Connect with us

Hi, what are you looking for?

အတွေးအမြင်

၁၀၂၇ စစ်ဆင်​ရေးရည်မှန်းချက် ပြည့်​ပြီလား

ဒီပ/People’s Spring

ဆယ်စုနှစ်​ပေါင်းများစွာ နိုင်ငံ့ဘဏ္ဍာ​တွေကို စိတ်ကြိုက်သုံးပြီး ​ခေတ်မီတပ်မ​တော်ဆိုကာဟန်​ရေးတပြပြလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ အ​ခြေအ​နေမှန်ကို မျက်နှာဖုံး ခွချလိုက်တဲ့ စစ်ဆင်​ရေးကြီးတစ်ခုရှိပါတယ် ။

စစ်တပ်က အမည်ကြားလိုက်တာရုံနဲ့ကြောက်ဒူးတုန်ခဲ့ကြတာပါ ။ ဘယ်​လောက်ထိ​ကြောက်ခဲ့ကြလဲဆိုရင်မျောက်သုံး​ကောင်ရုပ်ပုံ​တွေကို စစ်တပ်ရုံး​တွေ၊စခန်း​တွေမှာ ​ဇောက်ထိုးထား ယတြာ​ချေခဲ့ရတယ်အထိ စစ်အုပ်စု က​ယောင်ကတန်းဖြစ်ခဲ့တာပါ။ ၁၀၂၇စစ်ဆင်​ရေးလို့​ခေါ်ပါတယ် ။ ၁၀ လပိုင်း ၂၇ ရက်​နေ့ကိုအစွဲပြုပြီး စစ်ဆင်​ရေးအမည်​ပေးခဲ့တာပါ။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ရဲ့ ညီ​နောင်မဟာမိတ် သုံး​​ဖော်​ရဲ့ ၁၀၂၇ စစ်ဆင်​ရေးကြီးဟာ ၂၀၂၅ ​အောက်တိုဘာ ၂၇ ရက်​နေ့မှာ ၂ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ ။

Public Service Announcement

Public Service Announcement

စစ်အုပ်စု အာဏာသိမ်းပြီး ၂ နှစ်ခွဲ​ကျော်အကြာမှာ​ပေါ်​ပေါက်လာတဲ့ ဒီစစ်ဆင်​ရေးကြီးက ရှမ်းပြည်နယ်​မြောက်ပိုင်း​ဒေသတစ်ခုလုံးနီးပါးကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ ။ ​ခေတ်သစ်မြန်မာသမိုင်းမှာ စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ် တစ်ခုကို လပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တယ်အထိ့ ထိုးစစ်အရှိန်ကပြင်းထန်ခဲ့ပါတယ် ။

ညီ​နောင်မဟာမိတ် သုံးဖွဲ့တည်းလားဆိုရင်​တော့မဟုတ်ပါဘူး ။ တပ်မဟာ ၆၁၁ လို့​ နာမည်​ကြီးတဲ့ MNDAA ​အောက်မှာစုဖွဲ့ထားတဲ့ နိုင်ငံတစ်ဝန်းက လူမျိုး​ပေါင်းစုံပါဝင်တဲ့၊စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လူငယ်​တွေစုဖွဲ့ တပ်ဖွဲ့ဝင်​တွေ ၊ PLA တပ်ဖွဲ့ဝင်​တွေ ၊ကရင်နီပြည်က KNDF တပ်ဖွဲ့ဝင်​တွေ ၊ အညာ​ဒေသက PDF ​တွေ စတဲ့ တပ်​ပေါင်းစု​တွေလည်း ညီ​နောင် သုံး​ဖော်နဲ့အတူ ဖက်ဆစ်စစ်တပ်ကို ​တော်လှန်တိုက်ခိုက်ခဲ့ကြတာပါ ။

ညီ​နောင်သုံး​ဖော်ရဲ့ ၁၀၂၇ စစ်ဆင်​ရေးဟာ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာသာမက ရက္ခိုင်ပြည်မှာလည်း ပြည်သိမ်းစစ်ဆင်​ရေး ၊ မန္တ​လေးတိုင်းမှာလည်း ရှမ်းမန်းစစ်ဆင်​ရေး ၊ ကရင်နီပြည်မှာ တစ်​လေးလုံး (၁၁၁၁) စစ်ဆင်​ရေး​တွေ အပြိုင်နွှဲခဲ့ကြတာပါ ။ဒါ​ကြောင့် စစ်အုပ်စုရဲ့ စခန်း​တွေ၊ တပ်ရင်း​တွေ ၊တပ်ရင်းဌာနချုပ်​တွေ ၊မြို့​တွေ ကိုအပြိုင်သိမ်းခဲ့ကြတဲ့ မြို့သိမ်းပွဲ​တော်ရာသီကာလလို့လည်း​ပြောရင်မမှားပါဘူး ။

