Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယရဲ့ ပြည်တွင်းဖြစ် ကာကွယ်ဆေး Covaxinကို WHO အရေးပေါ် သုံးစွဲခွင့်ပြု

ဒီဆေးကို အိန္ဒိယမှာ ဇန်နဝါရီလ ကတည်းက သုံးစွဲနေခဲ့ပါတယ်။ ဒီအတောအတွင်း ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု လေ့လာမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပြီးမှ WHOရဲ့ အသိအမှတ်ပြုမှုအတွက် လျှောက်ထား တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံက ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေး Covaxinကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အရေးပေါ် အသုံးပြုခွင့် အသိအမှတ် ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

Bharat Biotechက ထုတ်လုပ်တဲ့ ပြည်တွင်းဖြစ် ကာကွယ်ဆေးကို အိန္ဒိယမှာတော့ အတော်လေး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေနှင့်ပြီးသားပါ။ အခုအခါ WHOရဲ့ အသိအမှတ်ပြုမှု ရသွားပြီ ဖြစ်တာကြောင့် တခြားနိုင်ငံတွေဆီ တင်ပို့ဖို့လည်း အဆင်ပြေသွားပါပြီ။

WHOက Covaxinဟာ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံငယ်တွေဆီ ကာကွယ်ဆေး ဖြန့်ဝေ တင်ပို့ရေး မျှော်မှန်းချက်ကို ပိုမို တွန်းအားပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ Covaxinကို အသက် ၁၈ နှစ်အထက် အရွယ်တွေမှာ သီတင်းလေးပတ်ခြားပြီး နှစ်ကြိမ် ထိုးနှံဖို့ WHOက ထောက်ခံထားပါတယ်။

ဒီဆေးကို အိန္ဒိယမှာ ဇန်နဝါရီလ ကတည်းက သုံးစွဲနေခဲ့ပါတယ်။ ဒီအတောအတွင်း ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု လေ့လာမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပြီးမှ WHOရဲ့ အသိအမှတ်ပြုမှုအတွက် လျှောက်ထား တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Bharat Biotech အနေနဲ့ WHOရဲ့ လမ်းညွှန်မှုတွေနဲ့အညီ ဆေးဝါးတွေ ပြည်ပ တင်ပို့ခွင့် ရတော့မှာ ဖြစ်သလို အိန္ဒိယမှာ ဒီဆေး ထိုးထားသူတွေ အနေနဲ့လည်း WHO အသိအမှတ်ပြု တခြား ကာကွယ်ဆေးတွေ နည်းတူ ပြည်ပ ခရီးသွားလာတာမျိုးတွေမှာ အဆင်ပြေလာတော့မှာပါ။

အခုဆိုရင် WHOက အသိအမှတ် ပြုထားတဲ့ ကိုဗစ် ကာကွယ်ဆေး ၇ မျိုးထိ ရှိလာပါပြီ။ အမေရိကန်က ထုတ်လုပ်တဲ့ ဆေး ၃ မျိုး၊ တရုတ်က ဆေး ၂ မျိုးနဲ့ ဗြိတိန်က ထုတ်လုပ်တဲ့ ဆေး ၁ မျိုးကိုလည်း WHOက အရေးပေါ် သုံးစွဲခွင့် ပေးထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။