နိုင်ငံတကာ နစ်မြုပ်သွားတဲ့ Titan ရေငုပ်သင်္ဘောပျက်ကို ဆယ်ယူဖို့ စီစဉ်နေ စုံစမ်းစစ်ဆေးရေး ဦးဆောင်အရာရှိ ကပ္ပတိန် ဂျေဆန် နျူဘာရာက လောလောဆယ်မှာ ဦးစားပေး ရည်ရွယ်ထားတာက ရေငုပ်သင်္ဘောရဲ့ အပျက်အစီးတွေကို ဆယ်ယူဖို့ဖြစ်ပြီး သေဆုံးသူတွေရဲ့ ရုပ်ကြွင်းတွေကိုပါ ဂရုတစိုက် ရှာဖွေသွားမယ်လို့ ပြောကြားထားပါတယ်။ LuduNwayOoဇွန် 26, 2023
နိုင်ငံတကာ ပုန်ကန်မှုက ပူတင်ရဲ့ အုပ်ချုပ်မှု ယန္တရား ကွဲအက်နေတာကို မြင်သာစေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော Wagnerရဲ့ အကြီးအကဲဖြစ်သူ ယီဗ်ဂျီနီ ပရစ်ဂေါ့ဇင်ဟာ ပူတင်ကို လက်နက်ကိုင်ပြီး တိုက်ရိုက် စိန်ခေါ်လိုက်တာ ဖြစ်သလို ပူတင်ကလည်း ပြေငြိမ်းမှုရဖို့ အလျှော့ပေး လိုက်လျောခဲ့ရတယ်လို့ ဘလင်ကန်က ဆိုပါတယ်။ LuduNwayOoဇွန် 26, 2023
နိုင်ငံတကာ လူ ၁၀၁ ယောက်နဲ့ ခွေး ၁ ကောင် ယှဉ်ပြိုင်ကြမယ့် တိုရွန်တို မြို့တော်ဝန် ရွေးကောက်ပွဲ အသက် ၆ နှစ်သား ဝံပုလွေစပ် ဟက်စကီမျိုးစိတ် ခွေးမလေး မော်လီနဲ့ သူ့ရဲ့ ပိုင်ရှင် တိုဘီဟိပ်စ်တို့ဟာ မြို့တော်ဝန် ရွေးကောက်ပွဲဝင်မယ့် စာရင်းမှာ နာမည် ထည့်သွင်းထားကြပါတယ်။ သူတို့ရဲ့ ရွေးကောက်ပွဲကြို အဓိက မဲဆွယ်မှု ဆောင်ပုဒ်ကတော့ ဆားကြမ်းတွေကို ရပ်တန့်ရေး ဆိုတာပါပဲ။ LuduNwayOoဇွန် 25, 2023
နိုင်ငံတကာ Titan ရေငုပ်သင်္ဘောရဲ့ မိခင်ရေယာဉ်ပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ စတင် ရေဖိအားကြောင့် ကိုယ်ထည် ပေါက်ထွက်ပြီး ပျက်စီးကြေမွသွားခဲ့တဲ့ Titan ရေငုပ်သင်္ဘောရဲ့ မိခင်ရေယာဉ် Polar Princeဟာ အခုသီတင်းပတ်ကုန်မှာတော့ ကနေဒါနိုင်ငံ၊ နယူးဖောင်လန်ကျွန်းက စိန့်ဂျွန်း ဆိပ်ကမ်းနားမှာ ဆိုက်ကပ်ထားပါတယ်။ LuduNwayOoဇွန် 25, 2023
နိုင်ငံတကာ သူပုန်ထမှုကို အချိန်တိုတိုနဲ့ အဆုံးသတ်ပြီး ရော့စ်တော့ဗ်မြို့ထဲက ရုရှားကြေးစားတပ်တွေ ပြန်လည်ထွက်ခွာ ရုရှားဟာ ရှုပ်ထွေးပြီး အထိတ်တလန့် ဖြစ်ရတဲ့ တစ်နေ့တာ သူပုန်ထမှုကို ကြုံတွေ့ခဲ့တဲ့နောက် လျင်လျင်မြန်မြန် ညှိနှိုင်း ဖြေရှင်းနိုင်ခဲ့ဟန်ရှိကြောင်း အခု အပြောင်းအလဲတွေက ညွှန်ပြနေပါတယ်။ LuduNwayOoဇွန် 25, 2023
