Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ပြည်သူတွေ သတ်ပြီး နေအိမ်တွေ ဖျက်ဆီး

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က အရပ်သားပြည်သူတွေ သတ်ဖြတ်ပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဇူလိုင်၁၇ရက်မှာ ထုတ်ပြန်ပါတယ်။

(စစ်တပ်က ဝါးရင်းချိုင်ရွာက နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု)

ဇူလိုင်-၁၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က အရပ်သားပြည်သူတွေ သတ်ဖြတ်ပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဇူလိုင်၁၇ရက်မှာ ထုတ်ပြန်ပါတယ်။

မြိုင်မြို့နယ်အနောက်ခြမ်းကို ဦးတည်နေတဲ့ အင်အား ၆၀၀ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ဝါးရင်းချိုင် ကျေးရွာက (၃၁)နှစ်အရွယ် အမျိုးသား ၁ဦးကို ဇူလိုင် ၁၅ ရက်က သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝါးရင်းချိုင်ရွာက နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးတာ ၊ ပစ္စည်းတွေယူဆောင်သွားတာနဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ခဲ့ကြတယ်လို့လည်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဝါးရင်းချိုင်အထက် ကျွဲတွင်းရွာရောက်နေပြီ။လေယာဉ်နဲ့ပါ ရိက္ခာလာချပေးတယ်။ဆက်တိုးမလား အဲဒီမှာ ထိုင်မလား စောင့်ကြည့်နေရတုန်းပဲ”လို့ မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က စစ်ကြောင်းအခြေအနေကို ပြောပါတယ်။

လက်တလောမှာ အရပ်သားပြည်သူတွေကို သတ်ဖြတ်ခံနေရတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကြောင်း သတိ၊လေကြောင်း သတိပြုကြဖို့ အညာမြေတပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။

စစ်တပ်စစ်ကြောင်းက ထောက်ရှာပင်ရွာ၊ ကန်နက်၊လက် ခုပ်ပင်၊မြင်းကိုးသစ်နဲ့ ကိုင်းတောမရွာက နေအိမ်‌တွေကိုမီးရှို့ခဲ့တဲ့အပြင် အရပ်သား ပြည်သူလေးဦးကို ဇူလိုင် ၁၃ ရက်နေ့က လက်ခုတ်ပင်ရွာမှာ သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။

“စစ်ကြောင်းထဲက တချို့တ၀က်ကို စက်မှု ၂ ထဲကို ၀င်သွားတာရှိတယ်ကြားတယ်။အင်အားဖြည့်ပြီး ဘေးပတ်၀န်းကျင်တွေ ကို နယ်မြေရှင်းတာဖြစ်ဖို့များတယ်”လို့ မြိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

မြိုင်မြို့အနောက်တောင်ဘက် က တပ်မတော်အကြီးစားစက်ရုံ (တစက ၃) ဒေသအခေါ် စက်မှု ၂ ဟာ မြိုင်မြို့နယ်က စစ်တပ်အခြေစိုက်ရာနေရာတစ်ခုဖြစ်ပြီး အင်အား ၁၀၀ ၀န်းကျင်ရှိနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့လပိုင်းမှာ ပေါက်နဲ့ မြိုင်မြို့နယ်က စစ်တပ်ရဲ့ ရေပြာရဲစခန်း၊ကုက္ကိုလ်စုနဲ့ သရက်ကန်ပြည်သူ့စစ်ရွာတွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အင်အားအလုံး အရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်း မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အရပ်သားပြည်သူလူထုတွေအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ထပ်မံ တိုက်တွန်းကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော