Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတရဲ့ ကျန်းမာရေးကိစ္စ ကောလာဟလ ဖြန့်သူတွေကို တူရကီ ရဲတပ်ဖွဲ့ စုံစမ်းနေ

အခုတစ်ကြိမ် Twitterမှာ ကောလာဟလတွေ ထပ်ပျံ့လာတာဟာ မရိုးသားတဲ့ နိုင်ငံရေး ထိုးနှက်မှု တစ်ခုလို့ အာဏာရ AKP ပါတီက စွပ်စွဲခဲ့ပါတယ်။ အခု သီတင်းပတ်ထဲမှာ အာဒိုဝမ်ဟာ မြို့တော် အင်ကာရာမှာ အခမ်းအနား တချို့ကို တက်ရောက်ခဲ့ပါတယ်။

သမ္မတရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကောလာဟလတွေ ဖြန့်ဝေသူတွေကို တူရကီ ရဲတပ်ဖွဲ့က လိုက်လံ စုံစမ်းနေကြောင်း သိရပါတယ်။

သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အတည်မပြုနိုင်တဲ့ အချက်အလက်တွေကို Twitterပေါ်မှာ ရေးသား မျှဝေခဲ့တဲ့အတွက် လူပေါင်း ၃၀ လောက်ကို ရာဇဝတ်ကြောင်းအရ စုံစမ်း စစ်ဆေးမှုတွေ ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီလူတွေက Hashtagတွေကို သုံးပြီး ဒီသတင်းတွေကို အုပ်စုဖွဲ့ ဖြန့်ဝေခဲ့ကြတာလို့ သိရပါတယ်။ နောက်တော့ အာဒိုဝမ်ရဲ့ နိုင်ငံရေး မဟာမိတ်တွေက သမ္မတရဲ့ နိစ္စဓူဝ လုပ်ဆောင်မှုတွေကို ပြန်လည် ဝေမျှပြီး အာဒိုဝမ် ကျန်းမာရေး ကောင်းနေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

အရင်ကတည်းက ပြိုင်ဘက် နိုင်ငံရေး ပါတီတွေဟာ အသက် ၆၇ နှစ်အရွယ် အာဒိုဝမ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာတွေ ရှိခဲ့ကြပါတယ်။ အာဒိုဝမ်ဟာ ၂၀၁၁ တုန်းက အူလမ်းကြောင်း ခွဲစိတ်မှုတစ်ခု ခံယူခဲ့ရဖူးပါတယ်။ အဲဒီနောက်ပိုင်း သမ္မတမှာ ကင်ဆာရောဂါ စွဲကပ်နေတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ပြီး အာဒိုဝမ်က အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုတစ်ကြိမ် Twitterမှာ ကောလာဟလတွေ ထပ်ပျံ့လာတာဟာ မရိုးသားတဲ့ နိုင်ငံရေး ထိုးနှက်မှု တစ်ခုလို့ အာဏာရ AKP ပါတီက စွပ်စွဲခဲ့ပါတယ်။ အခု သီတင်းပတ်ထဲမှာ အာဒိုဝမ်ဟာ မြို့တော် အင်ကာရာမှာ အခမ်းအနား တချို့ကို တက်ရောက်ခဲ့ပါတယ်။

တူရကီ မီဒီယာတွေကတော့ ပြီးခဲ့တဲ့ အပတ်က ဗီဒီယို တစ်ခုမှာ သမ္မတရဲ့ လမ်းလျှောက်ပုံ သိပ်မဟန်ရာကနေ အစပြုပြီး ကောလာဟလတွေ ထွက်လာတာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သမ္မတရဲ့ ပြန်ကြားရေး တာဝန်ခံက အာဒိုဝမ် ဘတ်စကက်ဘော ကစားနေပုံ ဗီဒီယို ဖြတ်ပိုင်း တစ်ခုကို ပြန်လည် ဝေမျှသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

အတွေးအမြင်

အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။