နိုင်ငံတကာ ဟောင်ကောင်မှာ ခရီးသည်တင်လေယာဉ်ကနေ အရေးပေါ်လျှောနဲ့ ဆင်းသက်ရင်း တစ်ဒါဇင်နီးပါး ဒဏ်ရာရ ဇွန်လ ၂၄ ရက် မနက်ပိုင်းက Cathay Pacific လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် CX880 လေယာဉ်ဟာ ဟောင်ကောင် နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် နည်းပညာပိုင်း ချွတ်ချော်မှု တစ်ခု ဖြစ်နေမှန်း ထောက်လှမ်းမိခဲ့တဲ့နောက် လေယာဉ်မှူးက ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ LuduNwayOoဇွန် 24, 2023
နိုင်ငံတကာ ကြေးစားတပ်ရဲ့ ပုန်ကန်မှုကြောင့် ပူတင် မော်စကို မြို့တော်ကနေ တိမ်းရှောင်နေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေ ရုရှား စစ်ဦးစီးတွေကို ဖြုတ်ချမယ်လို့ ကြုံးဝါးပြီး Wagner ကြေးစားတပ်ဖွဲ့က မြို့တော် မော်စကိုဆီ ဦးတည် ချီတက်ဖို့ ကြိုးစားလာတဲ့နောက် ပူတင်ဟာ လုံခြုံရေးအရ ကရင်မလင် နန်းတော်ကို စွန့်ခွာသွားပြီဆိုတဲ့ ထင်ကြေးသတင်းတွေ စတင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ LuduNwayOoဇွန် 24, 2023
နိုင်ငံတကာ Wagner ကြေးစားတပ်က အာဏာသိမ်းဖို့ ကြံနေကြောင်း ရုရှားစစ်တပ် စွပ်စွဲ၊ လုံခြုံရေး အစီအမံတွေ အားဖြည့် သမ္မတ ပူတင်အတွက်တော့ ယူကရိန်း စစ်ပွဲအတွက် ခေါင်းစားနေရတဲ့ အချိန်မှာ မထင်မှတ်ဘဲ စစ်မျက်နှာသစ် တစ်ခုနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။ ပိုဆိုးရွားတာက မဟာမိတ်အဖြစ် ရှိခဲ့တဲ့ အင်အားစု တစ်ခုက ကိုယ့်ဖက်ကို သေနတ်ပြောင်း ပြန်လှည့်လာတာကိုပါ ရင်ဆိုင်လာရတာပါ။ LuduNwayOoဇွန် 24, 2023
နိုင်ငံတကာ ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘော ပျက်စီးသွားကြောင်းနဲ့ လိုက်ပါသွားသူ ၅ ဦးလုံး သေဆုံးကြောင်း အမေရိကန် ကမ်းခြေစောင့်တပ် ကြေညာ လူ ၅ ဦး စီးနင်း လိုက်ပါသွားတဲ့ Titan ရေငုပ်သင်္ဘောလေးရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို မြောက်ပိုင်း အတ္တလန္တိတ် သမုဒ္ဒရာ ရေအောက်ကြမ်းပြင်မှာရှိတဲ့ ကမ္ဘာကျော် Titanic သင်္ဘောပျက်ကြီးနဲ့ မီတာ ၁၆၀၀ လောက် အကွာမှာ တွေ့ရှိခဲ့ပါတယ်။ LuduNwayOoဇွန် 23, 2023
နိုင်ငံတကာ ယူကရိန်းက F-16 တိုက်လေယာဉ်တွေ စသုံးတာနဲ့ တင်းတင်းမာမာ တုံ့ပြန်မယ်လို့ ရုရှား ခြိမ်းခြောက် အမေရိကန်ကတော့ ယူကရိန်းဆီ တိုက်လေယာဉ်တွေ ကိုယ်တိုင် ထောက်ပံ့မှာ မဟုတ်ပေမယ့် ဥရောပ မဟာမိတ်တွေရဲ့ အစီအမံတွေကို လက်ခံကြောင်း ပြောကြားထားပါတယ်။ LuduNwayOoဇွန် 22, 2023