Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘေဂျင်းခရီးစဉ်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်

ဘလင်ကန်ရဲ့ ခရီးစဉ်မှာ သိသာထင်ရှားတဲ့ ညှိနှိုင်း သဘောတူမှုမျိုးတွေ မရရှိခဲ့သေးပေမယ့် နောက်ပိုင်းမှာ တရုတ်-အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေကြား ဘေဂျင်းမှာရော၊ ဝါရှင်တန်မှာပါ အကျေအလည် ဆွေးနွေးမှုတွေ အကောင်အထည် ဖော်နိုင်ဖို့ လမ်းဖောက်ပေးနိုင်ဖွယ် ရှိနေပါတယ်။

ဘေဂျင်းခရီးစဉ်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်
ဘေဂျင်းခရီးစဉ်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အလည်အပတ် ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ အိမ်ရှင် နိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘလင်ကန်ဟာ ၅ နှစ်နီးပါး ကာလအတွင်း တရုတ် နိုင်ငံကို ပထမဆုံး ခြေချတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဘေဂျင်းကို ရောက်ရှိနေတာပါ။ သူဟာ ဇွန် ၁၈ ရက်က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဇွန်လ ၁၉ ရက်မှာတော့ သူဟာ တရုတ် ကွန်မြူနစ် ပါတီရဲ့ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ဝမ်ယိ၊ သမ္မတ ရှီတို့နဲ့ ဆက်တိုက် တွေ့ဆုံခဲ့ပါတယ်။

ဘေဂျင်းမှာရှိတဲ့ ပြည်သူ့ ခန်းဆောင်ကြီးမှာ ဘလင်ကန်ဟာ ရှီနဲ့ ၃၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဘလင်ကန်ဟာ စူပါပါဝါ နှစ်နိုင်ငံကြား တတိတိ ယိုယွင်း ပျက်စီးလာနေတဲ့ ဆက်ဆံရေး အခြေအနေတွေကို ကုစားဖို့ ရည်ရွယ်ချက်နဲ့ ဘေဂျင်းကို ရောက်ရှိနေတာပါ။

ရှီနဲ့ ဆွေးနွေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဘလင်ကန်က တရုတ်နဲ့ အမေရိကန်ကြားက ဆက်ဆံရေးကို ထိန်းညှိ ကိုင်တွယ်ရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေသလို သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ပေါ်ပေါက်နေတယ် ဆိုတာကို ဖုံးကွယ်မထားလိုကြောင်း၊ ဒါပေမဲ့ ရှေ့ဆက်ရမယ့် လမ်းပေါ်မှာ နှစ်ဖက်စလုံးရဲ့ ကောင်းကျိုးအတွက်ရော၊ ကမ္ဘာကြီးရဲ့ အကျိုးစီးပွား အတွက်ပါ ပိုမို သင့်တော် ကောင်းမွန်မယ့် အခြေအနေမျိုးကို ရွေးချယ်ရမှာက နှစ်နိုင်ငံလုံးရဲ့ တာဝန်အနေနဲ့ လက်ခံထားသင့်ကြောင်းလည်း ဘလင်ကန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လာမယ့် သီတင်းပတ်တွေအတွင်း ဘေဂျင်းကို အမေရိကန်ရဲ့ နောက်ထပ် ထိပ်တန်း အရာရှိတွေ လာရောက်ဖြစ်မယ်လို့ ဘလင်ကန်က ခန့်မှန်းခဲ့သလို တရုတ် အစိုးရ ကိုယ်စားလှယ်တွေ ဝါရှင်တန်ကို လာရောက်မယ့် ကိစ္စမျိုး အတွက်လည်း ဝမ်းပန်းတသာ ကြိုဆိုမှာဖြစ်ကြောင်း သူက ပြောကြားသွားပါတယ်။

ဘလင်ကန်ရဲ့ ခရီးစဉ်မှာ သိသာထင်ရှားတဲ့ ညှိနှိုင်း သဘောတူမှုမျိုးတွေ မရရှိခဲ့သေးပေမယ့် နောက်ပိုင်းမှာ တရုတ်-အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေကြား ဘေဂျင်းမှာရော၊ ဝါရှင်တန်မှာပါ အကျေအလည် ဆွေးနွေးမှုတွေ အကောင်အထည် ဖော်နိုင်ဖို့ လမ်းဖောက်ပေးနိုင်ဖွယ် ရှိနေပါတယ်။

ဘလင်ကန်က ဘေဂျင်းမှာ တရုတ်အစိုးရ ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံခဲ့မှုဟာ အရမ်းအရေးပါတဲ့ ကိစ္စတစ်ခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။ မူလက ဘလင်ကန်ဟာ တရုတ်နိုင်ငံကို နှစ်ဆန်းပိုင်းမှာ လာရောက်ဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း တရုတ် စပိုင် မိုးပျံပူဖောင်းတစ်လုံး အမေရိကန် လေပိုင်နက်ထဲ ကျူးကျော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှု ဂယက်တွေကြောင့် ခရီးစဉ်က လနဲ့ချီ ရွှေ့ဆိုင်းဖို့ အကြောင်းဖန်လာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။