Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းဘေး လဲကျသေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းတွေ့

မန္တလေးမြို့ ၊ အမရပူရမြို့နယ် ၊ ရန်ကုန် – မန္တလေးအမြန်လမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို မနေ့ ( ဇူလိုင် ၁ ရက်) မနက်ပိုင်းကတွေ့ခဲ့ရတယ်လို့လူမှုကူညီရေးအသင်းထံကသိရပါတယ်။

အမြန်လမ်းဘေးမှာ သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းကို လူမှုကူညီရေးအသင်းက မန္တလေးဆေးရုံကြီးဆီ သယ်ယူပို့ဆောင်ပုံ။ ဓာတ်ပုံ - မြရည်နန္ဒာလူမှုကူညီရေးအသင်း/FB

ဇူလိုင် – ၂ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ အမရပူရမြို့နယ် ၊ ရန်ကုန် – မန္တလေးအမြန်လမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို မနေ့ ( ဇူလိုင် ၁ ရက်) မနက်ပိုင်းကတွေ့ခဲ့ရတယ်လို့လူမှုကူညီရေးအသင်းထံကသိရပါတယ်။

မနေ့ မနက်ပိုင်း ၁၁ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန် – မန္တလေး အမြန်လမ်းမိုင်တိုင် ၃၆၃ မိုင် ၊ ၆ ဖာလုံ အနီး ၊ ချောင်းဘေးမှာ ပက်လက်အနေအထားနဲ့သေဆုံးနေတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားရုပ်အလောင်းကိုတွေ့ခဲ့တာပါ။

အလောင်းမှာ ပြင်ပဒဏ်ရာမတွေ့ရဘူးလို့ ကနဦးသိထားရပြီးသေဆုံးရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဇူလိုင်လ ၃၀ ရက် နေ့ခင်းပိုင်း ၂ နာရီခွဲခန့်ကလည်း အမရမြို့နယ် ၊ စွယ်တော်ဘုရားအနီးမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦး လမ်းဘေးမှာ လဲကျနေလို့ လူမှုကူညီရေးအသင်းက ဆေးရုံပို့ပေးပေမယ့် ဆုံးပါးသွားတယ်လို့သိရပါတယ်။

” အဟာရပြတ်ပြီးသေဆုံးသွားတာ၊သူ့ကို ဆေးရုံမှာလိုအပ်တာ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ် ၊အခုထိတော့ လူနာရှင်မပေါ်သေးဘူးဗျ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

အဲဒီအမျိုးသားဟာ ဆေးရုံရောက်ပြီး နောက်ရက် ဇူလိုင် ၁ ရက် ည ၉ နာရီ ၄၀ မိနစ်သေဆုံးသွားတာလို့သိရပါတယ်။ ဒေသခံအချို့ ရဲ့ပြောပြချက်အရတော့ သူဟာ အိမ်ခြေရာမဲ့တစ်ဦးလို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လမ်းဘေးမှာ အာဟာရပြတ်လပ်သေဆုံးတဲ့ရုပ်အလောင်းတွေ ၊ ဓားဒဏ်ရာ ၊ ရိုက်နှက်ညှင်းပန်းထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ နဲ့စွန့်ပစ်ထားတဲ့ ရုပ်အလောင်းတွေကိုဒေသခံတွေ မကြာခဏ တွေ့လာရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မိဘဂုဏ်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပြီး ကားပေါ်လိုက်ပါလာသူ ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။