Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ရွေးကောက်ပွဲကူညီပံ့ပိုးပါကအရေးယူမည်ဟု KNU တပ်မဟာ(၆) ကြေညာ

အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ကူညီပံ့ပိုး ပူးပေါင်းပါဝင်သူများအားအရေးယူမည်ဟုကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာ ခရိုင်၊ အမှတ် (၆)တပ်မဟာ ကြေညာချက်ထုတ် ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − CJ

ဩဂုတ်−၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ ကူညီပံ့ပိုး ပူးပေါင်းပါဝင်သူများအားအရေးယူမည်ဟုကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာ ခရိုင်၊ အမှတ် (၆)တပ်မဟာ ကြေညာချက်ထုတ် ပြန်သည်။

စစ်တပ်ရေးဆွဲထားသည့် တရားမဝင် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒကို လိုအပ်သလိုအသုံးချ၍ ပြည်သူလူထုတရပ်လုံးအပေါ် ရေရှည်ဆက်လက် ဖိနှိပ်အုပ်ချုပ်နိုင်ရန် ဖြစ်နေသည့်အတွက် အတုအယောင်ရွေးကောက်ပွဲသည် ပြည်သူတရပ်လုံး၏ သဘောထားကို ဆန့်ကျင်၍ အကြမ်းဖက်မှု ၊ ခြိမ်းခြောက်မှု ၊အတင်းအဓမ္မ ဖမ်းဆီးမှု စသည့်လုပ်ရပ်များ ကျူးလွန်ပြီး ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်၍ လက်ရှိနိုင်ငံရေး ပဋိပက္ခကို ဖြေရှင်းနိုင်မည့်နည်းလမ်း မဟုတ်ဟု KNU တပ်မဟာ(၆)က ထုတ်ပြန်သည်။

အဆိုပါ ရွေးကောက်ပွဲသည် စစ်မှန်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ဘဲ အကြမ်းဖက် အာဏာသိမ်း စစ်ကော်မရှင် ဗိုလ်ချုပ်များနှင့် မိသားစုဝင်များ၊ ၎င်းတို၏ အသိုင်းအဝိုင်း အပေါင်းအပါ များ၊ စစ်တပ်လက်သပ်မွေးထားသည့် နိုင်ငံရေးအမည်ခံ ပါတီများ အာဏာရ ရှိရေးအတွက်သာ ဖြစ်ပြီး တိုင်းရင်းသား ပြည်သူအားလုံးအတွက် မည်သည့်အကျိုးကျေးဇူးမှ ရရှိမည်မဟုတ်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

KNUဒူးပလာယာခရိုင်၊ KNLAအမှတ်(၆)တပ်မဟာ၊KNDO ကရင်အမျိုး သားကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များအနေဖြင့် ခရိုင်၊ တပ်မဟာ အတွင်းရှိ လူပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်း ဆောင်များ၊ လူမှုအဖွဲအစည်းများ ၊ NGOs ၊ INGOs များအနေဖြင့်တစ်ဦးချင်းအရသော် လည်းကောင်း၊ အဖွဲစည်းအရသော်လည်းကောင်းအကြမ်းဖက်အာဏာသိမ်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကူညီပံ့ပိုး ပူးပေါင်းပါဝင်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

ကြေညာချက်ကိုလိုက်နာခြင်းမရှိသည့်အဖွဲအစည်းဖြစ်စေ၊ လူပုဂ္ဂိုလ် တစ်ဦးချင်း ဖြစ်စေ မည်သူကိုမဆို KNU ဒူးပလာယာ ခရိုင်၊ ကရင်အမျိုးသား လွှတ်မြောက်ရေးတပ်မတော် အမှတ်(၆)တပ်မဟာမှ ချမှတ်ထားသော ကော်သူး လေ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အလေးအနက် အသိပေးကြောင်း ကြေညာခဲ့သည်။

KNU ဗဟိုကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လက်မခံကြောင်း ဩဂုတ် ၂၆ရက်က ထုတ်ပြန်ထားသည်။ စစ်တပ်ကို အကျိုးပြုမည့် လူနှင့် ပါတီရွေးချယ်ပွဲဖြစ်ကြောင်း၊ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ခြင်းဖြင့် အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ ဖြစ်သွားနိုင်၍ နည်းလမ်းပေါင်းစုံဖြင့် ရှောရှားနိုင်ကြရေး ကြိုးပမ်းရန် တိုက်တွန်းထားသည်။

ထို့ပြင် အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံမှုက ရရှိသည့် သဘောတူညီမှုဖြင့်ရေးဆွဲပြဌာန်းအတည်ပြုမည့်စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြင့် ကျင်းပသော ရွေးကောက်ပွဲသည်သာလျင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော မြန်မာနိုင်ငံ၏ နိုင်ငံရေး ပဋိပက္ခများ အဆုံးသတ်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း KNU ဗဟိုက ထုတ်ပြန်ခဲ့သည်။

ထိုသို့KNUဗဟိုကစစ်ကောင်စီရွေးကောက်ပွဲအပေါ်သဘောထားရပ် တည်ချက်ထုတ်ပြန်သကဲ့သို့ခရိုင်နှင့် တပ်မဟာ အချို့ကလည်း ယခုကဲ့သို့ သဘောတား ရပ်တည်ချက် အသိပေးလာခြင်းဖြစ်သည်။

KNUဗဟိုကသဘောထားရပ်တည်ချက်ထုတ်ပြန်သည့်ဩဂုတ် ၂၆ရက် ၌ပင် KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်ကလည်း သဘောထားရပ်တည်ချက် ကြေညာခဲ့ရာ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း လုံး၀ ပါဝင်ပူးပေါင်း ပံ့ပိုးခြင်းမလုပ်ရန် ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက မည်သူ့ကို မဆို အရေးယူသွားမည်ဟု သတိပေးသည်။

ထိုသို့ သတိပေးရာတွင် ခေါ်ယူ အသိပညာပေးခြင်းနှင့် သတိပေးခြင်း၊ သင့်တော်သည့် နေရာတွင် ခေါ်ယူထိန်းသိမ်းထားခြင်း၊တပ်မဟာ(၅)ဒေသ ပြင်ပသို့ နှယ်နှင်ဒဏ်ပေးခြင်းများဖြင့် အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။