နိုင်ငံတကာ တရုတ် စားသောက်ဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားရာက လူ ၃၀ ကျော် သေဆုံး တရုတ်သမ္မတ ရှီကျင့်ဖျင်က အခု ပေါက်ကွဲမှု အကြောင်းကို ကြားသိရတဲ့အတွက် အနူးအညွတ် စိတ်မကောင်း ဖြစ်ရကြောင်း ပြောကြားခဲ့ပြီး လေးနက်တဲ့ သင်ခန်းစာ တစ်ခုအဖြစ် သတ်မှတ်ရမယ်လို့ ဆိုပါတယ်။ LuduNwayOoဇွန် 22, 2023
နိုင်ငံတကာ တရုတ် သမ္မတ ရှီကို အာဏာရှင်လို့ ဘိုင်ဒန် သုံးနှုန်းသွား အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ဘိုင်ဒန်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး အလျင်စလို တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ LuduNwayOoဇွန် 21, 2023
နိုင်ငံတကာ ဟွန်းဒူးရပ်စ်မှာ ထောင်ဆူမှု၊ အကျဉ်းဆောင် မီးလောင်မှုတွေကြောင့် အကျဉ်းသူ ၄၀ ကျော် သေဆုံး အစိုးရရဲ့ လုံခြုံရေးဌာန ဒုတိယ ဝန်ကြီး ဂျူလစ်ဆာ ဗီလန်နျူဗာက အခင်းဖြစ်ရာ ဧရိယာ တဝိုက်မှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားလိုက်သလို ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုအပြည့် စုံစမ်း စစ်ဆေးသွားမယ်လို့ ကတိပြုထားပါတယ်။ LuduNwayOoဇွန် 21, 2023
နိုင်ငံတကာ Titanic သင်္ဘောပျက်ကို သွားကြည့်ရင်း ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို အချိန်လုပြီး ရှာဖွေနေ Titanic သင်္ဘောကြီးဟာ ရေအနက် ၃၈၀၀ မီတာလောက်မှာ နစ်မြုပ်နေတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ အမေရိကန် ကမ်းခြေစောင့်တပ် ဦးစီးတဲ့ ကယ်ဆယ်ရေး မစ်ရှင်ကို အမေရိကန်နဲ့ ကနေဒါ ရေတပ်တွေ၊ တခြား အရပ်ဖက် ရေအောက် သုတေသန ဌာနတွေကပါ ပူးပေါင်း ကူညီပေးနေကြပါတယ်။ LuduNwayOoဇွန် 20, 2023
နိုင်ငံတကာ ပူတင်ရဲ့ နျူကလီးယားလက်နက် ခြိမ်းခြောက်မှုတွေကို လျှော့မတွက်ဖို့ ဘိုင်ဒန် သတိပေး ပူတင်ဟာ ယူကရိန်းကို ကျူးကျော်စစ်ပွဲ ဆင်နွှဲပြီး ရက်ပိုင်းလောက် အကြာမှာတင်ပဲ သူ့ရဲ့ နျူကလီးယား တပ်ဖွဲ့တွေကို တပ်လှန့်ထားစေခဲ့ပါတယ်။ LuduNwayOoဇွန် 20, 2023
နိုင်ငံတကာ ဘေဂျင်းခရီးစဉ်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် ဘလင်ကန်ရဲ့ ခရီးစဉ်မှာ သိသာထင်ရှားတဲ့ ညှိနှိုင်း သဘောတူမှုမျိုးတွေ မရရှိခဲ့သေးပေမယ့် နောက်ပိုင်းမှာ တရုတ်-အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေကြား ဘေဂျင်းမှာရော၊ ဝါရှင်တန်မှာပါ အကျေအလည် ဆွေးနွေးမှုတွေ အကောင်အထည် ဖော်နိုင်ဖို့ လမ်းဖောက်ပေးနိုင်ဖွယ် ရှိနေပါတယ်။ LuduNwayOoဇွန် 19, 2023
နိုင်ငံတကာ လူနေဧရိယာကို ဆူဒန်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံး ဆူဒန် စစ်တပ်က RSFတွေရဲ့ ခြေကုပ်စခန်းတွေကို အညှာအတာမရှိ ချေမှုန်းသွားမယ်လို့ ကြိမ်းဝါးခြိမ်းခြောက်ပြီး နာရီပိုင်း အကြာမှာပဲ အခုလေကြောင်း တိုက်ခိုက်မှု ဖြစ်ပေါ်လာတာပါ။ ဇွန်လဆန်းမှာ RSFက သူတို့ဟာ ယာမွတ်ခ်မြို့နယ် တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီလို့ ထုတ်ပြန်ထားခဲ့ပါတယ်။ LuduNwayOoဇွန် 18, 2023
နိုင်ငံတကာ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တရုတ်နဲ့ အမေရိကန် ထိပ်တန်းအရာရှိတွေ တွေ့ဆုံဆွေးနွေးမှုမှာ လက်ရှိ နှစ်နိုင်ငံကြား တင်းမာမှုတွေကို ဖြေလျှော့ဖို့အပြင် ထိုင်ဝမ်အရေး၊ ရုရှား-ယူကရိန်းစစ်ပွဲ အပါအဝင် အကြောင်းအရာ တော်တော်များများကို ထည့်သွင်း ညှိနှိုင်းသွားမယ်လို့ ယုံကြည်ရပါတယ်။ LuduNwayOoဇွန် 18, 2023
နိုင်ငံတကာ ယူဂန္ဓာမှာ စာသင်ကျောင်း တိုက်ခိုက်ခံရပြီး ကလေးအများစု အပါအဝင် လူ ၄၀ လောက်သေဆုံး အိမ်နီးချင်း ကွန်ဂိုနိုင်ငံနဲ့ နယ်စပ်နားက မန်ပွမ်ဝီ မြို့မှာရှိတဲ့ လူဘီရီဟာ အလယ်တန်းကျောင်းကို ဇွန်လ ၁၆ ရက်က တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူ ၄၀ ဝန်းကျင် သေဆုံးတဲ့အပြင် ဒဏ်ရာရသူတွေထဲက ၈ ဦးလောက်ဟာလည်း အခြေအနေ အရမ်းဆိုးတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ LuduNwayOoဇွန် 18, 2023
နိုင်ငံတကာ တိုက်လေယာဉ် အဟောင်းတွေကို စျေးကြီးပေး ဝယ်ယူခဲ့လို့ အင်ဒိုနီးရှား အစိုးရ ဝေဖန်ခံနေရ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အက်ဒ်ဝင် အက်ဒရီယာန် ဆူမန်သာကတော့ အင်ဒိုနီးရှား လေတပ်ဟာ တိုက်ပွဲဝင်အဆင့် အသင့်အနေအထား ရှိနိုင်မယ့် တိုက်လေယာဉ်တွေ ပိုင်ဆိုင်မှု လျော့ကျလာတာကို အမြန်ဆုံး ပြင်ဆင် အစားထိုးဖို့ လိုအပ်နေကြောင်း ပြောပါတယ်။ LuduNwayOoဇွန် 16, 2023