Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့နောက် ခါဆွန်မြို့ကို ယူကရိန်းတပ်တွေ သိမ်းပိုက်

အခုတော့ ပြည်နယ်မြို့တော် ခါဆွန်ရဲ့ မြို့လယ်မှာပါ ယူကရိန်း အလံကို ဝံ့ဝံ့ကြွားကြွား လွှင့်ထူလာနိုင်ခဲ့ပါပြီ။ ပျော်ရွှင် မြူးကြွနေတဲ့ ဒေသခံ ပြည်သူတွေဟာ မြို့လယ်ရင်ပြင်မှာ စုဝေးရင်း မြို့ထဲဝင်လာတဲ့ ယူကရိန်း တပ်တွေကို စောင့်ကြို နှုတ်ဆက်ခဲ့ကြပါတယ်။

ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့နောက် ခါဆွန်မြို့ကို ယူကရိန်းတပ်တွေ သိမ်းပိုက်
ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့နောက် ခါဆွန်မြို့ကို ယူကရိန်းတပ်တွေ သိမ်းပိုက်

ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့နောက် နိုင်ငံတောင်ပိုင်းက ခါဆွန်မြို့ထဲကို ယူကရိန်းတပ်တွေ ဝင်ရောက် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်မှာ ယူကရိန်း တပ်ဖွဲ့တွေ ခါဆွန်ကို စတင် ဝင်ရောက်ခဲ့ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြု ကြေညာပါတယ်။ အဲဒီနေ့ မတိုင်ခင်မှာ ရုရှားက တပ်ဖွဲ့ဝင် ၃၀၀၀၀ လောက်နဲ့ စစ်လက်နက်တွေကို အရှေ့ဖက်က ရုရှားထိန်းချုပ် နယ်မြေတွေဆီ ပြန်လည် ရွှေ့ပြောင်းသွားကြပြီ ဖြစ်ပါတယ်။

ခါဆွန်ပြည်နယ်ရဲ့ မြို့တော် ခါဆွန်ဟာ ကျူးကျော်စစ်ပွဲ အစမှာ ရုရှားလက်ထဲ အစောဆုံး ကျရောက်ခဲ့တဲ့ အဓိက ယူကရိန်း မြို့ပြကြီးတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းက ခါဆွန်ကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ပြီး ပြည်နယ်ထဲက မြို့ရွာ တော်တော်များများကို ရုရှားလက်ထဲကနေ ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

အခုတော့ ပြည်နယ်မြို့တော် ခါဆွန်ရဲ့ မြို့လယ်မှာပါ ယူကရိန်း အလံကို ဝံ့ဝံ့ကြွားကြွား လွှင့်ထူလာနိုင်ခဲ့ပါပြီ။ ပျော်ရွှင် မြူးကြွနေတဲ့ ဒေသခံ ပြည်သူတွေဟာ မြို့လယ်ရင်ပြင်မှာ စုဝေးရင်း မြို့ထဲဝင်လာတဲ့ ယူကရိန်း တပ်တွေကို စောင့်ကြို နှုတ်ဆက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ခါဆွန်လို အဓိက ခြေကုပ်စခန်း မြို့ကြီးတစ်ခုကို လက်လွှတ်လိုက်ရခြင်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ယူကရိန်း စစ်ပွဲဟာ ရလဒ်ပိုင်း ဘယ်လောက် ယိမ်းယိုင် အားနည်းလာနေသလဲ ဆိုတာကို မြင်သာစေပါတယ်။ ပူတင်က ခါဆွန်ကို ရုရှားပိုင်နက်ထဲ သွတ်သွင်းကြောင်း ကြေညာထားတာ သီတင်း ၅ ပတ်လောက်သာ ရှိသေးပေမယ့် အခုတော့ လက်လွတ် ဆုံးရှုံးသွားခဲ့ပါပြီ။

ယူကရိန်း သမ္မတ ဇီလန်စကီးက ခါဆွန်မှာ အောင်ပွဲခံနေတဲ့ ဗီဒီယို တစ်ခုကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပြီး ယူကရိန်းအတွက် သမိုင်းဝင် နေ့တစ်နေ့လို့ ညွှန်းဆိုသွားခဲ့ပါတယ်။ ပြီးတော့ ဒီနီပရိုမြစ်ရဲ့ အနောက်ဖက်ခြမ်း ခါဆွန်မြို့ တဝိုက်မှာ ကျန်နေတဲ့ ရုရှားတပ်တွေ အားလုံးကိုလည်း လက်နက်ချကြဖို့ ဇီလန်စကီးက တိုက်တွန်းခဲ့ပါတယ်။

လတ်တလောမှာတော့ မြို့ဘေးက မြစ်ကို ပိုင်းခြားထားတဲ့ တံတားက ပျက်စီးနေပြီး ဘယ်သူက ဖျက်ဆီးထားသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ခါဆွန်မြို့ ဆင်ခြေဖုံးကို ယူကရိန်းတပ်တွေ စတင်ဝင်ရောက်ချိန်မှာ တုံ့ပြန် ပစ်ခတ်မှုတွေ မကြုံခဲ့ရပေမယ့် ခါဆွန်နဲ့ ထိစပ်နေတဲ့ မိုင်ကိုလေ့ဗ် မြို့မှာတော့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်း ဒုံးကျည်တစ်စင်း ကျရောက်ပြီး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

ယူကရိန်း တပ်တွေဟာ နိုင်ငံတောင်ပိုင်း၊ ခါဆွန်မှာ စစ်ရေးအရ အသာစီး ရနေသလို နိုင်ငံ အရှေ့ပိုင်းက ဒွန်းညက်စ် ဒေသမှာလည်း ရုရှားလက်အောက်ခံ နယ်မြေတွေကို ပြန်လည်ရရှိဖို့ အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။