Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီရာလီယွန်မှာ ဆီတင်ကား ပေါက်ကွဲမှုကြောင့် လူ ၁၀၀ ဝန်းကျင်သေဆုံး

ပေါက်ကွဲမှုကြောင့် အနီးတဝိုက်မှာ ရပ်ပြီး စူးစမ်းကြည့်ရှုနေသူတွေပါ သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက်က ဖြစ်စဉ်ကြောင့် လက်ရှိ အချိန်ထိ သေဆုံးသူ ၉၈ ဦးထိ စာရင်းရထားပြီး ဒဏ်ရာ ပြင်းထန်သူတွေ တော်တော်များများလည်း ရှိနေပါတယ်။

ဆီရာလီယွန် နိုင်ငံမှာ ဆီတင်ကားကြီးတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားရာက လူ ၁၀၀ ဝန်းကျင်လောက် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

မြို့တော် ဖရီးတောင်းက လူစည်ကားရာ လမ်းဆုံတစ်နေရာမှာ ဆီတင်ကားကြီး တစ်စီးနဲ့ တခြား ကုန်တင်ကား တစ်စီးတို့ တိုက်မိခဲ့ပါတယ်။ အဲဒီကနေ ဆီတွေ ယိုဖိတ်လာပြီး လူတွေက သွားရောက် ခပ်ယူချိန်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် အနီးတဝိုက်မှာ ရပ်ပြီး စူးစမ်းကြည့်ရှုနေသူတွေပါ သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက်က ဖြစ်စဉ်ကြောင့် လက်ရှိ အချိန်ထိ သေဆုံးသူ ၉၈ ဦးထိ စာရင်းရထားပြီး ဒဏ်ရာ ပြင်းထန်သူတွေ တော်တော်များများလည်း ရှိနေပါတယ်။

အခင်းဖြစ်ရာ နေရာကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ ဒုတိယ သမ္မတ မိုဟာမက် ဂျူလ်ဒန် ဂျယ်လိုဟ်က ဒီဖြစ်ရပ်ဟာ တစ်နိုင်ငံလုံးအတွက် ကြေကွဲစရာ ကိစ္စကြီးတစ်ခုလို့ ပြောဆိုသွားခဲ့ပါတယ်။ ပေါက်ကွဲမှုမှာ မတော်တဆ ဒဏ်ရာရခဲ့သူတွေကိုလည်း စရိတ်ကင်းလွတ် ကုသခွင့် ရစေမယ်လို့ ဒုတိယ သမ္မတက ကတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖရီးတောင်း မြို့တော်ဝန် ယော့ဗ်နီ အကီ ဆော်ယားက ပေါက်ကွဲမှုရဲ့ မှတ်တမ်း ဓာတ်ပုံတွေကို မြင်ရတာ ချောက်ချားစရာ ကောင်းလွန်းတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ လောလောဆယ် ဆေးရုံဆေးခန်းတွေမှာ ကုသမှု ခံယူနေရတဲ့ လူနာ ၉၂ ဦးထက်မနည်း ရှိနေပြီး အခြေအနေ ဆိုးသူတွေလည်း ပါဝင်နေပါတယ်။

ဆီတင်ကားကြီးဟာ မြို့ထဲက ဆီဆိုင်တစ်ခုမှာ ဆီတွေ ပို့ဆောင်ပေးဖို့ လာရင်း ထရပ်ကားနဲ့ တိုက်မိခဲ့တာပါ။ ယာဉ်မောင်းနှစ်ယောက် စလုံးက ဆီတွေ ယိုစိမ့်နေတာကို သတိထားမိပြီး လူတွေ မလာကြဖို့ အော်ဟစ် သတိပေးပေမယ့် ဆီလာခပ်တဲ့ သူတွေက နားမထောင်ခဲ့ကြပါဘူး။ အဲဒီအချိန်မှာပဲ မီးလောင်ပေါက်ကွဲမှု ဖြစ်သွားခဲ့တာပါ။

ပေါက်ကွဲမှု အရှိန်ကြောင့် အနားမှာရှိတဲ့ ဘတ်စ်ကားတစ်ခုပါ မီးကျွမ်းပြာကျသွားပြီး စျေးဆိုင်တွေ၊ အိမ်ခန်းတွေလည်း မီးလောင်ကုန်ပါတယ်။ မြင်ကွင်းက တကယ့် အနိဋ္ဌာရုံ အကြီးစား ဖြစ်သွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ လူဦးရေ ၁ သန်းလောက် နေထိုင်တဲ့ ဆိပ်ကမ်းမြို့ ဖရီးတောင်းဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဆိုးရွားတဲ့ မတော်တဆမှုတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။

မတ်လတုန်းက မြို့နားမှာရှိတဲ့ အကြီးစား ကျူးကျော်ရပ်ကွက်မှာ မီးလောင်လို့ လူ ၈၀ ကျော် ဒဏ်ရာရပြီး ၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ၂၀၁၇ တုန်းကလည်း ဖရီးတောင်းမှာ မိုးသည်းထန်ပြီး မြေပြိုမှုတွေကြောင့် လူပေါင်း ၁၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook