Connect with us

Hi, what are you looking for?

သတင်း

တရုတ်လက်​ထောက်ဝန်ကြီး ရောက်ရှိနေတာဟာ ကျားဖြန့်နှိမ်နင်းရေး သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုရဲ့အစိတ်အပိုင်းတစ်ရပ်လို့ ထိုင်းပြော

တရုတ်အစိုးရလက်​ထောက်ဝန်ကြီးတစ်ဦး ထိုင်းနိုင်ငံမှာ ရောက်ရှိပြီး လှုပ်ရှားနေတာတွေဟာ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ဒုစရိုက် လှုပ်ရှားမှုတွေကို တိုက်ဖျက်ရေးအတွက် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်း တစ်ရပ် ဖြစ်တယ်လို့ ထိုင်းဒုတိယ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေး လက်​ထောက်ဝန်ကြီးလျူရှောင်ယီ နဲ့ ကိုယ်စားလှယ်အဖွဲ့က ​ဖေ​ဖော်ဝါရီ ၁၇ ရက်​နေ့မှာ ထိုင်းနယ်စပ်မဲ​ဆောက်မှ မြန်မာနယ်စပ်မြဝတီမြို့သို့ကားဖြင့်လာပြီး လိုက်လံ ကြည့်ရှု​နေစဥ်။ဓါတ်ပုံ-The Reporter

People’s Spring

တရုတ်အစိုးရလက်​ထောက်ဝန်ကြီးတစ်ဦး ထိုင်းနိုင်ငံမှာ ရောက်ရှိပြီး လှုပ်ရှားနေတာတွေဟာ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ဒုစရိုက် လှုပ်ရှားမှုတွေကို တိုက်ဖျက်ရေးအတွက် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အစိတ်အပိုင်း တစ်ရပ် ဖြစ်တယ်လို့ ထိုင်းဒုတိယ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

တရုတ် ပြည်သူ့လုံခြုံရေး လက်​ထောက်ဝန်ကြီးလျူရှောင်ယီဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြန်မာ-ထိုင်း နယ်စပ်ဒေသကို ရောက်ရှိနေပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှု သားကောင် ဖြစ်ခဲ့သူ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့ရေး ကိစ္စတွေကို ပါဝင် လုပ်ဆောင်နေခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာတော့ ထိုင်းဒုတိယ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဖြစ်သူ ဖုန်သမ် ဝီချာရာချိုင်က ထိုင်းနိုင်ငံမှာ လျူရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုတွေဟာ ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံ ပူးပေါင်းပြီး ကျားဖြန့် နှိမ်နင်းရေး အားထုတ်မှု အစိတ်အပိုင်းမျိုး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက အဲဒီကိစ္စအတွက် သုံးနိုင်ငံ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နေခဲ့တာ နှစ်လလောက် ရှိပြီလို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖုန်သမ်က လျူဟာ အဲဒီ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ သူရော၊ မြန်မာဖက်က ပြည်ထဲရေးဝန်ကြီးနဲ့ပါဆွေးနွေးမှုတွေ လုပ်ဆောင်

ခဲ့ကြောင်း၊ သူနဲ့ လျူတို့ဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာ နောက်တစ်ခေါက် ထပ်တွေ့ဖို့ ချိန်းဆိုထားကြောင်းလည်း ဆက်ပြောပါတယ်။

သူက မြန်မာဖက်ခြမ်း နယ်စပ်က ကျားဖြန့်ငွေလိမ်ဂိမ်းတွေမှာ အလုပ်လုပ်နေခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်ထုတ်ပြီး ထိုင်းဖက်ကို တစ်ဆင့်ခံ ခေါ်ယူပြီး တရုတ်ဆီ ပြန်ပို့မှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အဲဒီအဆင့်တွေ မတိုင်ခင် မြန်မာနိုင်ငံမှာ ဖြတ်သန်းရမယ့် အဆင့်တွေတော့ ရှိနေကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ အဲဒီ ကယ်ဆယ်လာမယ့် လူပုဂ္ဂိုလ်တွေ ထိုင်းပိုင်နက်ထဲကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရောက်ရှိအောင် ကူညီမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ တရုတ်အရာရှိတွေက သူတို့ကို မဲဆောက်ကနေ တရုတ်နိုင်ငံ ပြန်နိုင်အောင် လေယာဉ် စီစဉ်ပေးမှာဖြစ်ကြောင်း ဖုန်သမ်က ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာဖက်ခြမ်းက ဘုရားသုံးဆူမြို့မှာ ဒီမိုကရက်တစ် ကရင် အကျိုးပြု တပ်မတော် (DKBA)ဟာ ကျားဖြန့် လုပ်ငန်းတွေနဲ့ ဆက်နွှယ် ပတ်သက်တယ်လို့ ယုံကြည်ရတဲ့ တရုတ် ၈၆ ယောက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ သူတို့ကို ကျားဖြန့်ဂိုဏ်းတွေနဲ့ တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေ လည်ပတ်ရာ အဆောက်အအုံ တစ်ခုထဲမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဒါဟာ ဒေသတွင်းက ကျားဖြန့် တိုက်ဖျက်ရေး DKBAရဲ့ အားထုတ်မှုတွေမှာ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ထိုင်းလုံခြုံရေးဆိုင်ရာ ကိုယ်စားလှယ်တွေကပါ အဲဒီလှုပ်ရှားမှုတွေကို စိစစ် စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။

လျူဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့တုန်းကလည်း ထိုင်းရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာရှိ တချို့နဲ့အတူ မြဝတီဖက်ကို သွားရောက်ခဲ့ပြီး ရွှေကုက္ကိုမြို့ အခြေစိုက် ကျားဖြန့် ဂိုဏ်းတွေကနေ ကယ်ထုတ်လာတဲ့ လူကုန်ကူးခံရသူ ၃၀၀ ဝန်းကျင်ကို ကရင် နယ်ခြားစောင့်တပ် (BGF) စခန်းတစ်ခုမှာသွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဲဒီထဲက အများစုဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပြီး အိန္ဒိယ၊ ကင်ညာ၊ မလေးရှား၊ ပါကစ္စတန်နဲ့ ရဝမ်ဒါ နိုင်ငံသားတွေပါ ရောနှောပါဝင်နေပါတယ်။ အားလုံးကို ထိုင်းဖက် လက်လွှဲပို့ဆောင်ပြီးရင် နေရပ်ပြန်နိုင်အောင် စီစဉ်သွားမယ်လို့ သိရပါတယ်။

အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့ မဟာမိတ် BGF အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူကကေကေပက်ခ်၊ မြဝတီနဲ့ ရွှေကုက္ကိုမှာ ရှိနေတဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ သူ့လက်အောက်ခံ တပ်ဖွဲ့တွေက ဆက်လက် အားထုတ် လုပ်ဆောင်နေမှာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေပိုင်းတုန်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သူက မြန်မာဖက်ခြမ်းမှာ ရှိနေတဲ့ လူကုန်ကူးခံ တရုတ်နိုင်ငံသားတွေထဲက ပထမ တစ်သုတ်ကို နေရပ်ပြန်ရေး ကိစ္စအတွက် ထိုင်းရဲ့ တက်ခ်ခရိုင်ဆီ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စတင် လွှဲပြောင်းပေးနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

Facebook