Connect with us

Hi, what are you looking for?

သတင်း

ဟောမုဇ် ရေလက်ကြားကို အီရန်က စီမံခန့်ခွဲသွားမယ်လို့ဆို

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်ကို အီရန်က စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့ အမေရိကန်နဲ့ စေ့စပ် ညှိနှိုင်းခဲ့တဲ့ အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဓာတ်ပုံ - AP

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းခွင့်ကို အီရန်က စီမံခန့်ခွဲသွားမှာ ဖြစ်တယ်လို့ အမေရိကန်နဲ့ စေ့စပ် ညှိနှိုင်းခဲ့တဲ့ အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆွစ်ဇာလန်မှာ အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံခဲ့ရာမှာတော့ စစ်ပွဲကာလတလျှောက်လုံးနီးပါး အီရန်က ပိတ်ဆို့ထားခဲ့တဲ့ ဟောမုဇ် ရေလက်ကြားမှာ နိုင်ငံတကာ ရေကြောင်းသွားလာမှုတွေ လွတ်လွတ်လပ်လပ် ပြန်လည် စတင်နိုင်ရေး ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ အီရန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့သူ လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်က ဟောမုဇ် ရေလက်ကြား စီမံခန့်ခွဲပိုင်ခွင့်ကို အီရန်က ရယူသွားမယ့်အကြောင်း အစိုးရပိုင် IRNA သတင်းဌာနဆီ ဇွန်လ ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

တစ်နည်းအားဖြင့် အရှေ့အလယ်ပိုင်း ဒေသရဲ့ ရေနံနဲ့ ဓာတ်ငွေ့တွေ ကုန်သွယ် ပို့ဆောင်ရာမှာ အချက်အခြာ အကျဆုံး ရေလမ်းကြောင်းဟာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်တဲ့ စစ်ပွဲ မစခင်မှာ လွတ်လပ်တဲ့ နိုင်ငံတကာ ရေပိုင်နက် ဖြစ်ခဲ့ပေမယ့် စစ်ပွဲနောက်ပိုင်းမှာ အီရန်က ဩဇာလွှမ်းမိုးရာ ရေပြင်ဧရိယာ ဖြစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

Public Service Announcement

Public Service Announcement

ဟောမုဇ် ရေလက်ကြားဟာ စစ်ပွဲမတိုင်ခင် အခြေအနေမျိုးကို ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ကြောင်း၊ အီရန်ဟာ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ဟောမုဇ် ရေလက်ကြား ဖြတ်သန်းမှုတွေကို စီမံသွားမှာဖြစ်ကြောင်း ဂါလီဘက်ဖ်က ဆိုပါတယ်။

ဆွစ်ဇာလန်မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲဟာ အီရန်အတွက် ကောင်းမွန်တဲ့ ရလဒ်တွေလည်း ပိုင်ဆိုင်လာစေခဲ့တယ်လို့ ဂါလီဘက်ဖ်က Telegramမှာ ဗီဒီယို တစ်ခုတင်ပြီး မှတ်ချက်ပေးထားခဲ့ပါတယ်။ အထူးသဖြင့် ဟောမုဇ် ရေလက်ကြားကိစ္စ၊ လက်ဘနွန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ရေး၊ အီရန်ရဲ့ ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့ထားတာတွေ လျှော့ချနိုင်ရေးလို ကိစ္စတွေမှာ အီရန်အတွက် ကျေနပ်စရာ ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာတော့ အမေရိကန်ဟာ အီရန်ရဲ့ ရေနံတင်ပို့ ရောင်းချမှုတွေကို ပိတ်ဆို့ထားရာကနေ ရက်ပေါင်း ၆၀ ကြာ ဖြေလျှော့ပေးထားမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

လုပ်စရာ ကိစ္စတွေက အစပိုင်း အဆင့်ပဲ ရှိနေသေးကြောင်း၊ အီရန်အနေနဲ့ လိုလားချက်တွေ ပြည့်ဝအောင် ဆက်ပြီး အားထုတ်ရမယ့် အပိုင်းတွေ ကျန်နေသေးကြောင်းလည်း ဂါလီဘက်ဖ်က ဆိုပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာတော့ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းတဲ့ ရေကြောင်းသွားလာမှုတွေ ပိုပြီး ထူထပ်များပြားလာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ စစ်ပွဲ မတိုင်ခင် နေ့စဉ် သွားလာတဲ့ ရေယာဉ် အရေအတွက်မျိုး အထိတော့ ပြန်မရောက်လာသေးပါဘူး။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။