Connect with us

Hi, what are you looking for?

သတင်း

တိုင်းရင်းသားပြည်သူလူထုရဲ့ စုပေါင်းအားဖြင့်သာ စစ်အာဏာရှင်ကို တိုက်ဖျက်နိုင်မှာ ဖြစ်လို့ ခိုင်မာသော တပ်ပေါင်းစုတပ်ရပ် ပေါ်ပေါက်ရေးအစဉ် ကြိုးပမ်းနေကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)/ရာမညမွန်တပ်တော် က ထုတ်ပြန်ပါတယ်။

သတင်း

စစ်သုံ့ပန်း ၁ဦး ဖမ်းမိပြီး၊ ဒရုန်း ၃စီး ဖျက်စီးနိုင်ဟု မိုးဗြဲ PDF ထုတ်ပြန်

သတင်း

ချင်းပြည်နယ်မြောက်ပိုင်းထိုးစစ်မှာ အဓိက တာဝန်ယူတဲ့ စစ်တပ်ရဲ့ တပ်မ(၇၇)တပ်ဖွဲ့တွေကို ပြန်လည်ရုတ်သိမ်းကာ ရဲတပ်ရင်းတွေနဲ့ အစားထိုးနေရာချထားတယ်လို့ သတင်းရရှိထားကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးရ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့တို့၏ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက် ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့(ဧပြီ ၁၀ရက်) ထုတ်ပြန်သည်။

သတင်း

ငလျင်ဒဏ်သင့်ဒေသများ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့လယ်အပါအဝင် နေရာအများအပြားတွင် စာတန်းများချိတ်ဆွဲ၍ ဆန္ဒပြခဲ့ကြောင်း ရန်ကုန် လူထုသပိတ်က အသိပေးထားသည်။

သတင်း

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် လုပ်ငန်းရှင်များထံမှ ဆက်ကြေးကောက်ပြန်လာသော စစ်ကောင်စီ​၏ ရဲအုပ်နှင့်အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး လက်နက်ခြောက်လက်ရခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်ရာတွင် မြေပြင်ထိုးစစ်ကို ဝါရင့်တော်လှန်ရေးတပ်ဖွဲ့များ မပါဘဲ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နွေဦးတော်လှန် ရေးကာလ၌ ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်များမှ ရဲဘော်များဖြင့်သာဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ချင်းညီနောင် တာဝန်ရှိသူက အသိပေးသည်။

သတင်း

အိမ်နီးချင်း မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေဟာ ထိုင်းနိုင်ငံနဲ့ သက်ဆိုင်တဲ့ ငလျင် ပြတ်ရွေ့ကြောတွေ လှုပ်ရှားမှုကိုပါ မြင့်တက်စေခဲ့ကြောင်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

သတင်း

ညီနောင်မဟာမိတ်သုံးဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA)တို့က အာရက္ခတပ်တော်(AA)ထံပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။

သတင်း

မန္တလေးမြို့တွင် ယ‌နေ့ (ဧပြီလ ၉ရက်​နေ့)ညက အင်အားသိသာသည့် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်သဖြင့် မြို့ခံအချို့သည်စိုးရိမ်ကာ လမ်းပေါ်သို့ ပြန်ထွက်လာကြသည်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ခန့်ကို ထပ်မံဖမ်းမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီသည် ယခုနှစ်ကုန်ပိုင်း လာမည့် ဒီဇင်ဘာတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ သိရသည်။

သတင်း

ချင်းညီ​နောင် နဲ့ မဟာမိတ် တပ်​​တွေက ချင်းပြည်နယ် ရဲ့ ဒုတိယမြိူ့​တော်ဖြစ်တဲ့ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ပြီး ဖလမ်းမြို့နယ် ၁ မြို့နယ်လုံး စစ်​ကောင်စီကင်းစင်သွားပြီလို့ ဒီက​နေ့ (ဧပြီ ၉ ရက်)မှာ​ကြေညာလိုက်ပါတယ်။ ဒါ​ကြောင့်နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့မြို့​ပေါင်း အနည်းဆုံး ၉၆ မြို့ ရှိလာပြီဖြစ်ပါတယ်။

Facebook