Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟွန်းဒူးရပ်စ်မှာ ထောင်ဆူမှု၊ အကျဉ်းဆောင် မီးလောင်မှုတွေကြောင့် အကျဉ်းသူ ၄၀ ကျော် သေဆုံး

အစိုးရရဲ့ လုံခြုံရေးဌာန ဒုတိယ ဝန်ကြီး ဂျူလစ်ဆာ ဗီလန်နျူဗာက အခင်းဖြစ်ရာ ဧရိယာ တဝိုက်မှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားလိုက်သလို ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုအပြည့် စုံစမ်း စစ်ဆေးသွားမယ်လို့ ကတိပြုထားပါတယ်။

ဟွန်းဒူးရပ်စ်မှာ ထောင်ဆူမှု၊ အကျဉ်းဆောင် မီးလောင်မှုတွေကြောင့် အကျဉ်းသူ ၄၀ ကျော် သေဆုံး
ဟွန်းဒူးရပ်စ်မှာ ထောင်ဆူမှု၊ အကျဉ်းဆောင် မီးလောင်မှုတွေကြောင့် အကျဉ်းသူ ၄၀ ကျော် သေဆုံး

ဟွန်းဒူးရပ်စ် နိုင်ငံက ထောင်တစ်ခုရဲ့ အမျိုးသမီး အကျဉ်းဆောင်မှာ ထောင်ဆူမှု ဖြစ်ပွားရာက အသေအပျောက် ၄၀ ကျော် ရှိခဲ့ကြောင်း သိရပါတယ်။

အကျဉ်းထောင်မှာ မီးလောင်မှု တခုကနေ အစပြုပြီး ပြိုင်ဘက် ဒုစရိုက်ဂိုဏ်း နှစ်ခုကြား အငြှိုးတကြီး သတ်ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့တာလို့ ထောင် အာဏာပိုင်တွေက ပြောပါတယ်။ ဟွန်းဒူးရပ်စ်ရဲ့ မြို့တော် တီဂူဆီလ်ကယ်လ်ပါနဲ့ မိုင် ၂၀ လောက် အကွာမှာ တည်ရှိတဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းသူ အများစုက မီးလောင် သေဆုံးပေမယ့် တချို့ကတော့ ထောင်အာဏာပိုင်တွေ ပစ်သတ်တာ ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အစိုးရရဲ့ လုံခြုံရေးဌာန ဒုတိယ ဝန်ကြီး ဂျူလစ်ဆာ ဗီလန်နျူဗာက အခင်းဖြစ်ရာ ဧရိယာ တဝိုက်မှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားလိုက်သလို ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုအပြည့် စုံစမ်း စစ်ဆေးသွားမယ်လို့ ကတိပြုထားပါတယ်။

ဇွန် ၂၀ ရက်မှာ ထောင်ဆူမှုဖြစ်ပြီး မကြာခင်မှာပဲ ရဲတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်ဝန်ထမ်းတွေက အခြေအနေကို ကြားဝင် ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြကြောင်း၊ အကျဉ်းကျနေသူတွေ ဖြစ်တဲ့တိုင် လူ့အသက်တွေ ဆုံးရှုံးသွားတဲ့ အခြေအနေကတော့ ဘယ်လိုမှ လက်ခံပေးနိုင်စရာ မရှိကြောင်း ဗီလန်နျူဗာက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူ ၉၀၀ လောက်ကို ထိန်းသိမ်းထားရာ ထောင်ထဲမှာ ရှိသမျှ အမျိုးသမီး အကျဉ်းသူတွေ အားလုံး သေဆုံးကုန်တယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့တော့ တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။ အကျဉ်းသားတွေရဲ့ မိသားစုတွေအတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေသူ ဒယ်လ်မာ အော်ဒွန်နက်ဇ်က အကျဉ်းဆောင်ဟာ လုံးဝဥဿုံ ပျက်စီးသွားတယ်လို့ ပြောပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ ထောင်ထဲမှာ အကျဉ်းချ ခံထားရတဲ့ ပြိုင်ဘက် အမျိုးသမီး ဒုစရိုက် ဂိုဏ်းသားတွေထဲက အဖွဲ့တစ်ခုက အကျဉ်းခန်း တစ်ခုကို စတင် မီးရှို့ခဲ့တာလို့ သိရပါတယ်။ ပြည်တွင်းမှာ ကြီးစိုးနေတဲ့ ဒုစရိုက် ဂိုဏ်းတွေကို နှိမ်နင်းသွားမယ်လို့ သံန္နိဋ္ဌာန် ချထားတဲ့ သမ္မ ရှီအိုမာရာ ကက်စ်ထရိုက အမျိုးသမီးတွေ ရက်ရက်စက်စက် အသတ်ခံရတာ၊ သေကြေကုန်တာကို ကြားရလို့ တုန်လှုပ်မိကြောင်း၊ ဒီအတွက် အထိရောက် အပြင်းထန်ဆုံး အရေးယူ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဟွန်းဒူးရပ်စ်ဟာ ဂိုဏ်းဂဏဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ အဂတိ လိုက်စားမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ဒုစရိုက် ဂိုဏ်းတွေက အစိုးရ အဖွဲ့အစည်းတွေထဲထိ ဩဇာဖြန့်ကျက် စိမ့်ဝင်နေသလို နှစ်အလိုက် လူသတ်မှု ကိန်းဂဏန်းတွေကလည်း ကြောက်ခမန်းလိလိ မြင့်တက်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။