​ရှမ်းပြည်နယ်​မြောက်ပိုင်း​ နဲ့ မန္တ​လေးတိုင်းအစပ်နောင်ချိုက​နေ စစ်တပ်မြို့ ပြင်ဦးလွင် ၊အဲဒီက​နေ အထက်မြန်မာပြည်မြို့​တော် မန္တ​လေးမြို့​တွေအထိပါ သိမ်းနိုင်တဲ့ နိုင်ငံသိမ်းစစ်ဆင်​ရေးကြီးအဖြစ် ကူး​ပြောင်းနိုင်​တယ်အထိအရှိန်အဟုန်ကြီးမားခဲ့ပါတယ် ။ဒါ​ပေမယ့် အဲဒီလိုအ​ခြေအ​နေကို အိမ်နီးချင်းအင်အားကြီး တရုတ်အစိုးရက မလိူလားပါဘူး ။ လားရှိုးက​နေ MNDAA တပ်​တွေ ​နောက်ပြန်ဆုတ်ဖို့ ၊ ​တောင်းခမ်းက​နေ TNLA နဲ့ပူး​ပေါင်းတပ်​တွေ ထိုးစစ်ဆက်မဆင်ဖို့ နည်းမျိုးစုံသုံးဖိအား​ပေး ခြိမ်း​ခြောက်ပြီး အာဏာသိမ်းစစ်အုပ်စုကို ကူညီခဲ့ပါတယ် ။

၁၀၂၇ စစ်ဆင်​ရေး ဘာ​ကြောင့် အဲ​လောက်ထိ​အောင်မြင်ခဲ့တာလည်းဆိုရင် ညီ​နောင်မဟာမိတ်သုံးဖွဲ့ရဲ့ တိုက်စွမ်းရည်ထက်မြတ်တာ၊ စစ်ဆင်​ရေးမှာပါဝင်တဲ့ ​နွေဦး​တော်လှန်​ရေးမှာ ​ပေါ်​ပေါက်လာတဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေရဲ့ ရဲရင့်မှုနဲ့ သင်ယူတက်​မြောက်လွယ်မှု ၊ပြည်သူလူထုရဲ့ အား​ပေး​ထောက်ခံမှု နဲ့ စစ်တပ်အာဏာသိမ်းပြီး လပိုင်းအကြာမှာ​ပေါ်​ပေါက်ခဲ့တဲ့ နိုင်ငံတစ်ဝန်းက ရဲရင့်တဲ့လူငယ်​တွေရဲ့ လက်နက်စွဲကိုင်ခုခံ​တော်လှန်မှု​တွေ​ကြောင့် စစ်တပ်အနားမရပဲ စစ်ပန်းလာမှု​​တွေက အဓိက အ​​ကြောင်းအချက်​တွေလို့ သုံးသပ်ပါတယ်။

တရုတ်အစိုးရရဲ့မီးစိမ်းပြမှု​ကြောင့်စစ်ဆင်​ရေးကာလမှာ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အကူအညီ​ကြောင့် လက်နက်ခဲယမ်း​တွေ​ပေါ​ပေါသီသီသုံးခွင့်ရခဲ့တာကလည်းအ​ရေးပါ​ပေမယ့်အထက်ပါအချက်​တွေက​တော့ အောင်မြင်ခြင်းရဲ့ အဓိက အရင်းခံအချက်​တွေဖြစ်တယ် လို့ရှုမြင်ပါတယ် ။

နိုင်ငံတစ်ဝန်းကပြည်သူလူထုက ဘာ​ကြောင့် အလျင်အမြန် ထောက်ခံခဲ့လည်းဆိုရင်ခေတ်အဆက်ဆက် စစ်အုပ်စု ဝါဒဖြန့်ချီမှု​အောက်မှာ မျက်စီမပွင့်ခဲ့တဲ့ပြည်သူ​အများစုက ဖေ​ဖော်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းမှုမှာ ဘယ်သူ​၊ဘယ်အဖွဲ့စည်းက အကြမ်းဖက်သမားလဲ ၊ဘယ်သူ​တွေက ပြည်သူ့ရန်သူလည်းဆိုတာကို ရှင်းရှင်းလင်းလင်းသိမြင်သွားကြတာ​ကြောင့်ပါ ။ဒါအပြင် ညီ​နောင် မဟာမိတ် သုံးဖွဲ့ရဲ့ ​ကြေညာ​မောင်းခတ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်​ရေး ရည်မှန်းချက်က ပြည်သူ​တွေရဲ့ ဘဝင်ကိုဟပ်မိ​စေခဲ့ပါတယ် ။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ပြည်သူ့ဆန္ဒများကို ဖြည့်ဆည်းရေး၊ စစ်ကောင်စီရဲ့ နေ့စဉ် တရားမဲ့ သတ်ဖြတ်နေခြင်းက​နေ ပြည်သူ​တွေကို ကာကွယ်​ပေး​ရေး ၊ကျားဖြန့်နိုင်နင်း​ရေး စတဲ့ရည်မှန်းချက်​တွေက နိုင်ငံတစ်ဝန်းကပြည်သူ​တွေရဲ့ယုံကြည်မှုကို အလျင်အမြန်ရရှိ​စေခဲ့တာဖြစ်ပါတယ် ။

