နိုင်ငံတကာ Gay အခွင့်အရေး လှုပ်ရှားသူ နာမည် မှည့်ထားတဲ့ သင်္ဘောအသစ် အမေရိကန် ရေတပ်မှာ စတင် အမှုထမ်း မစ်ခ်ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက ရေတပ်မှာ အမှုထမ်းခဲ့ဖူးပေမယ့် သူ့ရဲ့ လိင်စိတ် တိမ်းညွှတ်မှုကို အကြောင်းပြုပြီး ထုတ်ပယ် ခံခဲ့ရပါတယ်။ အဲဒီတုန်းက ရေငုပ်သင်္ဘော ကယ်ဆယ်ရေး ရေယာဉ် USS Kittiwakeမှာ ဗိုလ်လေး အဆင့်နဲ့ အမှုထမ်းခဲ့တာပါ။ LuduNwayOoနိုဝင်ဘာ 8, 2021
နိုင်ငံတကာ အိန္ဒိယဆေးရုံ ကိုဗစ်လူနာဆောင် မီးလောင်လို့ လူနာ ၁၁ ဦးသေ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အခုဖြစ်စဉ်ကြောင့် သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ ဆုမွန်ကောင်း တောင်းပေးကြောင်း Twitterပေါ်မှာ ရေးသားခဲ့ပါတယ်။ LuduNwayOoနိုဝင်ဘာ 7, 2021
နိုင်ငံတကာ ဆီရာလီယွန်မှာ ဆီတင်ကား ပေါက်ကွဲမှုကြောင့် လူ ၁၀၀ ဝန်းကျင်သေဆုံး ပေါက်ကွဲမှုကြောင့် အနီးတဝိုက်မှာ ရပ်ပြီး စူးစမ်းကြည့်ရှုနေသူတွေပါ သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက်က ဖြစ်စဉ်ကြောင့် လက်ရှိ အချိန်ထိ သေဆုံးသူ ၉၈ ဦးထိ စာရင်းရထားပြီး ဒဏ်ရာ ပြင်းထန်သူတွေ တော်တော်များများလည်း ရှိနေပါတယ်။ LuduNwayOoနိုဝင်ဘာ 7, 2021
နိုင်ငံတကာ ဒီပါဝလီ ပွဲတော်အပြီး လေထုညစ်ညမ်းမှု အခြေအနေ အဆိုးဆုံး ဖြစ်သွားတဲ့ ဒေလီမြို့ အာဏာပိုင်တွေက တားမြစ်ထားပေမယ့် အများစုကတော့ မလိုက်နာကြပါဘူး။ ဒေပါဝလီ ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပြီးတဲ့နောက် သန်းနဲ့ချီ များပြားတဲ့ မြို့ခံတွေဆီကနေ ထွက်ပေါ်လာတဲ့ မီးခိုးတွေဟာ လေထုထဲမှာ စွဲကျန်နေခဲ့တာ ဖြစ်ပါတယ်။ LuduNwayOoနိုဝင်ဘာ 6, 2021
နိုင်ငံတကာ စစ်မှုထမ်းဟောင်းတွေ စစ်ပြန်တိုက်ဖို့ အကူအညီ တောင်းနေရတဲ့ အီသီယိုးပီးယား စစ်တပ် တီဂရေး လွတ်မြောက်ရေးတပ်ဦး (TPLF) တပ်တွေဟာ အခုဆိုရင် အီသီယိုးပီးယားရဲ့ မြို့တော် အက်ဒစ်ဘာဘာရဲ့ မြောက်ဖက် မိုင် ၂၀၀ လောက် အကွာက ကီမစ်ဆီမြို့ကို သိမ်းပိုက်ထားလိုက်ပြီး မြို့တော်ဆီ ချီတက်လာဖို့ ပြင်ဆင်နေပါတယ်။ LuduNwayOoနိုဝင်ဘာ 6, 2021
