Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Titanic သင်္ဘောပျက်ကို သွားကြည့်ရင်း ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို အချိန်လုပြီး ရှာဖွေနေ

Titanic သင်္ဘောကြီးဟာ ရေအနက် ၃၈၀၀ မီတာလောက်မှာ နစ်မြုပ်နေတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ အမေရိကန် ကမ်းခြေစောင့်တပ် ဦးစီးတဲ့ ကယ်ဆယ်ရေး မစ်ရှင်ကို အမေရိကန်နဲ့ ကနေဒါ ရေတပ်တွေ၊ တခြား အရပ်ဖက် ရေအောက် သုတေသန ဌာနတွေကပါ ပူးပေါင်း ကူညီပေးနေကြပါတယ်။

Titanic သင်္ဘောပျက်ကို သွားကြည့်ရင်း ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို အချိန်လုပြီး ရှာဖွေနေ
Titanic သင်္ဘောပျက်ကို သွားကြည့်ရင်း ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို အချိန်လုပြီး ရှာဖွေနေ

Titanic သင်္ဘောပျက်ကြီး နစ်မြုပ်နေတဲ့ နေရာဆီ ဦးတည်သွားရင်း ပျောက်ဆုံးနေတဲ့ အပျော်စီး ရေငုပ်သင်္ဘောလေးကို ကယ်ဆယ်ရေး အဖွဲ့တွေက အချိန်လုပြီး အင်တိုက်အားတိုက် ဖြန့်ကျက် ရှာဖွေနေပါတယ်။

OceanGate ကမ္ဘာလှည့် ခရီးသွား ဝန်ဆောင်မှု ကုမ္ပဏီရဲ့ Titan ရေငုပ်သင်္ဘောလေးဟာ ဇွန်လ ၁၆ ရက်က ကနေဒါနိုင်ငံ အရှေ့ဖက်စွန်းမှာရှိတဲ့ နယူးဖောင်လန် ကျွန်းကနေ စတင် ထွက်ခွာလာခဲ့ပြီး ကမ္ဘာကျော် Titanic သင်္ဘောကြီး နစ်မြုပ်ထားရာ အတ္တလန္တိတ် ရေပြင်ဆီ ဦးတည်ခဲ့ပါတယ်။

နောက်ထပ် ၂ ရက် အကြာမှာတော့ Titanဟာ မိခင် သင်္ဘောကနေ ခွာပြီး ရေအောက်ကို ငုပ်လျှိုးရင်း Titanic ရှိတဲ့ဆီ ဦးတည်နေရင်း ၁ နာရီနဲ့ ၄၅ မိနစ် အကြာမှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပါ။ ရေငုပ်သင်္ဘောပေါ်မှာ စုစုပေါင်း လူ ၅ ဦး လိုက်ပါသွားပြီး အောက်စီဂျင် လက်ကျန် သိုလှောင်မှုက နာရီပေါင်း ၇၀ နဲ့ ၁၀၀ ကြားလောက်သာ ရှိလိမ့်မယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးဆောင်နေတဲ့ အမေရိကန် ကမ်းခြေစောင့်တပ်က ခန့်မှန်းခဲ့ပါတယ်။

ဒါကြောင့်လည်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို တက်သုတ်ရိုက် ဆောင်ရွက်နေပြီး ရေငုပ်သင်္ဘောကို အချိန်မီ ပြန်တွေ့ဖို့ ကြိုးစားနေတာပါ။ အမေရိကန် ကမ်းခြေစောင့်တပ်ဟာ ရေငုပ်သင်္ဘော တစ်စီးကို အသုံးပြုပြီး ပင်လယ်ရေအောက် ကြမ်းပြင်အနှံ့မှာ လိုက်လံ ရှာဖွေနေသလို လေယာဉ်တွေ ပေါ်ကနေ ဆိုနာ အသံလှိုင်းဖမ်း ဘော်ယာတွေကိုပါ ပင်လယ်ရေ မျက်နှာပြင်ပေါ် ပစ်ချနေပါတယ်။

Public Service Announcement

Public Service Announcement

Titanic သင်္ဘောကြီးဟာ ရေအနက် ၃၈၀၀ မီတာလောက်မှာ နစ်မြုပ်နေတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ အမေရိကန် ကမ်းခြေစောင့်တပ် ဦးစီးတဲ့ ကယ်ဆယ်ရေး မစ်ရှင်ကို အမေရိကန်နဲ့ ကနေဒါ ရေတပ်တွေ၊ တခြား အရပ်ဖက် ရေအောက် သုတေသန ဌာနတွေကပါ ပူးပေါင်း ကူညီပေးနေကြပါတယ်။

၈ ရက်ကြာမြင့်တဲ့ အဲဒီ ပင်လယ်ရေအောက် ခရီးစဉ်အတွက် လူတစ်ဦးကို ဒေါ်လာ ၂ သိန်းခွဲလောက် ကျသင့်မှာ ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောပေါ် လိုက်ပါသွားသူတွေထဲမှာ ဗြိတိန်က အသက် ၅၈ နှစ်အရွယ် စီးပွားရေး လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး ဟာမစ်ရှ် ဟာဒင်လည်း ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိ အခြေအနေမှာတော့ ရေငုပ်သင်္ဘောငယ်လေးပေါ် ပါသွားသူတွေရဲ့ အခြေအနေက စိုးရိမ်စရာ ဖြစ်နေပြီး အောက်စီဂျင် မကုန်ခန်းသွားခင် Titanကို ရှာတွေ့နိုင်ဖို့က သေရေးရှင်ရေးအဆင့် အရေးကြီးလာနေကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက အတည်ပြုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်နည်းအားဖြင့် အစ္စရေး-ဟားမားစ် ပဋိပက္ခကို ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း စစ်ပွဲကြီးအဆင့် ကျယ်ပြန့်လာအောင် မီးမွှေးလာနိုင်ခြေရှိတဲ့ နိုင်ငံတွေကို အင်အားပြ သတိပေးထားတာလို့လည်း ဆိုနိုင်ပါတယ်။

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားနဲ့ အနောက်မဟာမိတ် နိုင်ငံတွေကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားက အခုလိုမျိုး အရေးကြီးတဲ့ စစ်ရေးနည်းပညာသစ်ကို လက်တွေ့ စမ်းသပ်ခဲ့တာပါ။

သတင်း

ဖားကန့်တွင် ပြီးခဲ့သည့် ဩဂုတ် ၅ရက်ကလည်း မြေစာပုံတစ်ခုပြိုကျခဲ့‌သေးပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ငါးဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

သတင်း

အခုလပိုင်းဖြစ်စဉ်တွေအရ ထောင်ထဲကနေ ခေါ်ထုတ်ပြီး စစ်ကြော သတ်ဖြတ်တဲ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတယ်လို့ AAPP က ဆိုပါတယ်။