၁၀၂၇ စစ်ဆင်​ရေးပထမလှိုင်း နဲ့ ဒုတိယလှိုင်းမှာ နယ်​မြေ​တွေအလျင်အမြန် သိမ်းပိုက်နိုင်ခဲ့​ပေမယ့် တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယီ ရဲ့၂၀၂၄ သြဂုတ်လဆန်း​နေပြည်​တော်ခရီးစဥ်အပြီး တရုတ်အစိုးရရဲ့ဖိအား​ပေး ခြိမ်း​ခြောက်မှု​တွေ​ကြောင့် ရှမ်း​​မြောက်မှာ ​​အ​ခြေအ​နေ​တွေ မြန်မြန်ဆန်ဆန်​ပြောင်းလဲကုန်ပါတယ် ။ တရုတ်ဖိအား​ကြောင့် ၂၀၂၅ ဧပြီလမှာ MNDAA က ကျည်တစ်ချက်မ​ဖောက်ရပဲ လားရှိူးမြို့နဲ့ ရမခ ကို စစ်​ကောင်စီကိုလက်လွှဲ​ပေးခဲ့ရပါတယ်။

TNLA ဆိုရင်လည်း ​တောင်းခမ်းက​နေ ဆက်တိုက်​နောက်ဆုတ်လာရတာ ​နောင်ချို ၊ ​ကျောက်မဲ ၊သီ​ပေါ မြို့​တွေကို သြဂုတ်က​နေ ​အောက်တိုလအတွင်း ဆက်တိုက်ပြန်လက်လွှတ်​ပေးခဲ့ရပါတယ်။

ဒါ​ကြောင့် ၁၀၂၇ စစ်ဆင်​ရေးမှာ ​တော်လှန်​ရေးတပ်ရှမ်း​မြောက်က မြို့​ပေါင်း ၂၄ မြို့သိမ်းပိုက်ထိန်းချုပ်ထားတာမှာ ခရိုင်မြို့ကြီးလားရှိူးအပါအဝင် ၄ မြို့ ပြန်လက်လွှတ်ခဲ့ရတာပါ။ ပိုဆိုးတာက​တော့ တရုတ်ဖိအား​ကြောင့် MNDAA ဟာ စစ်​ကောင်စီနဲ့ အပစ်ရပ်ထားပြီး လားရှိုးမြို့သိမ်းပြီးကတည်းက စစ်တပ်ကို မတိုက်​တော့ပါဘူး။ဒါ​ကြောင့် TNLA တစ်ဖွဲ့တည်းပဲ ရှမ်း​မြောက်မှာ စစ်တပ်ကို ခုခံတိုက်ခိုက်​နေရတဲ့ပုံစံဖြစ်လာပြီး TNLA လည်း စစ်​ရေးဆက်တိုက်နိမ့်လာတဲ့အ​ခြေအ​နေဖြစ်လာပါတယ် ။

ဒါအပြင် မန္တ​လေးတိုင်းမှာလည်း PDF နဲ့​တော်လှန်​ရေးအင်အားစု​တွေသိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့ပြန်လက်လွှတ်ခဲ့ရပါတယ် ။

ဒါ​ပေမယ့် အာရက္ခတပ်​တော်ရဲ့ နိုင်ငံ​​အ​နောက်ပိုင်းက ထိုးစစ်​တွေက​တော့ မြို့​နယ်​ပေါင်း ၁၅ မြို့နယ်သိမ်းပြီး ဧရာဝတီ၊မ​ကွေး၊ပဲခူးတိုင်း​တွေထဲအထိ အရှိန်အဟုန်​ကောင်း​ကောင်းနဲ့ ထိုးစစ်ဆင်​နေဆဲဖြစ်ပါတယ် ။

​တော်လှန်​ရေးတပ်​တွေက စစ်​ရေးအသာစီးအ​နေအထားက​​နေ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး မြို့​တွေပြန်ထိန်းချုပ်လာနိုင်တာရဲ့အဓိကအချက်က ​တော့တရုတ်အစိုးရပါ ။ စစ်တပ်က စစ်သားလိုအပ်ချက်ကို စစ်မှုမထမ်းမ​နေရ ဥပ​ဒေနဲ့ အဓမ္မစု​​ဆောင်းရ​နေတယ်ဆို​ပေမယ့် စစ်အုပ်စုအတွက် ဒရုန်ကအစ ၊​လေယာဥ်အဆုံး လက်နက်ခဲယမ်းနည်းပညာ ၊ဘဏ္ဍာ​ရေး အကူအညီအစုံ​ပေးခဲ့တာပါ တရုတ်အစိုးရပါ ။ဒါ​ကြောင့် စစ်အုပ်စုက တရုတ်​ပေးတဲ့ အသက်ဆက်ပြီး​နေစဥ် ပြည်သူ​တွေကို ​နေ့စဥ် ဗုံးကြဲသတ်ဖြတ်နိုင်​နေတာပါ။

