Hi, what are you looking for?
ကုန်ကြမ်းသွင်းကုန်ပါမစ် ရရှိဖို့ ခက်ခဲတာနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍကျဆင်းလာတာကြောင့် ထုပ်ပိုးမှုလုပ်ငန်းတွေ ပိတ်သိမ်းရတော့မယ့် အခြေအနေ ရင်ဆိုင်နေရပြီလို့ သက်ဆိုင်ရာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ထောင်တွင်းမှာ ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ကြတဲ့ မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ခြေချင်းခတ်ကာ တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ (ဇူလိုင် ၂ရက် ) မှာ ထုတ်ပြန်အသိပေးပါတယ်။
■လွတ်မြောက်သွားသူနှင့်ဘကယ်ထုတ်သူများကို သံလျင်တွင်ပြန်ဖမ်းမိဟုစစ်ကောင်စီဆို ■ဖမ်းဆီးခံရသူများသည်တော်လှန်ရေးရန်ပုံငွေများလိမ်လည်ယူသွားပြီး စစ်ကောင်စီထံလက်နက်ချထားသူများဖြစ်နေ ဇူလိုင်-၂၊၂၀၂၅။သတိုး၊သုည/ People’s Spring ရန်ကုန်မြို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်ရဲစခန်း၌ နိုင်ငံရေးပုဒ်မတပ်ဖမ်းဆီးခံထားရသည့် အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်စဉ် ကယ်ထုတ်သွားသည့် ဖြစ်စဉ်မှန်ကန်ကြောင်း ဒေသခံများကပြောသည်။ ဇူလိုင်၁ ရက်ည ၇ နာရီခွဲ အချိန်ခန့်တွင်လှိုင်သာယာရဲစခန်း၌ ဖမ်းဆီးခံထားရသည့် အမျိုးသမီးကို တာဝန်ကျ...