Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံ​မြောက်ပိုင်းမှလက်နက်ကိုင်အဖွဲ့​တွေကိုတရုတ်ကဖိအား​ပေးတဲ့အ​ပေါ် ကျေးဇူးတင်​ကြောင်းမင်း​အောင်လှိုင်က စီကျင်းပင်ကို​ပြော

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က တရုတ်သမ္မတစီကျင်းပင်နဲ့​တွေ့ဆုံစဥ် မြန်မာနိုင်ငံ​မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေကို တရုတ်အစိုးရက ဖိအား​ပေး ​ပေးတဲ့အတွက်​ကြောင့် ​ကျေးဇူးတင်ရှိကြောင်း​ပြောကြားလိုက်ပါတယ် ။

အာ​ဏာသိမ်း​ခေါင်း​​ဆောင် နဲ့ တရုတ်သမ္မတ ။ ဓါတ်ပုံ- fmprc

သြဂုတ်-၃၁၊၂၀၂၅။People’s Spring

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က တရုတ်သမ္မတစီကျင်းပင်နဲ့​တွေ့ဆုံစဥ် မြန်မာနိုင်ငံ​မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေကို တရုတ်အစိုးရက ဖိအား​ပေး ​ပေးတဲ့အတွက်​ကြောင့် ​ကျေးဇူးတင်ရှိကြောင်း​ပြောကြားလိုက်ပါတယ် ။

အာဏာသိမ်း​ခေါင်း​ဆောင်ဟာ သြဂုတ် ၃၀ ရက်မှာ တရုတ်သမ္မတစီကျင်းပင်နဲ့​​တွေ့ဆုံ​ဆွေး​နွေးစဥ် “မြန်မာနိုင်ငံ​မြောက်ပိုင်း​ဒေသ​ဖွံ့ဖြိုး​​ရေးအတွက် နယ်စပ်​ဒေသမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့များကိုတရုတ်နိုင်ငံက ဖိအား​ပေး ​ဆောင်ရွက်​​ပေး​​​နေမှုကြောင့် ငြိမ်းချမ်း​ရေး ရရှိတဲ့အ​ခြေအ​နေများ ​မြင်တွေ့လာရတဲ့အတွက် ​ကျေးဇူးတင်ရှိ​ကြောင်း​ပြောကြားလိုပါတယ် “လို့​ပြောကြားခဲ့တာဖြစ်ပါတယ် ။

ဒါ​ပေမယ့် သြဂုတ် ၃၀ ရက် ည ၈ နာရီသတင်းမှာစစ်​ကောင်စီက ထုတ်ပြန်တဲ့အခါ ​မြောက်ပိုင်းက​တော်လှန်​ရေးအဖွဲ့​တွေကိုတရုတ်ကဖိအား​ပေးတဲ့အ​ပေါ် ​ကျေးဇူးတင်ရှိ​ကြောင်း ​ပြောကြားတာကိုစစ်​ကောင်စီကချန်လှပ်ထားခဲ့တာ​တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်အစိုးရအ​နေနဲ့လည်း မြန်မာနိုင်ငံပြည်တွင်း​ရေးကို ဝင်မစွက်ဖူး​ပြော​ပေမယ့် စစ်​ကောင်စီအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေကိုဖိအား​ပေး ​နေတယ်ဆိုတာ အာဏာသိမ်း​ခေါင်း​ဆောင်ကိုယ်တိုင်က အစည်းအ​ဝေးမှာတရားဝင်ထုတ်​ပြောလာတာဖြစ်ပါတယ် ။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာန နဲ့ တရုတ်အစိုးရပိုင်ဆင်ဟွာသတင်းဌာနတို့ရဲ့ထုတ်ပြန်ချက်​တွေမှာလည်း တရုတ်အစိုးရက မြန်မာနိုင်ငံ​မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့​တွေကို ဖိအား​ပေးတဲ့အ​ပေါ်​ကျေးဇူးတင်​ကြောင်းမင်း​အောင်လှိုင်​ပြောခဲ့တာကိုချန်လှပ်ထားခဲ့ကြတာ​တွေ့ရပါတယ် ။

တရုတ်အစိုးရရဲ့ဖိအား​ပေးမှု​ကြောင့် MNDAA ဟာအပစ်ရပ်ထားပြီး ၁၀၂၇ ဒုတိယလှိုင်းမှာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကိုပါစစ်​ကောင်စီကိုကျည် ၁ ချက်မ​ဖောက်ရပဲပြန်လွှဲ​ပေးခဲ့ရပါတယ် ။TNLA ကလည်း တရုတ်အစိုးရရဲ့ အစီအစဥ်နဲ့ ကူးမင်းမြို့မှာစစ်​ကောင်စီနဲ့​ဆွေး​နွေး​နေရပါတယ် ။ ဝလက်နက်ကိုင်အဖွဲ့ (UWSA)​တောင် တရုတ်အစိုးရက နှစ်​ပေါင်း ၄၀ အတွင်းအကြီးမားဆုံးဖိအား​ပေး​နေလို့​တော်လှန်​ရေးအဖွဲ့​တွေကို လက်နက် ၊ခဲယမ်း၊​ငွေ​ကြေးအပါအဝင်ဘယ်လိုအကူအညီမှမ​ပေး​တော့ဘူးလို့ MNDAA ၊ TNLA ၊ SSPP တို့ကို​ခေါ်​ပြောပြီး သတင်းပါထုတ်ပြန်ခဲ့ပါတယ် ။