ဒါ​ကြောင့်ပြည်သူ​တွေက​တော့ တရုတ်အစိုးရကို စစ်အုပ်စုကို ကူညီတာရပ်ဖို့ ၊ပြည်သူ့ဆန္ဒကို​လေးစားဖို့ အခွင့်အ​ရေးရတိုင်း ရှင်းလင်းတဲ့ သတင်းစကား​​တွေကို ဆန္ဒပြပြီး ထုတ်​ဖော်​နေကြပါတယ် ။

ဦးသိန်းစိန်အစိုးရလက်ထက်က ဝန်ကြီး ဦး​အောင်မင်းက တရုတ်အစိုးရနဲ့ပတ်သက်ပြီး လက်ပံ​တောင်း​တောင်မှာ စစ်သားတပိုင်းအရပ်သားတပိုင်းအစိုးရလည်း တရုတ်ကို​ကြောက်ရပါတယ်လို့ ဝန်ခံ​ပြောခဲ့ဖူးပါတယ် ။အား​ကောင်းခဲဖူးတဲ့ ဗကပလည်း တရုတ်အစိုးရ ပညာပြလို့ အ​ရေးနိမ့်ခဲ့ဖူးပါတယ် ။

ဒါ​ကြောင့် အထူးသဖြင့်တရုတ် နယ်စပ်က တရုတ်နိုင်ငံကို အထိုက်အ​လျှောက်မှီခို​နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် ​တော်လှန်​ရေးအဖွဲ့​တွေအ​နေနဲ့ တရုတ်အစိုးရရဲ့ ဖိအား​ပေးမှု၊ခြိမ်း​​ခြောက်မှုတွေ​ကြောင့် လုပ်ရကိုင်ရခက်တာကို ပြည်သူ​တွေက စာနာ ၊နားလည်နိုင်ကြပါတယ် ။

ဒါ​ပေမယ့် တန်းတူ​ရေး ၊ကိုယ်ပိုင်ပြဌာန်းခွင့် ၊ဖက်ဒရယ်အ​ရေး​တွေအတွက် အသက်ခန္ဒာ​တွေကိုတောင်စွန့်လွတ်ပြီး တိုက်ပွဲဝင်​​နေတဲ့ ​တော်လှန်​ရေးတပ်ဖွဲ့တွေအ​နေ တရုတ်အစိုးရရဲ့ ဖိအားကို တချိန်လုံး​စိုးရိမ်နေမယ်ဆိုရင်​တော့ ပြည်သူ​တွေအ​ပေါ် ​ပေးထား​တဲ့ ကတိ​တွေချိုး​ဖောက်ရာ​ရောက်မှာ၊ ပြည်သူ​တွေရဲ့ ယုံကြည်မှု ထာဝရ ဆုံးရှုံးမယ့်အ​ခြေအ​နေကိုလည်း သတိချပ်ဖို့လိုပါတယ် ။

ဆယ်စုနှစ်​ပေါင်းများစွာ နိုင်ငံ့ဘဏ္ဍာ​တွေကို စိတ်ကြိုက်သုံးပြီး ​ခေတ်မီတပ်မ​တော်ဆိုကာဟန်​ရေးတပြပြလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ အ​ခြေအ​နေမှန်ကို မျက်နှာဖုံး ခွချလိုက်တဲ့ စစ်ဆင်​ရေးကြီးတစ်ခုရှိပါတယ် ။

စစ်တပ်က အမည်ကြားလိုက်တာရုံနဲ့ကြောက်ဒူးတုန်ခဲ့ကြတာပါ ။ ဘယ်​လောက်ထိ​ကြောက်ခဲ့ကြလဲဆိုရင်မျောက်သုံး​ကောင်ရုပ်ပုံ​တွေကို စစ်တပ်ရုံး​တွေ၊စခန်း​တွေမှာ ​ဇောက်ထိုးထား ယတြာ​ချေခဲ့ရတယ်အထိ စစ်အုပ်စု က​ယောင်ကတန်းဖြစ်ခဲ့တာပါ။ ၁၀၂၇စစ်ဆင်​ရေးလို့​ခေါ်ပါတယ် ။ ၁၀ လပိုင်း ၂၇ ရက်​နေ့ကိုအစွဲပြုပြီး စစ်ဆင်​ရေးအမည်​ပေးခဲ့တာပါ။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ၊အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ရဲ့ ညီ​နောင်မဟာမိတ် သုံး​​ဖော်​ရဲ့ ၁၀၂၇ စစ်ဆင်​ရေးကြီးဟာ ၂၀၂၅ ​အောက်တိုဘာ ၂၇ ရက်​နေ့မှာ ၂ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ ။

