Connect with us

Hi, what are you looking for?

သတင်း

ဒုရဲမှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းနှင့်မိသားစုဝင် ၂၀၀ နီးပါး AA ထပ်လွှတ်​ပေး

ရခိုင်ပြည်နယ်မှ မြို့သိမ်းတိုက်ပွဲများတွင် ဖမ်းမိထားသည့်စစ်သုံ့ပန်းများအား အာရက္ခတပ်တော် (AA)က ဆက်တိုက်ပြန်လွှတ်ပေးနေပြီး ယခုရက်ပိုင်းတွင် ဒုတိယ ရဲမှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းနှင့်မိသားစုဝင် ၂၀၀ခန့်ကို ထပ်မံလွှတ်ပေးလိုက်ကြောင်း သတင်းရင်းမြစ်အချို့က​ပြောသည်။

အမ်းမြို့မှအ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)သိမ်းပြီး​နောက် ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းများကို ​တွေ့စဥ်။ ဓါတ်ပုံ-AA Infodesk

ကဖေး/People’s Spring

ရခိုင်ပြည်နယ်မှ မြို့သိမ်းတိုက်ပွဲများတွင် ဖမ်းမိထားသည့်စစ်သုံ့ပန်းများအား အာရက္ခတပ်တော် (AA)က ဆက်တိုက်ပြန်လွှတ်ပေးနေပြီး ယခုရက်ပိုင်းတွင် ဒုတိယ ရဲမှူးကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်းနှင့်မိသားစုဝင် ၂၀၀ခန့်ကို ထပ်မံလွှတ်ပေးလိုက်ကြောင်း သတင်းရင်းမြစ်အချို့က​ပြောသည်။

“ဟိုရက်ထဲက ပထမတစ်သုတ်လွှတ်ပြီး အခုရက် နောက်တစ်သုတ်လွှတ်တယ်။ တပ်တော် (AA)ဘက်ကသေချာလေးပြောဆို ထိန်းကျောင်းပြီး လွှတ်တဲ့အနေအထားဖြစ်ပါတယ်” ဟု ရခိုင်အခြေစိုက်သတင်းရင်းမြစ်ကပြောသည်။

ပြန်လွှတ်ပေးလိုက်သည့် ဒုတိယရဲမှူးကြီးသည်မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိထားသူများထဲမှ တစ်ဦးဖြစ်ကြောင်း သိရသော်လည်း အသေးစိတ် မသိရှိရသေးပေ။ပြန်လွှတ်ပေးသူအရေအတွက်သည် စုစုပေါင်း ၁၉၈ဦးဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

AAသည် ပြီးခဲ့သည့် ဒီဇင်ဘာလ လ၈ရက်နေ့ကလည်းစစ်သုံ့ပန်းနှင့် မိသားစုဝင် ၁၁၆ ဦး အရပ်သား အကျဉ်းသား ၂၆ ဦး၊ စုစုပေါင်း ၁၄၂ ဦး ပြန်လွတ်ပေးခဲ့သည်။

ယခု စိစစ်၍ လွှတ်ပေးနေသည့် အစီအစဉ်တွင် တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် မြို့နယ်များမှ စစ်သုံ့ပန်းများကိုသာ ပြန်လွှတ်ပေးနေခြင်းဟု သတင်းရရှိသည်။ AAကမူ တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

AAသည် ၂၀၂၃ခုနှစ် နိုဝင်ဘာလ၁၃ရက်မှ စတင်သည့် ရခိုင်ပြည်နယ်မှမြို့သိမ်းတိုက်ပွဲများအတွင်း စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့မှလွဲ၍ ကျန်မြို့များကိုသိမ်းယူထားပြီးဖြစ်သည်။ တိုက်ပွဲများအတွင်း တိုင်းအဆင့် စစ်ကောင်စီအရာရှိများလည်းဖမ်းမိခဲ့ပြီး သေဆုံးသူများလည်းရှိခဲ့သည်။

၂၀၂၄ ခုနှစ်ဒီဇင်ဘာလက AA၏ ဂွမြို့သိမ်းတိုက်ပွဲတွင်တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုး နှင့် တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ သေဆုံးခဲ့သည်ဟု AAက ဒီဇင်ဘာလ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)အား သိမ်းယူစဉ် ထွက်ပြေးသည့် ဗိုလ်မှူးကြီး အောင်နေမျိုးအား အသေဖမ်းမိခြင်းဟု AAကသတင်းထုတ်ပြန်ခဲ့သည်။

ယင်းတိုက်ပွဲတွင်ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကိုလည်း AA က အရှင်ဖမ်းမိခဲ့သည်။ထို့အပြင် ဒီဇင်ဘာလ ၂၀ ရက်က အမ်းမြို့မှ အနောက်ပိုင်းတိုင်စစ်ဌာနချုပ်(နပခ)အား သိမ်းယူသည့်တိုက်ပွဲ၌ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ကို အရှင်ဖမ်းဆီးခဲ့သည်။

AAသည် ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များ နှင့် ပလက်ဝ ဒေသ တိုက်ပွဲများတွင်လည်း စစ်ကောင်စီထိပ်တန်းအရာရှိများကို ဖမ်းဆီးခဲ့ဖူးသလို အချို့ သေဆုံးခဲ့သည်။ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များမှစကခ (၉) လက်အောက်ခံတပ်ရင်းများကို AAက တိုက်ခိုက်စဉ်စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်ဖမ်းဆီးမိခဲ့သည်။ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ၌ မြောက်ဦးခမရ (၃၇၇)အားတိုက်ခိုက်သိမ်းပိုက်စဉ် ယင်းအချိန်က တပ်မ (၁၁) တပ်မမှူးဗိုလ်မှူးကြီးမင်းမင်းထွန်းအားအသေဖမ်းမိခဲ့သည်။

ပလက်ဝဒေသတိုက်ပွဲတွင်လည်းပလက်ဝအခြေစိုက်စကစ (၁၉)၊ ရှေ့တန်းဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေသည် ကျဆုံး၊ ပျောက်ဆုံး၊ ရေထဲနစ်မြုပ်၊ ထွက်ပြေးလွတ်မြောက် သွားသည်ကိုအတည်ပြု၍ မရနိုင်ကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။လက်ရှိတွင် AAက ထောင်နှင့်ချီသောစစ်သုံ့ပန်းများအပြင် စစ်ကောင်စီထိပ်တန်းအရာရှိများအဖြစ် ဗိုလ်မှူးချုပ်လေးဦး ဖမ်းဆီးထားသည်။

AAက ကထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများရှိရာနေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်းပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို ယမန်နေ့ ဇန်နဝါရီလ (၁၈) ရက်နေ့ညနေတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်။ ပြန်လွှတ်ပေးခါနီး စစ်သုံပန်းများနှင့်မိသားစုဝင်များရှိရာကို လေကြောင်းမှတိုက်ခိုက်ခြင်းဟု AAက ထုတ်ပြန်ခဲ့သည်။

၂၀၂၄ စက်တင်ဘာလ ၉ရက်နှင့် စက်တင်ဘာလ ၁၀ရက်ကလည်းပေါက်တောမြို့နယ် နှင့် မောင်တောမြို့နယ်ရှိ စစ်သုံ့ပန်းများထားရှိသည့်အကျဥ်းစခန်းကို လေကြောင်းမှာဗုံးကြဲတိုက်ခိုက်ဖူးသည်။ အထက်ပါတိုက်ခိုက်မှုတွင်စစ်သုံပန်းအများအပြားသေဆုံးခဲ့ ကြောင်း AAက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။