Connect with us

Hi, what are you looking for?

သတင်း

ကက်သလစ်ဘုန်း​တော်ကြီးသတ်ဖြတ်မှု သံသယရှိသူ၁၀ဦးအား စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးနေဟု NUGပြည်ထဲရေး အသိပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၌ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်ရဲနိုင်ဝင်း သတ်ဖြတ်ခံရမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဘုရားကျောင်းဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်ရဲနိုင်ဝင်း။ ဓာတ်ပုံ - RVA Myanmar

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၌ လုဒ်မယ်တော်သခင်မ ဘုရားကျောင်းဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်ရဲနိုင်ဝင်း သတ်ဖြတ်ခံရမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သက်တော် (၄၄)နစ်ရှိဘုန်းတော်ကြီး ဖာသာရ်မာတင်ဒေါနယ်ရဲနိုင်ဝင်းသည် ဖေဖော်ဝါရီ ၁၄ရက် ညနေ ၆ နာရီအချိန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ထိုဖြစ်ရပ်အတွက် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး သတ်ဖြတ်မှု ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးကို အပူတပြင်းဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးနေပြီး လတ်တလော စုံစမ်းစစ်ဆေးမှုများအရ သံသယတရားခံများသည် ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့၏ အဖွဲ့ဝင်များဖြစ်ကြောင်းသိရှိရပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ခုံရုံးတင်စစ်ဆေးပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင်တပ်ရင်း(၅)နှင့် တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)ပူးပေါင်းပြီး သံသယတရားခံ ၁၀ဦးကို ဖမ်းဆီးစစ်ဆေးနေသည်ဟု ထုတ်ပြန်ထားသည်။

ဘာသာရေးခေါင်းဆောင်များအပါအဝင် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကို မည်သည့် အဖွဲ့အစည်းကကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူများကိုလည်း ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာ ထားသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ဒေသမဖြစ်တဲ့ဒီအမှုကို ဥပဒေအတိုင်း ဆောင်ရွက်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ သပိတ်အင်အားစုတွေအနေနဲ့လည်း စောင့်ကြည့်သွားမှာပါ”ဟု စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားနေသည့် ရွှေဘိုမြို့ခံတစ်ဦးက ပြောသည်။

ဖာသာရ်မာတင်ဒေါနယ် ရဲနိုင်ဝင်းသည် လက်နက်ကိုင်လူတစ်စု၏ ရက်စက်စွာ အသတ်ခံရကြောင်း ကြားသိခဲ့ရပြီး ထိုသတင်းကြောင့် အံ့ဩတုန်လှုပ်ခြင်းဖြင့် ကြေကွဲဝမ်းနည်းရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်(CBCM)က ဖေဖော်ဝါရီ ၁၆ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြို့ရှောင်လမ်းမှာ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးက ဒုရဲမှူးနှစ်ဦးအပါအဝင် ရဲ သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကံကြီးတောကျေးရွာမှာ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းက ကတ်သလစ်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သူ ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တိုက်ကော(ခ)ဝင်းဇော်ဦးပါ ၈ဦးကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ် ၂၀ချမှတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရွှေဘိုမြို့နယ်၊ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးဖြစ်သူ Father Donald Martin ရဲနိုင်ဝင်းအား သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသော ဒေသကာကွယ်ရေး (Local PDF) တပ်ဖွဲ့ဝင်ဆယ်ဦးကို ရွှေဘိုခရိုင်တပ်ရင်း(၅)ကဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

ဆောင်းပါး

ဆောင်းကုန်လုလု တပို့တွဲလဆန်းရဲ့ နေ့တနေ့မှာ အသက်(၇၂)အရွယ် ဒေါ်ဝိုင်းတယောက် ရွာကိုစွန့်ခွာခဲ့တယ်။ သူအပါအဝင် သက်ကြီးဘိုးဘွားလေးဦးနဲ့ လူလတ်ပိုင်းနှစ်ဦးလည်း ပါပါတယ်။