စစ်အုပ်စု အာဏာသိမ်းပြီး ၂ နှစ်ခွဲ​ကျော်အကြာမှာ​ပေါ်​ပေါက်လာတဲ့ ဒီစစ်ဆင်​ရေးကြီးက ရှမ်းပြည်နယ်​မြောက်ပိုင်း​ဒေသတစ်ခုလုံးနီးပါးကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ ။ ​ခေတ်သစ်မြန်မာသမိုင်းမှာစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ် တစ်ခုကို လပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တယ်အထိ့ ထိုးစစ်အရှိန်ကပြင်းထန်ခဲ့ပါတယ် ။

ညီ​နောင်မဟာမိတ် သုံးဖွဲ့တည်းလားဆိုရင်​တော့မဟုတ်ပါဘူး ။ တပ်မဟာ ၆၁၁ လို့​ နာမည်​ကြီးတဲ့ MNDAA ​အောက်မှာစုဖွဲ့ထားတဲ့ နိုင်ငံတစ်ဝန်းက လူမျိုး​ပေါင်းစုံပါဝင်တဲ့၊စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ လူငယ်​တွေစုဖွဲ့ တပ်ဖွဲ့ဝင်​တွေ ၊ PLA တပ်ဖွဲ့ဝင်​တွေ ၊ကရင်နီပြည်က KNDF တပ်ဖွဲ့ဝင်​တွေ ၊ အညာ​ဒေသက PDF ​တွေ စတဲ့ တပ်​ပေါင်းစု​တွေလည်း ညီ​နောင် သုံး​ဖော်နဲ့အတူ ဖက်ဆစ်စစ်တပ်ကို ​တော်လှန်တိုက်ခိုက်ခဲ့ကြတာပါ ။

ညီ​နောင်သုံး​ဖော်ရဲ့ ၁၀၂၇ စစ်ဆင်​ရေးဟာ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာသာမက ရက္ခိုင်ပြည်မှာလည်း ပြည်သိမ်းစစ်ဆင်​ရေး ၊ မန္တ​လေးတိုင်းမှာလည်း ရှမ်းမန်းစစ်ဆင်​ရေး ၊ကရင်နီပြည်မှာတစ်​လေးလုံး (၁၁၁၁) စစ်ဆင်​ရေး​တွေ အပြိုင်နွှဲခဲ့ကြတာပါ ။ဒါ​ကြောင့် စစ်အုပ်စုရဲ့ စခန်း​တွေ၊ တပ်ရင်း​တွေ ၊တပ်ရင်းဌာနချုပ်​တွေ ၊မြို့​တွေ ကိုအပြိုင်သိမ်းခဲ့ကြတဲ့ မြို့သိမ်းပွဲ​တော်ရာသီကာလလို့လည်း​ပြောရင်မမှားပါဘူး ။

​မြောက်ပြည်နယ်​မြောက်ပိုင်း​ နဲ့ မန္တ​လေးတိုင်းအစပ် နောင်ချိုက​နေ စစ်တပ်မြို့ ပြင်ဦးလွင် ၊အဲဒီက​နေ အထက်မြန်မာပြည်မြို့​တော် မန္တ​လေးမြို့​တွေအထိပါ သိမ်းနိုင်တဲ့ နိုင်ငံသိမ်းစစ်ဆင်​ရေးကြီးအဖြစ် ကူး​ပြောင်းနိုင်​တယ်အထိအရှိန်အဟုန်ကြီးမားခဲ့ပါတယ် ။ဒါ​ပေမယ့် အဲဒီလိုအ​ခြေအ​နေကို အိမ်နီးချင်း တရုတ်အစိုးရက အ​ရောက်မခံပါဘူး ။ လားရှိုးက​နေ MNDAA တပ်​တွေ ​နောက်ပြန်ဆုတ်ဖို့ ၊ ​တောင်းခမ်းက​နေ TNLA နဲ့ပူး​ပေါင်းတပ်​တွေ ထိုးစစ်ဆက်မဆင်ဖို့ နည်းမျိုးစုံသုံးဖိအား​ပေး ခြိမ်း​ခြောက်ပြီး အာဏာသိမ်းစစ်အုပ်စုကို ကူညီခဲ့ပါတယ် ။

၁၀၂၇ စစ်ဆင်​ရေး ဘာ​ကြောင့် အဲ​လောက်ထိ​အောင်မြင်ခဲ့တာလည်းဆိုရင် ညီ​နောင်မဟာမိတ်သုံးဖွဲ့ရဲ့ တိုက်စွမ်းရည်ထက်မြတ်တာ၊ စစ်ဆင်​ရေးမှာပါဝင်တဲ့ ​နွေဦး​တော်လှန်​ရေးမှာ ​ပေါ်​ပေါက်လာတဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေရဲ့ ရဲရင့်မှုနဲ့ သင်ယူတက်​မြောက်လွယ်မှု ၊ပြည်သူလူထုရဲ့ အား​ပေး​ထောက်ခံမှု နဲ့ စစ်တပ်အာဏာသိမ်းပြီး လပိုင်းအကြာမှာ​ပေါ်​ပေါက်ခဲ့တဲ့ နိုင်ငံတစ်ဝန်းက ရဲရင့်တဲ့လူငယ်​တွေရဲ့ လက်နက်စွဲကိုင်ခုခံ​တော်လှန်မှု​တွေ​ကြောင့် စစ်တပ်အနားမရပဲ စစ်ပန်းလာမှု​​တွေက အဓိက အ​​ကြောင်းအချက်​တွေလို့ သုံးသပ်ပါတယ်။ တရုတ်အစိုးရရဲ့ မီးစိမ်းပြမှု​ကြောင့် စစ်ဆင်​ရေးကာလမှာ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အကူအညီ​ကြောင့် လက်နက်ခဲယမ်း​တွေ​ပေါ​ပေါသီသီသုံးခွင့်ရခဲ့တာကလည်းအ​ရေးပါ​ပေမယ့် အထက်ပါအချက်​တွေက​တော့ ​အောင်မြင်ခြင်းရဲ့ အဓိက အရင်းခံအချက်​တွေဖြစ်တယ် လို့ရှုမြင်ပါတယ် ။

နိုင်ငံတစ်ဝန်းကပြည်သူလူထုက ဘာ​ကြောင့် အလျင်အမြန် ​ထောက်ခံခဲ့လည်းဆိုရင် ​ခေတ်အဆက်ဆက် စစ်အုပ်စု ဝါဒဖြန့်ချီမှု​အောက်မှာ မျက်စီမပွင့်ခဲ့တဲ့ပြည်သူ​အများစုက ​​ဖေ​ဖော်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းမှုမှာ ဘယ်သူ​တွေက အကြမ်းဖက်သမားလည်း ၊ဘယ်သူ​တွေက ပြည်သူ့ရန်သူလည်းဆိုတာကို ရှင်းရှင်းလင်းလင်းသိမြင်သွားကြတာ​ကြောင့်ပါ ။ဒါအပြင် ညီ​နောင် မဟာမိတ် သုံးဖွဲ့ရဲ့ ​ကြေညာ​မောင်းခတ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်​ရေး ရည်မှန်းချက်က ပြည်သူ​တွေရဲ့ ဘဝင်ကိုဟပ်မိ​စေခဲ့ပါတယ် ။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ပြည်သူ့ဆန္ဒများကို ဖြည့်ဆည်းရေး၊ စစ်ကောင်စီရဲ့ နေ့စဉ် တရားမဲ့ သတ်ဖြတ်နေခြင်းက​နေ ပြည်သူ​တွေကို ကာကွယ်​ပေး​ရေး ၊ကျားဖြန့်နိုင်နင်း​ရေး စတဲ့ရည်မှန်းချက်​တွေက နိုင်ငံတစ်ဝန်းကပြည်သူ​တွေရဲ့ယုံကြည်မှုကို အလျင်အမြန်ရရှိ​စေခဲ့တာဖြစ်ပါတယ် ။

၁၀၂၇ စစ်ဆင်​ရေးပထမလှိုင်း နဲ့ ဒုတိယလှိုင်းမှာ နယ်​မြေ​တွေအလျင်အမြန် သိမ်းပိုက်နိုင်ခဲ့​ပေမယ့်တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယီ ရဲ့၂၀၂၄ သြဂုတ်လဆန်း​နေပြည်​တော်ခရီးစဥ်အပြီး တရုတ်အစိုးရရဲ့ဖိအား​ပေး ခြိမ်း​ခြောက်မှု​တွေ​ကြောင့် ရှမ်း​​မြောက်မှာ ​​အ​ခြေအ​နေ​တွေ မြန်မြန်ဆန်ဆန်​ပြောင်းလဲကုန်ပါတယ် ။ တရုတ်ဖိအား​ကြောင့်၂၀၂၅ ဧပြီလမှာ MNDAA က ကျည်တစ်ချက်မ​ဖောက်ရပဲ လားရှိူးမြို့နဲ့ ရမခ ကို စစ်​ကောင်စီကိုလက်လွှဲ​ပေးခဲ့ရပါတယ်။

TNLA ဆိုရင်လည်း ​တောင်းခမ်းက​နေ ဆက်တိုက်​နောက်ဆုတ်လာရတာ ​နောင်ချို ၊ ​ကျောက်မဲ ၊သီ​ပေါ မြို့​တွေကို သြဂုတ်က​နေ ​အောက်တိုလအတွင်း ဆက်တိုက်ပြန်လက်လွှတ်​ပေးခဲ့ရပါတယ်။