နိုင်ငံတကာ သမ္မတရဲ့ ကျန်းမာရေးကိစ္စ ကောလာဟလ ဖြန့်သူတွေကို တူရကီ ရဲတပ်ဖွဲ့ စုံစမ်းနေ အခုတစ်ကြိမ် Twitterမှာ ကောလာဟလတွေ ထပ်ပျံ့လာတာဟာ မရိုးသားတဲ့ နိုင်ငံရေး ထိုးနှက်မှု တစ်ခုလို့ အာဏာရ AKP ပါတီက စွပ်စွဲခဲ့ပါတယ်။ အခု သီတင်းပတ်ထဲမှာ အာဒိုဝမ်ဟာ မြို့တော် အင်ကာရာမှာ အခမ်းအနား တချို့ကို တက်ရောက်ခဲ့ပါတယ်။ LuduNwayOoနိုဝင်ဘာ 5, 2021
နိုင်ငံတကာ အိန္ဒိယရဲ့ ပြည်တွင်းဖြစ် ကာကွယ်ဆေး Covaxinကို WHO အရေးပေါ် သုံးစွဲခွင့်ပြု ဒီဆေးကို အိန္ဒိယမှာ ဇန်နဝါရီလ ကတည်းက သုံးစွဲနေခဲ့ပါတယ်။ ဒီအတောအတွင်း ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု လေ့လာမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပြီးမှ WHOရဲ့ အသိအမှတ်ပြုမှုအတွက် လျှောက်ထား တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ LuduNwayOoနိုဝင်ဘာ 4, 2021
နိုင်ငံတကာ မင်နီယာပိုးလစ်မြို့မှာ ရဲတပ်ဖွဲ့ ဖျက်သိမ်းရေးအဆို မဲခွဲဆုံးဖြတ်မှု အရေးနိမ့် ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ဟာ မြို့တော်ဝန်ရဲ့ လက်အောက်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့သစ်ကတော့ မြို့တော်ဝန်အပြင် လူထုက ရွေးချယ် တင်မြှောက်ထားတဲ့ တခြား ကောင်စီဝင် ၁၃ ဦးရဲ့ လမ်းညွှန်မှုကိုပါ လိုက်နာရမှာပါ။ LuduNwayOoနိုဝင်ဘာ 3, 2021
နိုင်ငံတကာ ပြည်သူတွေ ရရာလက်နက် စွဲကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြဖို့ အီသီယိုးပီးယား အစိုးရ တိုက်တွန်း TPLFဟာ အီသီယိုးပီးယားရဲ့ ထင်ရှားတဲ့ နိုင်ငံရေး အင်အားစု တစ်ခုဖြစ်ပြီး အဘီရဲ့ အစိုးရ တက်မလာခင်က နိုင်ငံရဲ့ အာဏာကို ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ နောက်တော့ ဖက်ဒရယ် အစိုးရနဲ့ တီဂရေး ပြည်နယ် အစိုးရကြား သဘောထား ကွဲလွဲမှုတွေ ပိုမိုနက်ရှိုင်းလာရာက ပြည်တွင်းစစ် ဖြစ်တဲ့ထိ ပေါက်ကွဲထွက်လာခဲ့တာ... LuduNwayOoနိုဝင်ဘာ 3, 2021
နိုင်ငံတကာ ကမ္ဘာတလွှားမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သန်းကျော်ရှိလာ နိုင်ငံအလိုက် ကျန်းမာရေး ဌာနတွေက ထုတ်ပြန်တဲ့ စုစုပေါင်း အသေအပျောက် ကိန်းဂဏန်းတွေဟာ နိုဝင်ဘာ ၁ ရက်မှာ ၅ သန်း စတင် ကျော်လွန်လာခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရောဂါကြောင့် သေဆုံးရသူ ဦးရေဟာ အဲဒီထက် အများကြီး ပိုနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ LuduNwayOoနိုဝင်ဘာ 2, 2021