Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကို အာဏာရှင်လို့ ဘိုင်ဒန် သုံးနှုန်းသွား

အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ဘိုင်ဒန်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး အလျင်စလို တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

တရုတ် သမ္မတ ရှီကို အာဏာရှင်လို့ ဘိုင်ဒန် သုံးနှုန်းသွား
တရုတ် သမ္မတ ရှီကို အာဏာရှင်လို့ ဘိုင်ဒန် သုံးနှုန်းသွား

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အာဏာရှင် တစ်ဦးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က စွပ်စွဲ သုံးနှုန်းသွားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားမှာ ပြုလုပ်တဲ့ ရန်ပုံငွေပွဲ တစ်ခုမှာ ဘိုင်ဒန်က အခုလို ပြောဆိုခဲ့တာပါ။ အံ့ဩဖို့ ကောင်းတာက အဲဒီ အခမ်းအနားဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတစ်ဦးအနေနဲ့ တရုတ်နိုင်ငံကို ၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ အန်တိုနီ ဘလင်ကန်ရဲ့ ခရီးစဉ်အပြီး နောက်တစ်နေ့မှာ ဘိုင်ဒန်က အခုလို သုံးနှုန်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဘလင်ကန်ရဲ့ ဘေဂျင်းခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ် သမ္မတ ရှီက နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုတွေကို ဖြေလျှော့ဖို့ တိုးတက်မှု အလားအလာတချို့ ရရှိခဲ့ကြောင်း ပြောပေမယ့် ဘလင်ကန်ကတော့ နှစ်ဖက်စလုံး ဆက်လက် ဆွေးနွေးရမယ့် ကိစ္စတွေ အများကြီး ကျန်နေသေးတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ဘိုင်ဒန်က အမေရိကန် လေပိုင်နက်ထဲ ကျူးကျော်ခဲ့တဲ့ တရုတ် သူလျှို မိုးပျံပူဖောင်းကို ပစ်ချစေခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ရှီကို အထိနာစေခဲ့ကြောင်း ပြောကြားချိန်မှာ အာဏာရှင်လို့ ထည့်သွင်း ရည်ညွှန်းသွားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စပိုင် ကိရိယာတွေ ကားနှစ်စီးတိုက်စာ ပမာဏလောက် တင်ဆောင်လာတဲ့ မိုးပျံပူဖောင်းကို ပစ်ချခံလိုက်ရတော့ ရှီက အကြီးအကျယ် တုန်လှုပ်သွားမှာဖြစ်ကြောင်း၊ သူဟာ စပိုင်မိုးပျံပူဖောင်းက အမေရိကန်ဆီ ရောက်နေတာတောင် သိပုံမရသေးကြောင်း၊ သူတို့ကိုယ်တိုင် ဘာတွေ ဖြစ်ပျက်နေမှန်း မသိရတဲ့ အခြေအနေမျိုးဆိုတာ အာဏာရှင်တွေအတွက် အကြီးအကျယ် အရှက်ကွဲတဲ့ အဓိပ္ပါယ်ပဲဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားသွားပါတယ်။

အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့ ဘိုင်ဒန်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး အလျင်စလို တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံးဖြစ်တဲ့ စူပါပါဝါ နိုင်ငံနှစ်ခုဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဆက်ဆံရေး အခြေအနေ ဆိုးဆိုးရွားရွား ဆုတ်ယုတ်လာခဲ့ပါတယ်။ အဲဒီအတွက်လည်း နောက်ထပ် စစ်အေးခေတ်အသွင် အားပြိုင်မှုတစ်ခု ထပ်မံ ပေါ်ပေါက်မလာစေဖို့ ဘလင်ကန်က တရုတ်နိုင်ငံ ခရီးစဉ်ကို အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။