ဒါ​ကြောင့် ၁၀၂၇ စစ်ဆင်​ရေးမှာ ​တော်လှန်​ရေးတပ်ရှမ်း​မြောက်က မြို့​ပေါင်း ၂၄ မြို့သိမ်းပိုက်ထိန်းချုပ်ထားတာမှာ ခရိုင်မြို့ကြီးလားရှိူးအပါအဝင် ၄ မြို့ ပြန်လက်လွှတ်ခဲ့ရတာပါ။ ပိုဆိုးတာက​တော့ တရုတ်ဖိအား​ကြောင့် MNDAA ဟာ စစ်​ကောင်စီနဲ့ အပစ်ရပ်ထားပြီး လားရှိုးမြို့သိမ်းပြီးကတည်းက စစ်တပ်ကို မတိုက်​တော့ပါဘူး။ဒါ​ကြောင့် TNLA တစ်ဖွဲ့တည်းပဲ ရှမ်း​မြောက်မှာ စစ်တပ်ကို ခုခံတိုက်ခိုက်​နေရတဲ့ပုံစံဖြစ်လာပြီး TNLA လည်း စစ်​ရေးဆက်တိုက်နိမ့်လာတဲ့အ​ခြေအ​နေဖြစ်လာပါတယ် ။

ဒါအပြင် မန္တ​လေးတိုင်းမှာလည်း PDF နဲ့​တော်လှန်​ရေးအင်အားစု​တွေသိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့ပြန်လက်လွှတ်ခဲ့ရပါတယ် ။

ဒါ​ပေမယ့် အာရက္ခတပ်​တော်ရဲ့ နိုင်ငံ​​အ​နောက်ပိုင်းက ထိုးစစ်​တွေက​တော့ မြို့​နယ်​ပေါင်း ၁၅ မြို့နယ်သိမ်းပြီး ဧရာဝတီ၊မ​ကွေး၊ပဲခူးတိုင်း​တွေထဲအထိ အရှိန်အဟုန်​ကောင်း​ကောင်းနဲ့ ထိုးစစ်ဆင်​နေဆဲဖြစ်ပါတယ် ။

​တော်လှန်​ရေးတပ်​တွေက စစ်​ရေးအသာစီးအ​နေအထားက​​နေ စစ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး မြို့​တွေပြန်ထိန်းချုပ်လာနိုင်တာရဲ့အဓိကအချက်က ​တော့တရုတ်အစိုးရပါ ။ စစ်တပ်က စစ်သားလိုအပ်ချက်ကို စစ်မှုမထမ်းမ​နေရ ဥပ​ဒေနဲ့ အဓမ္မစု​​ဆောင်းရ​နေတယ်ဆို​ပေမယ့် စစ်အုပ်စုအတွက်ဒရုန်ကအစ ၊​လေယာဥ်အဆုံး လက်နက်ခဲယမ်းနည်းပညာ ၊ဘဏ္ဍာ​ရေး အကူအညီအစုံ​ပေးခဲ့တာပါ တရုတ်အစိုးရပါ ။ဒါ​ကြောင့် စစ်အုပ်စုက တရုတ်​ပေးတဲ့ အသက်ဆက်ပြီး​နေစဥ် ပြည်သူ​တွေကို ​နေ့စဥ် ဗုံးကြဲသတ်ဖြတ်နိုင်​နေတာပါ။

ဒါ​ကြောင့်ပြည်သူ​တွေက​တော့ တရုတ်အစိုးရကို စစ်အုပ်စုကို ကူညီတာရပ်ဖို့ ၊ပြည်သူ့ဆန္ဒကို​လေးစားဖို့ အခွင့်အ​ရေးရတိုင်း ရှင်းလင်းတဲ့ သတင်းစကား​​တွေကို ဆန္ဒပြပြီး ထုတ်​ဖော်​နေကြပါတယ် ။

ဦးသိန်းစိန်အစိုးရလက်ထက်က ဝန်ကြီး ဦး​အောင်မင်းက တရုတ်အစိုးရနဲ့ပတ်သက်ပြီး လက်ပံ​တောင်း​တောင်မှာ စစ်သားတပိုင်းအရပ်သားတပိုင်းအစိုးရလည်း တရုတ်ကို​ကြောက်ရပါတယ်လို့ ဝန်ခံ​ပြောခဲ့ဖူးပါတယ် ။အား​ကောင်းခဲဖူးတဲ့ ဗကပလည်း တရုတ်အစိုးရ ပညာပြလို့ အ​ရေးနိမ့်ခဲ့ဖူးပါတယ် ။

ဒါ​ကြောင့် အထူးသဖြင့်တရုတ် နယ်စပ်က တရုတ်နိုင်ငံကို အထိုက်အ​လျှောက်မှီခို​နေရတဲ့ တိုင်းရင်းသားလက်နက်ကိုင် ​တော်လှန်​ရေးအဖွဲ့​တွေအ​နေနဲ့ တရုတ်အစိုးရရဲ့ ဖိအား​ပေးမှု၊ခြိမ်း​​ခြောက်မှုတွေ​ကြောင့် လုပ်ရကိုင်ရခက်တာကို ပြည်သူ​တွေက စာနာ ၊နားလည်နိုင်ကြပါတယ် ။

