Connect with us

Hi, what are you looking for?

သတင်း

TNLA နယ်မြေကိုစစ်ကောင်စီတိုက်ခိုက်မှုများကြောင့်ဇွန်လတွင် ပြည်သူ ၅ဦးသေ၊ ၃၀ကျော်ဒဏ်ရာရ

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့ရွာများသို့စစ်ကောင်စီကလေကြောင်း၊လက်နက်ကြီးဒရုန်းများဖြင့်တိုက်ခိုက်သဖြင့် ဇွန်လအတွင်းပြည်သူ၅ဦးသေဆုံးပြီး ၃၂ဦးဒဏ်ရာရခဲ့ကြောင်း TNLAကယနေ့သတင်းထုတ်ပြန်သည်။

ဇူလိုင်-၂၊၂၀၂၅။ထားမြတ်/People’s Spring.

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့ရွာများသို့စစ်ကောင်စီကလေကြောင်း၊လက်နက်ကြီးဒရုန်းများဖြင့်တိုက်ခိုက်သဖြင့် ဇွန်လအတွင်းပြည်သူ၅ဦးသေဆုံးပြီး ၃၂ဦးဒဏ်ရာရခဲ့ကြောင်း TNLAကယနေ့သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် ဇွန်လအတွင်း နောင်ချို၊ နမ္မတူ၊ ကျောက်မဲနှင့်မိုးကုတ်မြို့နယ်များကို လေကြောင်း၊ လက်နက်ကြီး နှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူများသေဆုံး ထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် နေအိမ် ၇၅ လုံး၊ စာသင်ကျောင်း ၄ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၄ ကျောင်းထိမှန်ပျက်စီးသွားခဲ့ဟု ဖော်ပြသည်။

ဇွန်လ နောက်ဆုံးပတ်တွင် ကျောက်မဲမြို့ အား စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ရာ အမျိုးသမီး ၄ ဦးအပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ ကလေးငယ် ၃ဦး အပါအဝင် ပြည်သူ ၂၃ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် နေအိမ် ၆၅လုံးနှင့် ဘုန်းကြီးကျောင်း၊စာသင်ကျောင်းများလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မေလတွင်လည်းစစ်တပ်က နောင်ချို၊ မိုးကုတ်၊ ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် မန်တုံမြို့နယ်တို့အား လေကြောင်းတိုက်ခိုက်မှု ၂၆ကြိမ်ဗုံးကြဲခဲ့သည်။ဒရုန်းဗုံးသီးများ၊လက်နက်ကြီးနှင့် အဆိပ်ငွေ့ဗုံးများ အသုံးပြု၍လည်း တိုက်ခိုက်ခဲ့သည်။ထိုသို့တိုက်ခိုက်မှုများကြောင့် မေလအတွင်း ပြည်သူ ၈ဦးသေဆုံးကာ ၁၈ဦး ဒဏ်ရာရရှိပြီးနေအိမ်များစွာ ပျက်စီးခဲ့ကြောင်း TNLAက အသိပေးထားသည်။

စစ်ကောင်စီသည် ငလျင်ဘေးကြောင့် ဧပြီ၊ မေနှင့် ဇွန်လ များ၌ အပစ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း TNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များရှိရာ နယ်မြေများ၊ ပြည်သူလူထု နေထိုင်ရာ မြိ့ရွာများကို လေကြောင်း လက်နက်ကြီး ဗုံးကြဲပစ်ခတ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်ရေးအရ အထိနာနေသည့် အခြေအနေတွင် ကြွက်မနိုင် ကျီမီးနှင့် ရှို့ဆိုသကဲ့သိ့ ပြည်သူနေထိုင်ရာများကို တိုက်ခိုက်မှုများလုပ်ဆောင်နေဟု ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ၌ တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့တခုမှ တပ်မှူး တဦးက ပြောသည်။

“သူတို့မှာက လေယာဉ်ရှိနေတာ။ ဒါပေမဲ့ အချိန်တခုရောက်ရင်တော့ သူတို့ လုပ်ရပ်တွေအတွက် သူတို့ ပြန်ပေးဆပ်ရလိမ့်မယ်။ မိဘပြည်သူတွေအနေနဲ့ကတော့ အခုအချိန်မှာ စစ်ရေးက ပိုပြီး အရှိန်မြင့်လာတာ ဖြစ်တဲ့အတွက် ပိုပြီး သတိဝိရိယရှိဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။

TNLA သတင်းပြန်ကြားရေးဌာနကလည်း စစ်ကောင်စီ၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရေး ပြည်သူများ စစ်ရေး သတိအမြဲရှိရန်နှင့် လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာများ လိုက်နာဆောင်ရွက်ရန် တိုက်တွန်းထားသည်။

စစ်ကောင်စီသည် TNLAနှင့် မဟာမိတ်များဖြစ်သော ကိုးကန့်(MNDAA)၊ ရက္ခိုင်(AA) တို့က တဖက်သတ်အပစ်ရပ်စဲရေးကို ဇွန်လကုန်အထိ ကြေညာထားသည့် အခြေအနေတွင် စစ်ကောင်စီက အခွင့်ကောင်းယူပြီး ထိုးစစ်ဆင်ခြင်း၊ လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook