Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယဆေးရုံ ကိုဗစ်လူနာဆောင် မီးလောင်လို့ လူနာ ၁၁ ဦးသေ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အခုဖြစ်စဉ်ကြောင့် သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ ဆုမွန်ကောင်း တောင်းပေးကြောင်း Twitterပေါ်မှာ ရေးသားခဲ့ပါတယ်။

အိန္ဒိယ ဆေးရုံတစ်ခုက ကိုဗစ်လူနာဆောင်မှာ မီးလောင်မှု ဖြစ်ပွားပြီး လူနာ ၁၁ ဦးထက်မနည်း အသက် ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံ အနောက်ပိုင်းက မဟာရှာထရာ ပြည်နယ်မှာ နိုဝင်ဘာ ၆ ရက်က ဆေးရုံ မီးလောင်မှု ဖြစ်ခဲ့တာပါ။ အာမက်နာဂါ မြို့က ဆေးရုံမှာ အဲဒီအချိန်က လူနာ ၁၇ ဦး ရှိနေခဲ့တယ်လို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။ လူနာ ၁၁ ဦးက မီးလောင်မှုကြောင့် သေဆုံးသွားပြီး ကျန်တဲ့ လူနာတွေကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးနိုင်ခဲ့ပါတယ်။

မီးကို ခပ်မြန်မြန် ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု စတင် ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။ တကယ်လို့ တစ်ဦးတစ်ယောက် ပေါ့လျော့မှုကြောင့် ဒီဖြစ်ရပ်ဆိုးမျိုး ပေါ်ပေါက်လာရတာဆိုရင် တာဝန်ရှိသူကို ပြင်းပြင်းထန်ထန် အရေးယူသင့်ကြောင်း ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒီဗန်ဒရာ ဖက်ဒ်နာဗစ်က ပြောပါတယ်။

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အခုဖြစ်စဉ်ကြောင့် သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း၊ ထိခိုက်ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ ဆုမွန်ကောင်း တောင်းပေးကြောင်း Twitterပေါ်မှာ ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယက ဆေးရုံတွေမှာ မီးလောင်မှု သတင်းတွေ မကြာခဏ ကြားနေရပြီး မေလတုန်းကလည်း နိုင်ငံ အနောက်ပိုင်းက ဆေးရုံတစ်ခုမှာ မီးလောင်ရာက လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီ မတိုင်ခင်မှာလည်း မွမ်ဘိုင်းက ဆေးရုံတစ်ခုရဲ့ အိုင်စီယူခန်း မီးလောင်လို့ လူနာ ၁၃ ဦး သေဆုံးခဲ့ပါသေးတယ်။

ဆေးရုံမီးလောင်မှုတွေရဲ့ အဓိက အကြောင်းရင်းက စက်ပစ္စည်းတွေ ထိန်းသိမ်းမှု အားနည်းတာ၊ မီးဘေးအန္တရာယ် တားဆီးရေး အစီအမံတွေ မပြည့်စုံတာတွေကြောင့် ဖြစ်တယ်လို့လည်း မီးသတ်ဌာန တာဝန်ရှိသူတွေက မှတ်ချက် ပေးထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။