နိုင်ငံတကာ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်က တောင်ကိုရီးယား ကမ်းလွန်ရေပြင်မှာကျဆင်း ဒါ့အပြင် မြောက်ကိုရီးယားဟာ အခုနှစ် မကုန်ခင် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှုတစ်ခု ပြုလုပ်လာနိုင်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်က ခန့်မှန်း ပြောဆိုထားပါတယ်။ LuduNwayOoနိုဝင်ဘာ 17, 2022
နိုင်ငံတကာ ကမ္ဘာပေါ်မှာ အဂတိ အထူပြောဆုံး နိုင်ငံအဖြစ် မြောက်ကိုရီးယားက ၃ နှစ်ဆက်တိုက် ရပ်တည် Trace Internationalရဲ့ ဥက္ကဋ္ဌဖြစ်သူ အလက်ဇန္ဒား ဝရာဂီက မနှစ်ကထက်စာရင် မြောက်ကိုရီးယားမှာ အခြေအနေတချို့ တိုးတက်လာတယ် ဆိုပေမယ့် အတိုင်းအတာ ပမာဏကတော့ အရမ်း သေးငယ်နေဆဲပဲလို့ မှတ်ချက် ပေးခဲ့ပါတယ်။ LuduNwayOoနိုဝင်ဘာ 16, 2022
နိုင်ငံတကာ ပိုလန်မှာ ကျရောက် ပေါက်ကွဲခဲ့တဲ့ ဒုံးကျည်ကို ရုရှားကနေ ပစ်ခတ်ခဲ့တာ မဖြစ်နိုင်ဘူးလို့ ဘိုင်ဒန်ပြော ဘိုင်ဒန်ကတော့ ယူကရိန်း နယ်စပ်နားက ပိုလန် ကျေးလက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ စပ်လျဉ်းပြီး ပိုလန် အာဏာပိုင်တွေရဲ့ စုံစမ်းမေးမြန်းမှုတွေကို အစွမ်းကုန် ပံ့ပိုး ကူညီသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ LuduNwayOoနိုဝင်ဘာ 16, 2022
နိုင်ငံတကာ ကမ္ဘာ့ဖလား ကာလမှာ တစ်ကမ္ဘာလုံး အပစ်အခတ် ရပ်ထားစေချင်တယ်လို့ ဖီဖာဥက္ကဋ္ဌပြော G20 ညီလာခံမှာ ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစု နိုင်ငံခေါင်းဆောင်တွေနဲ့ နေ့လယ်စာ သုံးဆောင်ချိန်မှာ ဖီဖာ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက အခုလို ပြောကြားသွားခဲ့တာပါ။ LuduNwayOoနိုဝင်ဘာ 15, 2022
နိုင်ငံတကာ မြောက်ကိုရီးယား နျူကလီးယား လက်နက် မစမ်းအောင် တားဆီးဖို့ ရှီကို တိုက်တွန်းခဲ့ကြောင်း ဘိုင်ဒန်ပြော နိုဝင်ဘာ ၁၄ ရက်မှာ အမေရိကန်နဲ့ တရုတ် သမ္မတတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ကျင်းပတဲ့ G20 ညီလာခံအကြိုအဖြစ် လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဘိုင်ဒန် အနေနဲ့ သမ္မတသက်တမ်း ၂ နှစ်နီးပါး ကာလအတွင်း ရှီနဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်လာပါတယ်။ LuduNwayOoနိုဝင်ဘာ 15, 2022
နိုင်ငံတကာ နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမယ့် ရှီနဲ့ ဘိုင်ဒန် နှစ်နိုင်ငံ သမ္မတတွေဟာ အင်ဒိုနီးရှား နိုင်ငံမှာ G20 ညီလာခံ လာရောက် တက်ရောက်ရင်း နိုဝင်ဘာ ၁၄ ရက်မှာ သီးခြားတွေ့ဆုံ ဆွေးနွေးဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။ G20 ညီလာခံကို အခုသီတင်းပတ်၊ ဘာလီကျွန်းမှာ ကျင်းပသွားမှာပါ။ LuduNwayOoနိုဝင်ဘာ 14, 2022
နိုင်ငံတကာ တူရကီမှာ လူစည်ကားရာမြို့လယ် ဗုံးကွဲမှုကြောင့် ၆ ဦးသေပြီး ၈၀ ကျော် ဒဏ်ရာရ တူရကီ အစိုးရက အခုပေါက်ကွဲမှုဟာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုလို့ ယုံကြည် ယူဆကြောင်း ကြေညာပေမယ့် ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်အဖြစ် တာဝန်ခံတာမျိုး မရှိသေးပါဘူး။ LuduNwayOoနိုဝင်ဘာ 14, 2022
နိုင်ငံတကာ ရုရှားလက်အောက်က လွတ်မြောက်လာတဲ့ ခါဆွန်မြို့မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင် အိမ်အများစုက လျှပ်စစ်မီးနဲ့ သောက်ရေ မရကြကြောင်း၊ အဆိုးရွားဆုံး အချက်ကတော့ ဓာတ်ငွေ့ ပိုက်လိုင်းတွေပါ ဖျက်ဆီး ခံထားရတာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။ လောလောဆယ်တော့ ယူကရိန်း စစ်တပ်ဟာ မြို့ထဲမှာ မိုင်းရှင်းလင်းရေးတွေကို ဦးစားပေးအဆင့် ဆောင်ရွက်နေရဆဲပါ။ LuduNwayOoနိုဝင်ဘာ 13, 2022
နိုင်ငံတကာ အမေရိကန် လေကြောင်းပြပွဲမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် လေယာဉ်နှစ်စီး တိုက်မိ P-63တွေဟာ တစ်ယောက်စီး လေယာဉ်ငယ်တွေဖြစ်ပြီး B-17တွေကတော့ အဖွဲ့သား ၁၀ ယောက်လောက်ထိ စီးနင်း လိုက်ပါနိုင်ပါတယ်။ လေယာဉ်တွေဟာ တိုက်မိတဲ့နောက် လေယာဉ်ကွင်းထဲ ပျက်ကျပြီး မီးစွဲလောင်ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။ LuduNwayOoနိုဝင်ဘာ 13, 2022
နိုင်ငံတကာ ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့နောက် ခါဆွန်မြို့ကို ယူကရိန်းတပ်တွေ သိမ်းပိုက် အခုတော့ ပြည်နယ်မြို့တော် ခါဆွန်ရဲ့ မြို့လယ်မှာပါ ယူကရိန်း အလံကို ဝံ့ဝံ့ကြွားကြွား လွှင့်ထူလာနိုင်ခဲ့ပါပြီ။ ပျော်ရွှင် မြူးကြွနေတဲ့ ဒေသခံ ပြည်သူတွေဟာ မြို့လယ်ရင်ပြင်မှာ စုဝေးရင်း မြို့ထဲဝင်လာတဲ့ ယူကရိန်း တပ်တွေကို စောင့်ကြို နှုတ်ဆက်ခဲ့ကြပါတယ်။ LuduNwayOoနိုဝင်ဘာ 12, 2022