Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ကာလမှာ တစ်ကမ္ဘာလုံး အပစ်အခတ် ရပ်ထားစေချင်တယ်လို့ ဖီဖာဥက္ကဋ္ဌပြော

G20 ညီလာခံမှာ ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစု နိုင်ငံခေါင်းဆောင်တွေနဲ့ နေ့လယ်စာ သုံးဆောင်ချိန်မှာ ဖီဖာ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက အခုလို ပြောကြားသွားခဲ့တာပါ။

G20 ညီလာခံမှာ ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစု နိုင်ငံခေါင်းဆောင်တွေနဲ့ နေ့လယ်စာ သုံးဆောင်ချိန်မှာ ဖီဖာ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက အခုလို ပြောကြားသွားခဲ့တာပါ။
G20 ညီလာခံမှာ ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစု နိုင်ငံခေါင်းဆောင်တွေနဲ့ နေ့လယ်စာ သုံးဆောင်ချိန်မှာ ဖီဖာ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက အခုလို ပြောကြားသွားခဲ့တာပါ။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး ကျင်းပနေချိန် တစ်လလောက်ကို တစ်ကမ္ဘာလုံးမှာ အပစ်အခတ် ရပ်စဲထားကြစေလိုကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ အကြီးအကဲက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

G20 ညီလာခံမှာ ကမ္ဘာ့ထိပ်တန်း စီးပွားရေး အင်အားစု နိုင်ငံခေါင်းဆောင်တွေနဲ့ နေ့လယ်စာ သုံးဆောင်ချိန်မှာ ဖီဖာ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက အခုလို ပြောကြားသွားခဲ့တာပါ။ ကမ္ဘာတလွှားက ပဋိပက္ခတွေ အားလုံးနဲ့ ဆက်နွှယ် ပတ်သက်နေသူတွေဟာ ဆွေးနွေး အဖြေရှာမှုတွေအတွက် တွန်းအား တစ်ရပ်အဖြစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို ရှုမြင်ကြစေလိုကြောင်း အင်ဖန်တီနိုက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းကို ရောက်ရှိနေချိန်မှာ အင်ဖန်တီနိုက ဖြစ်နိုင်မယ်ဆိုရင် အားလုံးဟာ ကမ္ဘာ့ဖလားကာလ တစ်လတာလောက်ပဲဖြစ်ဖြစ် အနည်းဆုံးတော့ အပစ်အခတ် ရပ်စဲထားစေလိုကြောင်း၊ အဲဒီ ကာလတွေအတွင်း လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့တာ အပါအဝင် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ပထမဆုံး ခြေလှမ်းဖြစ်လာမယ့် ကိစ္စတွေကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

G20 ညီလာခံကို ရောက်ရှိလာတဲ့ နိုင်ငံခေါင်းဆောင် အသီးသီးဟာ ကမ္ဘာ့ခေါင်းဆောင်တွေလို့လည်း ဆိုနိုင်ကြောင်း၊ အားလုံးက လူ့သမိုင်းကြောင်းအပေါ် လွှမ်းမိုးသက်ရောက်နိုင်တဲ့ အစွမ်းအစ အသီးသီး ရှိကြကြောင်း၊ ဘောလုံး အားကစားနဲ့ ကမ္ဘာ့ဖလားက လူသားတွေရဲ့ စည်းလုံးမှုနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ အခွင့်အရေးတစ်ခု ဖန်တီးပေးနေပြီး ဒါကို အမိအရ ဆုပ်ကိုင်ကြစေလိုကြောင်း အင်ဖန်တီနိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၀ ကနေ ဒီဇင်ဘာ ၁၈ ရက်ထိ ကာတာနိုင်ငံမှာ ကျင်းပသွားမှာပါ။ ရုရှားဟာ ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ထိ တက်ရောက်ခဲ့ပေမယ့် ယူကရိန်း ကျူးကျော်စစ်ကြောင့် အခုနှစ် ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့် တားမြစ် ခံခဲ့ရပါတယ်။ ယူကရိန်းကတော့ ကမ္ဘာ့ဖလားရဲ့ နောက်ဆုံးအဆင့် ခြေစစ်ပွဲစဉ်တွေမှာ ဝေးလ်စ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါးစပ်ကို လက်နဲ့ကွယ်ပြီး စကားပြောဆိုမိလို့ အနီကတ်ပြ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ဘောလုံးသမားအဖြစ် ပါရာဂွေး အသင်းရဲ့ မီဂွယ် အယ်လ်မီရွန်က မှတ်တမ်းဝင်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ ပွဲကြည့်စင် ခုံနေရာတွေ လွတ်နေတာဟာ ပရိသတ်တွေက သတ်မှတ်နေရာမှာ မထိုင်ကြလို့ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း ဗီဇာ ပြဿနာတွေကို ထိထိရောက်ရောက် ပါဝင်ဖြေရှင်းနိုင်စွမ်း ကင်းမဲ့နေတာနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌက ကာကွယ် ပြောကြားသွားပါတယ်။