ဒါ​ကြောင့်စစ်​ကောင်စီဟာတရုတ်အစိုးရရဲ့ကြားဝင်စွက်ဖက်မှု​ကြောင့်သာ အသက်ဆက်နိုင်​နေတာဖြစ်ပြီး တရုတ်အစိုးရ မကူညီရင် ​တော်လှန်​ရေးအဖွဲ့​တွေက စစ်​ကောင်စီကိုအနိုင်ယူဖြုတ်ချပြီး ဖြစ်​နေပြီလို့စစ်​ရေးနိုင်ငံ​ရေး​လေ့လာသူ​တွေက​ပြောပါတယ်။

စစ်​ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာအာဏာသိမ်း​ခေါင်း​ဆောင်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ အဖွဲ့ဝင်ဖြစ်လာစေရေးတရုတ်က​ထောက်ခံ​ပေးဖို့၊ငြိမ်းချမ်းရေး၊ကုန်သွယ်မှုမြှင့်တင်ရေး၊ OBOR စီမံကိန်းနဲ့ မြန်မာ့စီးပွားရေးစင်္ကြံ (CMEC)မှာ ပါဝင်တဲ့ စီမံကိန်း​တွေ အရှိန်အဟုန်မြှင့်တင်ရေး၊ သဘာဝသယံဇာတများ အကျိုးရှိစွာ အသုံးပြုနိုင်ရေးတို့ကိုဆွေးနွေးခဲ့တယ်လို့​ဖော်ပြပါတယ်။

ဒါအပြင်မင်း​အောင်လှိုင်က စစ်​ကောင်စီ​ရဲ့ရွေး​ကောက်ပွဲနဲ့ပတ်သက်ပြီးလည်း​ဆွေး​နွေးခဲ့တယ်လို့​ဖော်ပြပါတယ် ။ဒါ​ပေမယ့် တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာနထုတ်ပြန်ချက် နဲ့ ဆင်ဟွာရဲ့​သတင်း​ဖော်ပြမှုမှာ​ရွေး​ကောက်ပွဲနဲ့ပတ်သက်လို့ တစ်လုံးမျှ​ဖော်ပြထားခြင်းမရှိ​ပေ။

စီကျင်းပင်က မြန်မာနိုင်ငံဟာအခြေအနေနဲ့ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း လိုက်နာနိုင်ဖို့ ၊ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင့်ပိုင်ခွင့်၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး အကျိုးစီးပွား​တွေကို ထိန်းသိမ်းဖို့ ၊မြေငလျင်ပြန်လည်ထူ​ထောင်​​ဖို့ ၊ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ လူနေမှုပုံစံ ရရှိစေဖို့တရုတ်ကထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာနက​ဖော်ပြပါတယ်။ဒါအပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအင်အားစုအားလုံးကို တတ်နိုင်သမျှစည်းလုံးအောင်လုပ်ပြီး တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိစေဖို့ တရုတ်နိုင်ငံက ထောက်ခံအား​ပေးတယ်လို့လည်းစီကျင်းပင်က​ပြောခဲ့ပါတယ် ။

ဆင်ဟွာသတင်းဌာနရဲ့​ဖော်ပြချက်မှာ​တော့ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား​တွေ၊ တရုတ်အဖွဲ့အစည်း​တွေနဲ့ တရုတ်စီမံကိန်း​တွေလုံခြုံ​ရေး​သေချာ​စေဖို့လိုအပ်တယ်လို့ တရုတ်သမ္မတက​ပြောကြားတယ်လို့​ဖော်ပြထားပါတယ် ။ဒါ​ပေမယ့် အဆိုပါအချက်ကို စစ်​ကောင်စီထုတ်ပြန်ချက်မှာချန်လှပ်ထားခဲ့တာကိုတွေ့ရပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်ဦး​ဆောင်တဲ့စစ်​ကောင်စီကိုယ်စားလှယ်​တွေဟာ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)ထိပ်သီးအစည်းအဝေး နဲ့ တရုတ်နိုင်ငံက ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားကိုတက်ရောက်ဖို့ တရုတ်နိုင်ငံကို​ ရောက်ရှိနေတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်