Hi, what are you looking for?
စစ်ကောင်စီကိုခုခံတိုက်ခိုက်ရင်းကျဆုံးသွားသည့် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပ.က.ဖ လက်ရုံးတပ် (ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး-ULF စစ်ကြောင်း ၊ Rural Rangers အဖွဲ့)မှ ရဲဘော်တစ်ဦး၏ ဈာပနမှတ်တမ်းဓာတ်ပုံများဖြစ်သည်။တိုက်ပွဲအတွင်း ကျဆုံးခဲ့သူသည်ULF ရဲဘော် လေးဝိုင်းဖြစ်ပြီး ၎င်း၏ ဈာပနအား ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည်။
ကျော်ဇော/People’s Spring ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းတစ်ခုနှင့် ဖြူးမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး သေနတ်သုံးလက်နှင့် ခဲယမ်းများရရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များကယနေ့(ဖေဖော်ဝါရီ ၁၇ရက်) အသိပေး ထုတ်ပြန်သည်။ တိုက်ခိုက်မှုများကို ဖေဖော်ဝါရီ၁၆ ရက် တစ်ရက်တည်းတွင် ကျောက်တံခါးမြို့နယ်၊ နရွဲပင်ကျေးရွာ၌တပ်စွဲထားသော တပ်စခန်းနှင့် ဖြူးမြို့နယ်ရှိ...