Connect with us

Hi, what are you looking for?

သတင်း

“ဖက်စစ်ရွေးကောက်သပိတ်မှောက် တော်လှန်ရေးကိုရဲရဲလျှောက်” ကြွေးကြော်သံတွေနဲ့ စစ်ကိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူ​တွေက”ဖက်စစ်ရွေးကောက်သပိတ်မှောက်တော်လှန်ရေးကိုရဲရဲလျှောက်” ကြွေးကြော်သံတွေနဲ့ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဒီကနေ့ (သြဂုတ် ၃၀)မှာ လှုံ့ဆော်ခဲ့ကြပါတယ်။

သြဂုတ်-၃၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူ​တွေက”ဖက်စစ်ရွေးကောက်သပိတ်မှောက်တော်လှန်ရေးကိုရဲရဲလျှောက်” ကြွေးကြော်သံတွေနဲ့ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဒီကနေ့ (သြဂုတ် ၃၀)မှာ လှုံ့ဆော်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ တော်လှန်ပြည်သူတွေ စုပေါင်းပြီး “အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားကိုင်ဆွဲကာ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်နဲ့ ပြည်သူ့အားမာန်သပိတ်တို့က စစ်ကောင်စီကပြုလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့အနေနဲ့”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့”၊ “ဖက်ဆစ်ရွေးကောက် သပိတ်မှောက် တော်လှန်ရေးကို ရဲရဲလျှောက်” ကြွေးကြော်ကာ ဆန္ဒထုတ်ဖေါ်ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းလွှတ်ရန်လည်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိ​တ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေဟာ”အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ ဆန့်ကျင်ကြ” ၊ “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်”၊ “သင့်မဲဖြင့်တရားဝင် လူသတ်ခွင့်မပေးနဲ့” စာသားတွေနဲ့ အာဏာသိမ်းစစ်အုပ်စုက ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ရွှေဘိုသပိတ်အင်အားစု

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။