Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သမ္မတရဲ့ ကျန်းမာရေးကိစ္စ ကောလာဟလ ဖြန့်သူတွေကို တူရကီ ရဲတပ်ဖွဲ့ စုံစမ်းနေ

အခုတစ်ကြိမ် Twitterမှာ ကောလာဟလတွေ ထပ်ပျံ့လာတာဟာ မရိုးသားတဲ့ နိုင်ငံရေး ထိုးနှက်မှု တစ်ခုလို့ အာဏာရ AKP ပါတီက စွပ်စွဲခဲ့ပါတယ်။ အခု သီတင်းပတ်ထဲမှာ အာဒိုဝမ်ဟာ မြို့တော် အင်ကာရာမှာ အခမ်းအနား တချို့ကို တက်ရောက်ခဲ့ပါတယ်။

သမ္မတရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကောလာဟလတွေ ဖြန့်ဝေသူတွေကို တူရကီ ရဲတပ်ဖွဲ့က လိုက်လံ စုံစမ်းနေကြောင်း သိရပါတယ်။

သမ္မတ ရာဂျစ် တာယစ်ပ် အာဒိုဝမ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ အတည်မပြုနိုင်တဲ့ အချက်အလက်တွေကို Twitterပေါ်မှာ ရေးသား မျှဝေခဲ့တဲ့အတွက် လူပေါင်း ၃၀ လောက်ကို ရာဇဝတ်ကြောင်းအရ စုံစမ်း စစ်ဆေးမှုတွေ ရှိနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီလူတွေက Hashtagတွေကို သုံးပြီး ဒီသတင်းတွေကို အုပ်စုဖွဲ့ ဖြန့်ဝေခဲ့ကြတာလို့ သိရပါတယ်။ နောက်တော့ အာဒိုဝမ်ရဲ့ နိုင်ငံရေး မဟာမိတ်တွေက သမ္မတရဲ့ နိစ္စဓူဝ လုပ်ဆောင်မှုတွေကို ပြန်လည် ဝေမျှပြီး အာဒိုဝမ် ကျန်းမာရေး ကောင်းနေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

အရင်ကတည်းက ပြိုင်ဘက် နိုင်ငံရေး ပါတီတွေဟာ အသက် ၆၇ နှစ်အရွယ် အာဒိုဝမ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာတွေ ရှိခဲ့ကြပါတယ်။ အာဒိုဝမ်ဟာ ၂၀၁၁ တုန်းက အူလမ်းကြောင်း ခွဲစိတ်မှုတစ်ခု ခံယူခဲ့ရဖူးပါတယ်။ အဲဒီနောက်ပိုင်း သမ္မတမှာ ကင်ဆာရောဂါ စွဲကပ်နေတယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ပြီး အာဒိုဝမ်က အကြိမ်ကြိမ် ငြင်းပယ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုတစ်ကြိမ် Twitterမှာ ကောလာဟလတွေ ထပ်ပျံ့လာတာဟာ မရိုးသားတဲ့ နိုင်ငံရေး ထိုးနှက်မှု တစ်ခုလို့ အာဏာရ AKP ပါတီက စွပ်စွဲခဲ့ပါတယ်။ အခု သီတင်းပတ်ထဲမှာ အာဒိုဝမ်ဟာ မြို့တော် အင်ကာရာမှာ အခမ်းအနား တချို့ကို တက်ရောက်ခဲ့ပါတယ်။

တူရကီ မီဒီယာတွေကတော့ ပြီးခဲ့တဲ့ အပတ်က ဗီဒီယို တစ်ခုမှာ သမ္မတရဲ့ လမ်းလျှောက်ပုံ သိပ်မဟန်ရာကနေ အစပြုပြီး ကောလာဟလတွေ ထွက်လာတာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သမ္မတရဲ့ ပြန်ကြားရေး တာဝန်ခံက အာဒိုဝမ် ဘတ်စကက်ဘော ကစားနေပုံ ဗီဒီယို ဖြတ်ပိုင်း တစ်ခုကို ပြန်လည် ဝေမျှသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။