Connect with us

Hi, what are you looking for?

သတင်း

ခလရ(၂၅၆)သို့ပို့မည့် ရိက္ခာကား ၁ စီးကို ရေစကြိုပကဖ ဖမ်းဆီး

မကွေးတိုင်း၊ရေစကြိုမြို့နယ်အခြေစိုက် အမှတ်(၂၅၆) ​ခြေလျင်တပ်ရင်း (ခလရ ၂၅၆ )သို့ပို့မည့် ရိက္ခာကားတစ်စီးကို ဖမ်းဆီးရရှိကြောင်းရေစကြိုမြို့နယ်ပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ခလရ (၂၅၆) သို့ပို့မည့် ရိက္ခာများ နှင့်ကားကို ​တွေ့ရစဥ်။ဓါတ်ပုံ- ပခုက္ကူပကဖ

ဇူလိုင်-၂၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ရေစကြိုမြို့နယ်အခြေစိုက် အမှတ်(၂၅၆) ​ခြေလျင်တပ်ရင်း (ခလရ ၂၅၆ )သို့ပို့မည့် ရိက္ခာကားတစ်စီးကို ဖမ်းဆီးရရှိကြောင်းရေစကြိုမြို့နယ်ပကဖ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့ (ဇူလှိုင်လ၂ ရက်)နံနက်၉နာရီခန့်တွင် ပခုက္ကူ-ရေစကြိုကားလမ်းပိုင်းတစ်နေရာတွင်စစ် ဆေးတွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ပခုက္ကူခရိုင်ပခုက္ကူတပ်မ(၁၀၁)မှရေစကြိုမြို့နယ် ခလရ(၂၅၆)သို့ပို့ဆောင်သည့် 4G 4567 မှန်လုံကုန်သယ်ယာဉ်ငယ်တစ်ီးပေါ်မှ ဆန် ၃၅ အိတ်၊ စားစီ၁၄ပုံး၊ စက်သုံးစီ၇ပုံး၊ ဆားတစ်အိတ်၊ ဟင်းချိုတစ်အိတ် စသည့်ရိက္ခာများရရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဖမ်းဆီးရမိတဲ့သူတွေကပခုက္ကူ-ရေစကြိုကုန်တင် တဲ့ပြည်သူတွေပဲ။ဒါပေမယ့် စစ်ကောင်စီက အဓမ္မခိုင်းစေလို့လား။အလိုတူအလိုပါလားဆိုတာတော့ စစ်ဆေးနေတုန်းပဲ”ဟု အထက်ပါတာဝန်ရှိသူက ရိက္ခာယာဥ်နှင့်အတူ ဖမ်းမိသူနှစ်ဦးဖြစ်စဥ်ကို ရှင်း ပြသည်။

ယခုကဲ့သို့ စစ်ကောင်စီသို့ ပို့ဆောင်မည့် ရိက္ခာယာဥ်များကို ဖမ်းဆီးနိုင်ခဲ့သည့်ဖြစ်စဥ်လေးကြိမ်ထက်မနည်းရှိခဲ့ဖူးကြောင်း ၎င်းက ဆက်ပြောသည်။

ဇွန်လ ၂၈ ရက်ကလည်း ရေစကြိုမြို့အထွက်တွင် ငြိမ်ဇာနည်စစ်မှုထမ်းဟောင်းရုံးတွင် တာဝန်ထမ်းဆောင်နေသူ တပ်ကြပ်ကြီးဟောင်းထွန်းအောင်ကို ရေစကြို ပကဖကဖမ်းဆီးစဥ်ထွက်ပြေးသဖြင့် ပစ်ခတ်ရာသေဆုံးခဲ့သည်။

ရေစကြိုမြို့တွင်စစ်ကောင်စီ၏ခလရ(၂၅၆)၊ ခလရ(၂၅၇) နှင့်ခလရ(၂၅၈) တပ်ရင်းများ အခြေစိုက်ထားသည်။

ဆက်စပ်သတင်းများ