Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ အီရန် အခွန်ကောက်ခွင့် မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းတဲ့ ရေယာဉ်တွေဆီက ရေလမ်းကြောင်း အသုံးပြုခတွေ အီရန်က ကောက်ခံတာမျိုးကို အမေရိကန်က လက်ခံ ခွင့်ပြုမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းတဲ့ ရေယာဉ်တွေဆီက ရေလမ်းကြောင်း အသုံးပြုခတွေ အီရန်က ကောက်ခံတာမျိုးကို အမေရိကန်က လက်ခံ ခွင့်ပြုမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို လက်မှတ် ရေးထိုးခဲ့သလို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကလည်း ဆွစ်ဇာလန် နိုင်ငံမှာ နှစ်ဖက် ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဆွစ်ဇာလန်က အစည်းအဝေး ရလဒ်အရ နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူ စာချုပ်ပါ အချက်အလက်တွေကို ရက်ပေါင်း ၆၀ အတွင်း အပြီးသတ် ညှိနှိုင်းဖို့လည်း ကတိပြုထားပါတယ်။

အီရန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ခဲ့သူ လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်က ဇွန်လ ၂၃ ရက်နေ့မှာတော့ ဟောမုဇ် ရေလက်ကြားရဲ့ စီမံခန့်ခွဲမှုကို အီရန်က ရယူသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဟောမုဇ်ရဲ့ အခြေအနေဟာ စစ်ပွဲမတိုင်ခင်တုန်းကနဲ့ လုံးဝ တူညီတော့မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ အီရန် အနေနဲ့ ဟောမုဇ်ကို စီမံခန့်ခွဲမယ် ဆိုတာက ဘယ်လို ရည်ရွယ်ချက်မျိုးကို ဆိုလိုသလဲ တိတိကျကျ မသိရသေးပေမယ့် ဖြတ်သန်းသွားလာတဲ့ ရေယာဉ်တွေကို အခွန်သဘောမျိုး ရေလမ်းကြောင်း အသုံးပြုခ ကောက်ယူတာတွေ ရှိလာနိုင်ကြောင်း ထင်ကြေးတွေလည်း ထွက်ပေါ်လာပါတယ်။

စစ်ပွဲကာလအတွင်း ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ချထားခဲ့တဲ့ ကာလတွေမှာလည်း အီရန်ဟာ ဖြတ်သန်းသွားတဲ့ ရေယာဉ်တချို့ဆီက အခွန်ကောက်ယူခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အစီအစဉ်တွေနဲ့ ဆက်စပ်ပြီး ဒေသတွင်း မိတ်ဖက် နိုင်ငံတွေနဲ့ ညှိနှိုင်းဖို့ အရှေ့အလယ်ပိုင်း ဒေသဆီ ရောက်ရှိနေတဲ့ ရူဘီရိုကတော့ အမေရိကန်ဟာ အဲဒီလို အခွန်ကောက်ယူမယ့် ကိစ္စမျိုးကို လက်ခံမှာ မဟုတ်ကြောင်း ပြောဆိုသွားပါတယ်။

ဟောမုဇ် ဆိုတာဟာ နိုင်ငံတကာ ရေပိုင်နက် တစ်ခုသာ ဖြစ်ကြောင်း၊ လွတ်လပ်စွာ ခုတ်မောင်းသွားလာခွင့်ရှိတဲ့ ရေပြင်မှာ အခွန်အတုပ် ကောက်ယူတာမျိုး ဘယ်နိုင်ငံကိုမှ ခွင့်ပြုလို့ မရကြောင်း ရူဘီရိုက ဆိုပါတယ်။ ဒီသဘောထားကို ဒေသတွင်း နိုင်ငံအားလုံးကလည်း လက်ခံပေးကြလိမ့်မယ်လို့ ရူဘီရိုက ဆက်ပြောပါတယ်။ သူက အီရန်ရဲ့ အမေရိကန် ငြိမ်းချမ်းရေး စာချုပ် နောက်ဆုံးအဆင့် သဘောတူညီချက်တွေမှာလည်း အဲဒီကိစ္စကို ထည့်သွင်း ခွင့်ပြုမှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာရေး အဖွဲ့ကြီး (IMO)ကတော့ စစ်ပွဲကာလ အတောအတွင်း ဟောမုဇ်ရေလက်ကြား တဝိုက်မှာ သင်္ဘောတွေနဲ့အတူ ပိတ်မိနေခဲ့တဲ့ သင်္ဘောသား ၁၁၀၀၀ လောက်ကို ရွှေ့ပြောင်းပေးဖို့ အီရန်၊ အိုမန်၊ အမေရိကန် အစိုးရတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေပြီလို့ ကြေညာခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ကစလို့ ဟောမုဇ်ကို ဖြတ်သန်းသွားလာနေတဲ့ ရေယာဉ် အရေအတွက်ဟာလည်း တဖြည်းဖြည်းချင်း ပြန်လည် တိုးပွားလာနေပါတယ်။ ဇွန်လ ၂၃ ရက်နေ့မှာတော့ ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ သင်္ဘော အစီးရေ ၅၀ ဝန်းကျင် ရှိခဲ့ပြီး ဒါဟာ စစ်မဖြစ်ခင် အနေအထားနဲ့ ယှဉ်ရင်တော့ နေ့စဉ် ခုတ်မောင်းသွားလာတဲ့ ရေယာဉ် အစီးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်နဲ့ ညီမျှပါတယ်။

ဆွစ်ဇာလန်က တွေ့ဆုံပွဲအပြီး အမေရိကန်နဲ့ အီရန်တို့ရဲ့ သံတမန်ရေး လှုပ်ရှားမှုတွေကလည်း ပိုပြီး အရှိန်ရလာနေပါတယ်။ ရူဘီရိုဟာ ဇွန်လ ၂၃ ရက်နေ့မှာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံကို ရောက်ရှိခဲ့ပြီး အဲဒီနောက် ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတွေဆီ လှည့်လည် သွားရောက်ဖို့ စီစဉ်ထားပါတယ်။ တစ်ဖက်မှာလည်း အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းဟာ အမေရိကန်နဲ့ စေ့စပ်ဆွေးနွေးမှုတွေမှာ အဓိက ကြားလူအဖြစ် ကူညီ ဆောင်ရွက်ပေးနေတဲ့ ပါကစ္စတန် နိုင်ငံဆီကို သွားရောက်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters, AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

Facebook