအဖြစ် ရွှေဘိုမြို့နယ်အတွင်းမှာ ရွှေဘိုမြို့နယ်သပိတ်အင်အားစု ရဲဘော်တွေနဲ့ ကျောင်းသား ကျောင်းသူ လူငယ်တွေ ပူးပေါင်းကာ အရေးတော်ပုံံမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေကိုဂုဏ်ပြု လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှားကွဲကျေးရွာကို စစ်တပ်က မန္တလေးတိုင်းဘက်ကနေ အင်အားဖြည့်တာတွေ ပြုလုပ်နေပြီး သစ်ဆိမ့်ရွာကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

လူငယ်တွေ ညဥ့်နက်သန်းခေါင် အပြင်မထွက်ကြဖို့နဲ့ ပေါ်တာဆွဲဖမ်းဆီးခံရပါက ငွေညှစ်ခံရနိုင်ကြောင်း စစ်ကောင်စီတပ်သား ၁ဦးက လူမှုကွန်ရက်ကနေ သတိပေးလိုက်ပါတယ်။

သတင်း

စစ်သားသစ်စုဆောင်းရန်ဆိုကာ စစ်ကောင်စီက သင်္ကြန်ကာလအပါအဝင် (၁၈)နှစ်အထက် လူငယ်များကို ဒုလ္လဘရဟန်းခံခွင့်မပြုရန် ဘုန်ကြီးကျောင်းများအား ဖိအားပေးနေကြောင်း People's Springက စုံစမ်းသိရသည်။

သတင်း

(၂၅)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကျင်းပရာ သိကျိတ်ကျေးရွာကို စစ်ကောင်စီက ပေါင် (၂၀၀)ဗုံးကြဲတိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်း ကယန်းပြည်သစ်ပါတီဗဟိုကော်မတီက ယနေ့(ဧပြီ ၁၁ရက်)တွင် ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ ကောလင်းမြို့ သဲချောင်းရွာသစ်အား ယနေ့ (ဧပြီ ၁၁ရက်) နံနက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် မပေါက်ကွဲဘဲကျန်နေသည့် ဗုံးတစ်လုံးအား ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ရဲဘော်များက တူးဖော်ခဲ့သည်။ ယမန်နေ့က လေ ကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သော ကောလင်းမြို့နယ်ကို စစ်ကောင်စီက ထပ်မံ၍ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ၌ စစ်ကောင်စီက ထိုးစစ်ဆင်ရာတွင် တရုတ်ဒရုန်းပညာရှင်များ ပါဝင်ကူညီလျက်ရှိကြောင်း မြေပြင်သတင်းရရှိဟု KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံံ(ကပစ -၂၄)မှ ဗိုလ်မှူးသော်ဇင်ဦး အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း Earthquake People’s Defence Force က ယနေ့ (ဧပြီ ၁၁ ရက်) ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်အဖြစ် ဒီက​နေ့ (ဧပြီလ ၁၁ ရက်နေ့) နံနက် ၁၁ နာရီခန့်မှာမန္တလေးတိုင်း၊ မိတ္ထိလာ​လေတပ်စခန်းအနီး ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၈ ရှိတဲ့ ​​မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ အ​မေရီကန် ​မြေငလျင်တိုင်းတာ​ရေးဌာန(USGS)ကထုတ်ပြန်ပါတယ်။

သတင်း

ဖျက်အားပြင်း ငလျင်ကြီးကြောင့်ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ နဲ့ ကြုံနေရတဲ့ မန္တလေး မှာ တစ်ပတ်အတွင်း ရွှေဆိုင်နဲ့ အထည်ဆိုင် ဓားပြတိုက်ခံရမှု နှစ်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

ကယန်း​အမျိုးသား​နေ့​ပြုလုပ်​သည့် ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက ယနေ့(ဧပြီလ ၁၁ရက်)နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီသည် ကောလင်းမြို့နယ်ကို နှစ်ရက်ဆက် လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်နိုင်မှုအပေါ် ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချင်းပြည်ကောင်စီတို့က ထုတ်ပြန်သည်။

Facebook