Connect with us

Hi, what are you looking for?

သတင်း

အားလုံးချစ်တဲ့ ရဲဘော်လေးဝိုင်း ဈာပန

စစ်ကောင်စီကိုခုခံတိုက်ခိုက်ရင်းကျဆုံးသွားသည့် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပ.က.ဖ လက်ရုံးတပ် (ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး-ULF စစ်ကြောင်း ၊ Rural Rangers အဖွဲ့)မှ ရဲဘော်တစ်ဦး၏ ဈာပနမှတ်တမ်းဓာတ်ပုံများဖြစ်သည်။တိုက်ပွဲအတွင်း ကျဆုံးခဲ့သူသည်ULF ရဲဘော် လေးဝိုင်းဖြစ်ပြီး ၎င်း၏ ဈာပနအား ​ဖေ​ဖော်ဝါရီ ၁၇ ရက်​နေ့က ပြုလုပ်ခဲ့သည်။

ဓါတ်ပုံ- ULF

ကဖေး/People’s Spring

စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်းကျဆုံးသွားသည့် ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပ.က.ဖ လက်ရုံးတပ် (ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး-ULF စစ်ကြောင်း ၊ Rural Rangers အဖွဲ့)မှ ရဲဘော်တစ်ဦး၏ ဈာပနမှတ်တမ်းဓာတ်ပုံများဖြစ်သည်။တိုက်ပွဲအတွင်း ကျဆုံးခဲ့သူသည် ULF ရဲဘော် လေးဝိုင်းဖြစ်ပြီး ၎င်း၏ ဈာပနအား ​ဖေ​ဖော်ဝါရီ ၁၇ ရက်​နေ့က ပြုလုပ်ခဲ့သည်။

“သူတို့သားစိတ်ချမ်းသာရင် ပြီးတာပဲဆိုပြီး တော်လှန်ရေးအတွက်သူတို့သားရဲ့လိုအပ်သမျှ သာမက သူ့သားရဲ့ ရဲဘော်‌တွေ လိုအပ်သမျှလည်း ပျော်ပျော်ကြီး ဖြည့်ဆည်းပေးခဲ့တဲ့ နင့်အဖေနဲ့အမေဆီကို အသက်မဲ့ ခန္ဓာကိုယ်ကိုသာ ပြန်သယ်ဆောင်ပေးခဲ့ရတဲ့ အစ်မ ရင်ထဲ နင့်နေအောင် ခံစားရပါတယ်”

ရဲဘော်လေးဝိုင်း၏ အသက်မဲ့ ခန္ဓာကိုယ်ကို ပြန်လည်သယ်ဆောင်လာပြီး မိဘများထံအပ်နှံခဲ့သည့် တော်လှန်ရေးရဲမေတစ်ဦးက အထက်ပါအတိုင်းရင်ဖွင့်ထားသည်။

Public Service Announcement

Public Service Announcement

ရဲဘော်လေးဝိုင်းအသက်၂၃နှစ်အရွယ်သာရှိသေးပြီး စစ်အာဏာရှင်တော်လှန်ရေးကို အသက်ခန္ဒာစွန့်လွတ်တိုက်ပွဲဝင်ခဲ့သူဟု ယင်းမာပင်အခြေစိုက် ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

၎င်းပါဝင်သည့် ULFစစ်ကြောင်းသည် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တွင် အခြေစိုက်ပြီး စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ မကြာခဏ တိုက်ခိုက်နေသည်။

ရဲ​ဘော်ဝိုင်း​လေးကို ​တော်လှန်​ရေး ရဲ​ဘော်ရဘက်များကသာမက ပြည်သူများကပါ ချစ်ခင်ကြ၍သူ၏ ဈာပနကို ​တော်လှန်​ရေးရဲ​ဘော်များနှင့်ပြည်သူအများအပြားကလိုက်ပါပို့​ဆောင်​ပေးခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကနီမြို့နယ်၊ချောင်းမကျေးရွာမှဆုတ်ခွာထွက်ပြေးသွားသော စစ်သားများကို ​တော်လှန်​ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ ၃ဦးဖမ်းမိပြီး သေနတ်၃လက်နှင့်ကျည်ဆံများ သိမ်းဆည်းနိုင်ခဲ့​ကြောင်းဒေသခံ​တော်လှန်​ရေးတပ်​ပေါင်းစု-ULF က သတင်းထုတ်ပြန်သည်။

သတင်း

ကနီမြို့နယ်၊ ချောင်းမကျေးရွာတိုက်ပွဲတွင် အမှတ်(၁)စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်နိုင်မင်းကျဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ် ချောင်းမကျေးရွာမှာအထိနာပြီး ဆုတ်ပြေးလာတဲ့ စစ်ကောင်စီတပ်စစ် ကြောင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး လက်နက်နှစ်လက်ရရှိတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။

သတင်း

ထိရောက်​သောပြစ်ဒဏ်များချမှတ်သွားမည်ဟု NUGကာကွယ်​ရေးဝန်ကြီးဌာန​ပြော​ရေးဆိုခွင့်ရှိသူပြော