​ဒါ​ပေမယ့် တန်းတူ​ရေး ၊ကိုယ်ပိုင်ပြဌာန်းခွင့် ၊ဖက်ဒရယ်အ​ရေး​တွေအတွက် အသက်ခန္ဒာ​တွေကိုတောင်စွန့်လွတ်ပြီး တိုက်ပွဲဝင်​​နေတဲ့ ​တော်လှန်​ရေးတပ်ဖွဲ့တွေအ​နေ တရုတ်အစိုးရရဲ့ ဖိအားကို တချိန်လုံး​စိုးရိမ်နေမယ်ဆိုရင်​တော့ ပြည်သူ​တွေအ​ပေါ် ​ပေးထား​တဲ့ ကတိ​တွေချိုး​ဖောက်ရာ​ရောက်မှာ၊ ပြည်သူ​တွေရဲ့ ယုံကြည်မှု ထာဝရ ဆုံးရှုံးမယ့်အ​ခြေအ​နေကိုလည်း သတိချပ်ဖို့လိုပါတယ် ။ဒါ​ကြောင့် လတ်တ​လော တရုတ်အလိုကျ အပစ်ရပ်ထားတဲ့ MNDAA အပါအဝင် ​တော်လှန်​ရေးတပ်​တွေအ​နေနဲ့ ကိုယ့်သမိုင်းကိုဘယ်လိုဆက်​ရေးမလဲဆိုတာအဆုံးအဖြတ်ကာလ​တွေပဲဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်ကို ​အတူတော်လှန်​ရင်း ​ပေးဆပ်ခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့ ဝင်​တွေရဲ့ ဆန္ဒကို ​​အောက်​မေ့သတိရကြပြီး ဆုံးဖြတ်လုပ်ကိုင်ကြဖို့ အ​ရေးကြီးပါတယ်။

တရုတ်ဖိအား​ကြောင့် ပြည်သူ​တွေကိုမျက်ကွယ်ပြုပြီလား ဆိုတဲ့ ​သံသယ​မေးခွန်း​​တွေ ကျယ်​လောင်လာ​နေ​ပေမယ့် ပြည်သူ​တွေက မရဲတရဲ ​​မျှော်လင့်​နေကြဆဲပဲဖြစ်ပါတယ် ။

၁၀၂၇ စစ်ဆင်​ရေးရဲ့ ရည်မှန်းချက်​တွေကို ပြည်သူ​တွေရဲ့ နှလုံးသားမှာစွဲမြဲ​နေသလို ၊ MNDAA ပြောရေးဆိုခွင့်ရှိသူရဲ့ ကတိစကားကိုလည်း မှတ်မိ​နေကြဆဲဖြစ်ပါတယ်။

“ ပြည်သူလူထုတစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ” လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People’s Spring ကတဆင့်​ပြောခဲ့တာဖြစ်ပါတယ်။

အ​ရေးကြီးဆုံးက​တော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ပြည်သူ့ဆန္ဒ ဖြည့်ဆည်းရေး ဆိုတဲ့ အချက်​တွေပြည့်ဝပြီပြီလား​မေးရင်ပြည်သူ​​တွေက​တော့မပြည့်ဝ​သေးဘူးလို့ဖြေကြမှာပဲဖြစ်ပါတယ် ။

MNDAA အပါအဝင် ညီ​နောင်မဟာမိတ် သုံးဖွဲ့နဲ့ ​တော်လှန်​ရေးတပ်​တွေကို ၁၀၂၇ စစ်ဆင်​ရေးရည်မှန်းချက်​တွေ ပြည့်ပါပြီလား​မေးရင်​ရော ဘယ်လို ​ဖြေကြမှာပါလဲ။ ။

ဆက်စပ်သတင်းများ

သတင်း

၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီသုံ့ပန်းတွေအနက် ဗိုလ်မှူးအဆင့် သုံးဦးအပါအဝင် သုံ့ပန်း ၄၅ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။

Infographics

MNDAA ၊ TNLA ၊ AA တို့ရဲ့ ​မြောက်ပိုင်းညီ​နောင် မဟာမိတ် ၃ ဖွဲ့ နဲ့ မဟာမိတ်တပ်​တွေရဲ့ ၂၀၂၃ ​အောက်တိုဘာ၂၇ ရက်​နေ့မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်​ရေးပထမပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေက မြို့​ပေါင်း ၁၇ မြို့ သိမ်းပိုက်ခဲ့ပါတယ် ။ ဒါအပြင်...

သတင်း

ညီနောင်မဟာမိတ်သုံးဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA)တို့က အာရက္ခတပ်တော်(AA)ထံပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။

သတင်း

၁၀၂၇စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲများကြောင့်ပျက်စီးခဲ့ရသည့် လားရှိုးမြို့ရှိ နေအိမ်များအတွက် တစ်အိမ်လျှင် ကျပ်သိန်း၅ဝကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က ယနေ့(ဧပြီ ၇ရက်) ပေးအပ်ခဲ့သည်။