Connect with us

Hi, what are you looking for?

သတင်း

ကျောက်တံခါးနှင့် ဖြူးမြို့နယ်တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းတစ်ခုနှင့် ဖြူးမြို့နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့​ပြီး သေနတ်သုံးလက်နှင့် ခဲယမ်းများရရှိကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များကယနေ့(ဖေဖော်ဝါရီ ၁၇ရက်) အသိပေး ထုတ်ပြန်သည်။

တိုက်ခိုက်မှုများကို ဖေဖော်ဝါရီ၁၆ ရက် တစ်ရက်တည်းတွင် ကျောက်တံခါးမြို့နယ်၊ နရွဲပင်ကျေးရွာ၌တပ်စွဲထားသော တပ်စခန်းနှင့် ဖြူးမြို့နယ်ရှိ ဆားဂွန်းဂိတ်စခန်းတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။

ကျောက်တံခါးမြို့နယ်၊ နရွဲပင်ရွာတွင် အင်အား(၃၀)ခန့်ဖြင့် တပ်စွဲထားသော စစ်‌ကောင်စီတပ်စခန်းကို ယမန်နေ့နံနက် ၂နာရီ တောင်ပိုင်းတိုင်း၊ အမှတ်(၂) စစ်ဒေသခွဲ၊ဗျူဟာ (၂၅) လက်အောက်ရှိ Spring Warriors Column ၊ အထူးကွန်မန်ဒိုတပ်ရင်းနှင့် (၃၇၀၂)တပ်ရင်းတို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှလည်း လက်နက်ငယ်များ၊ (၄၀)မမနှင့် ခလရ (၃၀၇)မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး မိနစ်(၂၀)ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကာ ဖေဖော်ဝါရီ ၁၆ရက်နံနက် ၂ နာရီ ၁၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်သားများက ဆားဂွန်းရွာအတွင်း ဆုတ်ခွာထွက်ပြေးသွားကြောင်း Spring Warriors Column ပြောခွင့်ရသူတစ်ဦးက ပြောသည်။

“ရွာထဲမှာ စစ်ခွေးတွေကတော့ ဆက်ရှိနေပါတယ်။ (ပြည်သူကိုဒုက္ခပေးခြင်း)အဲဒါတော့ မကြားမိသေးဘူး”ဟု တိုက်ခိုက်မှုအပြီး အခြေအနေကို ၎င်းပြောခွင့်ရသူက ဆက်ပြောသည်။

စစ်ကောင်စီတပ်သားများ ကျေးရွာအတွင်းဝင်ပြေးစဥ် ၎င်းတို့အထိုင်ချနေရာအား ဝင်ရောက်စစ်ဆေးရာ ဗျူဟာ(၂၅)တပ်ရင်းများမှ လက်နက် (၃)လက်၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ လေးဦးသေဆုံး၍ ဗျူဟာ(၂၅)မှ ရဲဘော်များ ထိခိုက်ဒဏ်ရာမရရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

အလားတူ ဖြူးမြို့နှင့် ဇေယျဝတီမြို့ကြား ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆားဂွန်းဂိတ်အား ဖြူးမြို့နယ် ပကဖနှင့် (၆၀၀၂)ဧရာဝတီတပ်ရင်းက ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉နာရီတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖြူး ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီ၏ ဒုရဲအုပ်အောင်သူရနှင့် စစ်သားတစ်ဦး နေရာတွင်ပွဲချင်းပြီးသေဆုံး​ပြီး ဖြူးမြို့နယ် ပကဖ ဒရုန်းအဖွဲ့မှ ဒရုန်းဖြင့်သုံးကြိမ် ဗုံးသီးချတိုက်ခိုက်ရာ ရဲတစ်ဦး ပြင်းထန်ဒဏ်ရာထပ်မံရရှိ​သွားသည်ဟု အသိပေးသည်။

ထို့အပြင် တော်လှန်ရေးရဲဘော်များဘက်မှ ဖြူးမြို့နယ် ပကဖ၏ ဒုစိတ်မှူးရဲဘော်နေမင်းသည် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွက် မြင့်မြတ်စွာအသက်ပေးလှူ ကျဆုံးသွားခဲ့ပါသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖြူးမြို့နယ်အတွင်း အရပ်သားများရှိရာ ဘာသာရေးအဆောက်အဦတစ်ခုအနီးကို စစ်ကောင်စီက ဒရုံးဖြင့်ဗုံးကြဲ၍ ဒဏ်ရာရသူများအား ဆွဲထုတ်နေသည့် လူအုပ်အတွင်း ထပ်မံ၍ ဗုံးကြဲပြန်ရာ ၇ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိသည်။